တစ်ခေတ်တစ်ခါကအကောင်းဆုံးဂန္ဘာဝင် နံပါတ် 𝟗 ဖာနန်ဒိုတောရက်စ်

ဖာနန်ဒိုတောရက်စ် ရဲ့အကြောင်းကိုဖွဲ့နွဲ့ရရင်တော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်၊ အန်ဖီးရဲ့အိမ်ရှေ့စံမင်းသား၊ ဂိုးသွင်းကောင်းခြင်းရဲ့နာမည်ပြောင် 𝐄𝐥 𝐍𝐢𝐧𝐨 ( ကောင်လေး ) လို့အရင်စပြောရပါမယ်။ သူဟာ မက်ဒရစ်မှာကြီးပြင်းတယ်၊ အန်ဖီးမှာတောက်ပတယ်၊ ချယ်လ်ဆီးမှာအောင်မြင်မှုတွေကိုရှာဖွေနိုင်ခဲ့တဲ့ ဂန္တာဝင် နံပါတ် 𝟗 တိုက်စစ်မှူးကြီး တစ်ယောက်ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက အကောင်းဆုံးစာရင်းဝင်နံပါတ် 𝟗 တိုက်စစ်မှူး တစ်ဦး ဖြစ်ခဲ့ပြီး ဒဏ်ရာတွေကိုသာသေချာဂရုစိုက်ခဲ့ရင် လက်ရှိအောင်မြင်မှုထက်ကိုပိုတဲ့ သမိုင်းကြောင်း ကောင်းကောင်းရှိခဲ့မယ်ဆိုတာသေချာပါတယ်။ လက်ရှိမှာတော့ သူကြီးပြင်းခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်မှာ 𝐁 အသင်းရဲ့နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေပြီး နည်းပြလောက ထဲကိုစတင်လျှောက်လှမ်းနေပြီ ပဲဖြစ်ပါတယ်။
တောရက်စ် ဟာ 𝟏𝟗𝟖𝟒 ဖွား၊ မက်ဒရစ်အသိုင်းအဝိုင်းမှာပဲကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကြိုက်နှစ်သက် တဲ့အသင်းက အက်သလက်တီကိုမက်ဒရစ် ပါ။ ကစားသမားဘဝအစကို ဂိုးသမားတစ်ဦးအဖြစ် စတင်ပြီး နောက်ပိုင်းတိုက်စစ်မှူးတစ်ဦးအဖြစ်ပြောင်းလဲခဲ့ကာ အသက် 𝟏𝟏 နှစ်အရွယ်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်း ဆီရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အသက် 𝟏𝟕 နှစ်အရွယ်မှာစီနီယာအသင်းအတွက်စတင် ကစားခွင့်ရရှိခဲ့ပြီး နောက်တစ်နှစ်မှာတော့ အသင်းလူစာရင်းမှာပုံမှန်ပါဝင်လာကာ အက်သလက်တီကို နဲ့အတူ လာလီဂါဆီ တန်းတက်ခဲ့ပါတယ်။ အဲ့ဒီနောက် အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်လာပြီး အသက် 𝟏𝟗 နှစ်မှာအရွယ်မှာတော့ အက်သလက်တီကိုရဲ့အသင်းခေါင်းဆောင်အဖြစ်ကိုတာဝန်ယူနေရပြီဖြစ်ပါတယ်။ ဒီလိုနဲ့ တောရက်စ် ဟာ အက်သလက်တီကိုအတွက် 𝟏𝟕𝟒 ပွဲကစား 𝟕𝟓 ဂိုးသွင်းယူပြီးတဲ့နောက် 𝟐𝟎𝟎𝟕 မှာ လီဗာပူးလ် သမိုင်းရဲ့အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြင့် အန်ဖီးဆီရောက်ရှိခဲ့ပါတယ်။
