ချယ်လ်ဆီးသမိုင်းတစ်လျှောက် အထိုက်တန်ဆုံးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ

တယ်ရီသည် 2005၊ 2008 နှင့် 2009 ခုနှစ်များတွင် UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ 2005 ခုနှစ်တွင် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ FIFPro ကမ္ဘာ့အကောင်းဆုံး 11 ယောက်စာရင်းတွင် ငါးရာသီဆက်တိုက်ပါဝင်ခဲ့ပြီး 2005 မှ 2009 ခုနှစ်အထိ ငါးရာသီဆက်တိုက်ရရှိခဲ့ပါတယ်။ 2006 ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ All Star လူစာရင်းတွင် ပါဝင်ခဲ့ပြီး ဒီစာရင်းမှာပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော အင်္ဂလိပ်ကစားသမား အဖြစ်မှတ်တမ်းဝင်ခဲ့ကာ လက်ရှိ 2024 ခုနှစ်မှာတော့ တယ်ရီအား ပရီးမီးယားလိဂ် Hall of Fame စာရင်းတွင်သွင်းခဲ့ပါတယ်။
တယ်ရီဟာ ချဲလ်ဆီးရဲ့ အအောင်မြင်ဆုံး အသင်းခေါင်းဆောင်တစ်ယောက်ပါ။ ကလပ်အသင်းနှင့် 19 နှစ်တာကာလအတွင်းသူဟာ ပရီးမီးယားလိဂ်ဖလား 5 ကြိမ်၊ FA ဖလား 5 ကြိမ်၊ လိဂ်ဖလား 3 ကြိမ်၊ ယူအီးအက်ဖ်အေ ယူရိုပါလိဂ် 1 ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား 1 ကြိမ်တို့ကို ရရှိထားခဲ့ပါတယ်။ နောက်ပြီး ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း 500 ကျော် ကစားပေးခဲ့တဲ့ ကစားသမား ခြောက်ဦးထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး ကလပ်ရဲ့ ဂိုးသွင်းအများဆုံး နောက်ခံလူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းမှ ထွက်ခွာပြီးနောက် ချန်ပီယံရှစ် ရှိ အက်စတွန်ဗီလာအသင်းနှင့် တစ်ရာသီကုန်ဆုံးခဲ့ပြီး 2018 အောက်တိုဘာ 7 နေ့မှာ ဘောလုံးကစားသမားဘဝကနေအနားယူခဲ့ပါတယ်။ ကြားမှာ အက်စတွန်ဗီလာကနေထွက်ခွာပြီးနောက် စပါးတပ်ကိုပြောင်းဖို့ပြင်ဆင်ခဲ့ကာ မိသားစုကြောင့် ဒီအပြောင်းအရွှေ့ဟာဖြစ်မလားပဲ အနားယူခဲ့တာလည်းဖြစ်ပါတယ်။ ပြီးနောက် ဒင်းစမစ်၏ လက်ထောက်မန်နေဂျာအဖြစ် အက်စတွန်ဗီလာသို့ ပြန်လာခဲ့ပြီး အသင်းက 2019 ချန်ပီယံရှစ် ပလေး-အော့ဖိုင်နယ်မှာ အနိုင်ရပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့ပါတယ်။ဒါပေမဲ့ သူဟာ 2021 ခုနှစ် ရာထူးမှ နုတ်ထွက်ခဲ့ပြီး 2023 မှာ လက်စတာသို့ မန်နေဂျာအဖြစ်ရောက်ရှိလာတဲ့ စမစ်ဆီ မှာနောက်တစ်ကြိမ် နည်းပြအဖွဲ့ဝင်ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
တယ်ရီသည် ပြင်းထန်သော၊ ဇွဲနပဲနှင့် ကိုယ်ကာယပိုင်းကောင်းတဲ့ နောက်ခံလူတစ်ဦးဖြစ်ပြီး သူရဲ့ အလျှော့မပေးသောကစားဟန်ကြောင့် လူသိများသည်။ သူဟာ ငယ်စဉ်ကတည်းက ကွင်းလယ်ကစားသမားအဖြစ် စတင်ကစားခဲ့ပေမယ့် ဗဟိုခံစစ်ကစားသမားအဖြစ် ကစားလေ့ရှိပါတယ်။ အရပ်ရှည်သော နောက်ခံလူတစ်ဦးသည် လေထဲတွင် ထူးချွန်ပြီး၊ ဖြတ်ကျော်မှုများနှင့်အမြင့် ဘောများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကာ တစ်ဖက်မှ ပင်နယ်တီဧရိယာအတွင်း အသင်းအတွက် ဂိုးပေါက်ခြိမ်းခြောက်မှုကိုလည်းဖြစ်စေပါတယ်။ သူ့အား ပြင်းထန်သော ဖြတ်ထုတ်မှုတွေနဲ့ လူသိများသော်လည်း အထူးသဖြင့် ပွဲတစ်ပွဲကိုဖတ်နိုင်စွမ်းမှာ ထူးကဲလှပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံးတွင် သူ့ရဲ့ခေါင်းဆောင်မှုနှင့် ရဲရင့်မှုတို့အပြင် သူရဲ့နောက်တန်းခံစစ်ကို စုစည်းနိုင်မှုတွင်လည်း ထင်ရှားပါတယ်။ သူ့ရဲ့အကောင်းဆုံးချိန်တွင် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ့မျိုးဆက်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်များထဲမှ တစ်ဦးအဖြစ်လည်းသတ်မှတ်ခံထားရကာအင်္ဂလန်နှင့် ပရီးမီးယားလိဂ်တွင် အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးလည်းဖြစ်ပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။
#k9mmmedia
#Chelsea
#JohnTerry
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
