ခေတ်ဟောင်း NO 10 Role တွေရဲ့ နောက်ဆုံးမျိုးဆက် ဖြစ်ခဲ့တဲ့ အိုဇေး

ဘောလုံးလောကကြီးက အမျိုးမျိုးပြောင်းလဲနေပြီး အခုခေတ်ဘောလုံးလောကမှာ NO 6 Role ကတော်တော်လေးကို အရေးပါလာခဲ့တယ်။အခုမျက်မှောက်ခေတ် မှာ ဥရောပ အသင်းကြီးတိုင်းက NO 6 Role ရဲ့ အရေးပါပုံကို ကောင်းကောင်းကြီး နားလည်တာကြောင့် NO 6 Role မှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား တွေကို ငွေပုံပေးပြီး ခေါ် ယူခဲ့ကြတယ်။ အခုခေတ် အကြီးအကျယ် အောင်မြင်နေပြီး ဘောလုံးလောက ကို ကြီးစိုးနေတဲ့ အသင်းတိုင်းက NO 6 Role နေရာမှာ အကောင်းဆုံး ကစားနိုင်မယ့် ကစားသမား တစ်ယောက်စီ ရှိကြတယ်။ ဥပမာ မန်စီးတီး မှာဆို ရိုဒရီ ၊ ချယ်ဆီးမှာဆို ကိုင်စီဒို လိုပေါ့ ။ အာဆင်နယ် အသင်းကလည်း ဂျော်ဂျင်ဟို နဲ့ ပါတေး ရှိနေတာတောင် ဇူဘီမန်ဒီကို မရမက ခေါ် ယူတာက အကြောင်းမဲ့ မဟုတ်ပါဘူး။ ဇူဘီမန်ဒီ က ဂျော်ဂျင်ဟိုရော ပါတေးရော နှစ်ယောက်လုံးထက် NO 6 Role မှာ ပိုမို ကောင်းမွန်တာကြောင့်ပဲဖြစ်ပါတယ်။
အဲ့တာကြောင့် အခုခေတ်ဘောလုံးလောကမှာ NO 6 Role ကတော်တော် လေးကို အရေးပါတဲ့ Role တစ်ခုဖြစ်ပါတယ်။ အခုခေတ် NO 6 Role လိုပဲ အရင်ခေတ်ဘောလုံးလောမှာ အရမ်းကို အရေးပါတဲ့ Role တစ်ခုရှိခဲ့တယ်။ အဲ့ဒိ Role ကတော့ NO 10 Role ပဲဖြစ်ပါတယ်။ NO 10 Role ကအဲ့ချိန်တုန်းကဆို ဘောလုံးကမ္ဘာကို ဦးဆောင်တဲ့နေရာမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ NO 10 Role မှာ အကောင်းဆုံးဖျော်ဖြေမှုပေးနိုင်တဲ့ ကစားသမားလို့ပြောရင် မီဆွတ် အိုဇေးကိုပဲ အရင်ဆုံးပြေးမြင်မိတာတော့ အမှန်ပဲ ။ အိုဇေးက NO 10 Role ရဲ့ အရှင်သခင်ဖြစ်ခဲ့သလို ခေတ်ဟောင်း NO 10 Role ရဲ့နောက်ဆုံးမျိုးဆက်လည်းဖြစ်ခဲ့တယ်။ အိုဇေးရဲ့ ကစားသမားဘဝ နေဝင်ချိန်ရောက်ရှိလာတဲ့ အချိန်မှာပဲ ခေတ်ဟောင်း NO 10 Role ကလည်း တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့တယ်။ အခုခေတ် NO 10 Role ကစားပုံက အရင်ခေတ်ဟောင်း NO 10 Role ကစားပုံနဲ့ မတူပါဘူး။ အခုခေတ် NO 10 Role ကစာတဲ့ ပုံစံက NO 10 Role ကစားတဲ့ ကစားသမားတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေအပြင် အခြားသောလုပ်ဆောင်ရမယ့် အခန်း ကဏ္ဍတွေ ပါဝင်လာခဲ့တယ်။အိုဇေး က သူ့ရဲ့ လှပသေသပ်တဲ့ ဘောလုံးပေးပို့မှုတွေ ၊ ခန္ဓာကိုယ် အယိမ်းအနွဲ့တွေ ၊ သူ့ ရဲ့ ကောင်းမွန်တဲ့ Vision တွေနဲ့ ဘောလုံးပရိတ်သတ်တွေကို ဘောလုံးရသနဲ့ ဖျော်ဖြေမှု အပြည့်အဝပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
အိုဇေး ရဲ့ ဘောလုံးကစားပုံက အခြားကစားသမားတွေနဲ့ လုံးဝ ကွဲထွက်နေပဲဖြစ်ပါတယ်။အိုဇေးက ပျော့ပြောင်းတဲ့ အယိမ်းအနွဲ့တွေ ၊ ပေးလို့ပေးမှန်းမသိ ကန်လို့ကန်မှန်းမသိလောက်အောင် ဘောလုံးကစားတဲ့ နေရာမှာတော်တော်လေးကို အနုပညာမြောက်တဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကို မော်ရင်ဟို ကိုင်တွယ်တဲ့ အချိန်တုန်းကဆိုရင် အိုဇေးက တကယ်ကို အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ရော်နယ်ဒို ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်မြှင့်တင်တဲ့ နေရာမှာ အိုဇေးရဲ့ ဘောလုံးပေးဖို့မှုတွေ ၊ ဂိုးဖန်တီးမှုတွေကလည်း အလွန်အရေးပါတယ်။ အိုဇေးရဲ့ ကစားသမား ဘဝ နေဝင်ချိန် တဖြည်းဖြည်းရောက်ရှိလာတာနဲ့ အမျှ NO 10 Role ရဲ့ အရေးပါမှုကလည်း တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့တယ် ။ ဒီလိုနဲ့ပဲ ဘောလုံးလောကမှာ ခေတ်ဟောင်း NO 10 Role ကစားပုံကို အိုဇေးကစားသမားဘဝမှာ နောက်ဆုံးတွေမြင်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိုဇေးက NO 10 Role ရဲ့ အရှင်သခင်ဆိုတာ ငြင်းလို့မရအောင် သူ့ရဲ့ ကစားသမားဘဝမှာ ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#10roleplayer
#europe
#mesutozil
#midfielder
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