လီဗာပူးလ်မှာရှိခဲ့တဲ့အချိန်တွေက တောရက်စ်ရဲ့ကစားသမားဘဝ ရွှေရောင်နေ့ရက်တွေပါ။ လီဗာပူးလ်နဲ့ ဆုဖလားတစ်လုံးမှရယူနိုင်ခဲ့ခြင်းမရှိပေမဲ့ သူ့ကစားဘဝရဲ့အကောင်းဆုံးအချိန်တွေကိုဖြတ်သန်းခဲ့ပြီး ဘောလုံးရပ်ဝန်းမှာ တောရက်စ်ဆိုပြီးပိုပြီးအောင်မြင်ခဲ့တဲ့နေ့စွဲတွေဖြစ်ပါတယ်။ လီဗာပူးလ်သမိုင်းရဲ့ သွင်းဂိုး 𝟓𝟎 အမြန်ဆုံးပြည့်တဲ့ကစားသမား ၊ 𝟐𝟎𝟎𝟖 ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်မှာတစ်လုံးထဲသောအနိုင်ဂိုးကိုသွင်းယူပြီး ဖိုင်နယ်ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမား၊ အဲ့ဒီနှစ်ရဲ့ ရွေဘောလုံးဆုမှာ တတိယနေရာ၊ ယူရို 𝟐𝟎𝟎𝟖 ဖလား၊ 𝟐𝟎𝟏𝟎 ကမ္ဘာ့ဖလား စတဲ့မှတ်တမ်းတွေနဲ့ အခြားမှတ်တမ်းကောင်းများစွာကိုလည်း အန်ဖီးမှာရှိချိန်ဖန်တီး နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟏 အရောက်မှာတော့ သူ့ကို လီဗာပူးလ်ဆီ မလာခင်ထဲကအရမ်းလိုချင်ခဲ့တဲ့ ချယ်လ်ဆီးကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိခဲ့ပြီး သူ့ရဲ့ကလပ်ကစားသမားဘဝ ဆုဖလားအောင်မြင်တွေ ကိုစတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း 𝟐𝟎𝟏𝟎 ကမ္ဘာ့ဖလားကိုဒဏ်ရာရှိရက်နဲ့ ကစားခဲ့တဲ့ဆိုးကြိုးတွေက သူ့ရဲ့ကသစားသမားဘဝကိုဟန့်တားခဲ့ပြီး တောရက်စ်ရဲ့ချယ်လ်ဆီးနေ့ရက်တွေက အန်ဖီးလောက်မတောက် ပတော့ပါဘူး။ တောရက်စ်နဲ့ ပက်သက်ပြီးချယ်လ်ဆီးပရိတ်သတ်တွေအမြဲအမှတ်ရနေမှာကတော့ 𝟐𝟎𝟏𝟏-𝟐𝟎𝟏𝟐 ချန်ပီယံလိဂ်ဖလားရစေဖို့ ပြောင်ရွှေ့ကြေးနဲ့ထိုက်တန်စေခဲ့တဲ့ဂိုးကို ဘာစီလိုနာဖက်ကိုသွင်းပေးလိုက် တဲ့အခိုက်အတန့်ပါ။ ဒါဟာ ဘယ်တော့မှမေ့လို့မရတဲ့ တောရက်စ် နဲ့ပက်သက်တဲ့အဖိုးတန် အခိုက်အတန့် တစ်ခုဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း 𝐀𝐂 မှာကစား ပြီးတော့ ငယ်ဘဝ ကလပ်အက်သလက်ကို တစ်ကျော့ပြန်ခဲ့ကာ 𝟐𝟎𝟏𝟗 ဇွန်လမှာတော့ ဂျပန်ဂျေဝမ်းလိဂ်မှာကစားရင်း ဘောလုံးကစားသမား ဘဝကနေအနားယူသွားခဲ့ပါတယ်။
တစ်ဆက်ထဲမှာပဲ ဂုဏ်ယူစွာနဲ့ပြောရရင်
ဒီလိုဘောလုံးသမိုင်းမှာ ဖာနန်ဒိုတောရက်စ်ဆိုပြီး နာမည်တစ်လုံးတည်ဆောက်ထားနိုင်တဲ့ ဂန္တာဝင်ကြီးကို ကျွန်တော်တို့ 𝐊𝟗𝐖𝐢𝐧 က 𝐛𝐫𝐚𝐧𝐝𝐚𝐦𝐛𝐫𝐚𝐬𝐬𝐨𝐫 လက်တွဲခွင့်ရရှိခဲ့တာကိုလည်းကြေညာရင်းနဲ့ ဒီ 𝐯𝐢𝐝𝐞𝐨 လေးကိုအဆုံးသတ်လိုက်ပါတယ်။
#k9mmmedia
#FernandoTorres
#Chelsea
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
