အေစီမီလန် အသင်းပေါ်ထားရှိတဲ့ ချယ်ဆီး အသင်းရဲ့ ကလဲ့စား

Admin
1mo ago
Sport Articles
အေစီမီလန် အသင်းပေါ်ထားရှိတဲ့ ချယ်ဆီး အသင်းရဲ့ ကလဲ့စား

ချယ်ဆီး အသင်း နဲ့ အေစီမီလန် အသင်းနှစ်သင်းက အပြောင်းအရွှေ့နဲ့ ပတ်သတ်ရင် တော်တော်လေးကို ဆက်ဆံရေးကောင်းတွေရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း ချောင်ထိုးထားတဲ့ ကစားသမားတွေ ၊ ပွဲထွက်ခွင့်များများစားစား မရရှိတော့တဲ့ ကစားသမားတွေကို အေစီမီလန် အသင်းက နည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ်ဖြစ်စေ အငှားနဲ့ပဲဖြစ်စေ အမြဲလိုလို ခေါ်ယူတက်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ချယ်ဆီးအသင်းကလည်းသဘောထားကောင်းကောင်းနဲ့များလွှတ်ပေးသလားအောင့်မေ့ရတယ် ။ ချယ်ဆီး အသင်းကနေ အေစီမီလန် အသင်းကို ပြောင်းရွှေ့သွားတဲ့ ကစားသမားတွေကလည်းမနည်းဘူးလေ။ တိုမိုရီ ၊ ဂျီရုး ၊ ပူရီစစ် ၊ လော့တချိစ် ၊ ဂျာအို ဖိလစ် အဲ့ကစားသမားတွေထဲမှာ တိုမိုရီ တစ်ယောက်လောက်ကိုပဲ ချယ်ဆီး အသင်းက သင့်တင့်တဲ့ ပြောင်းရွှေ့ကြေး ရရှိခဲ့ပြီး ကျန်တဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး နည်းနည်းပါးပါးနဲ့ လက်လွှတ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီလို ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အသင်းနှစ်သင်းက ဒီနှစ်ဘောလုံးရာသီအပြီး အပြောင်းအရွှေ့ကာလမှာ ဆက်ဆံကောင်းတွေ ပျက်စီးသွားဖို့ အကြောင်းပါလာခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက သူတို့အသင်းကို တစ်ရာသီလုံး အကြိမ်ကြိမ် ဒုက္ခပေးနေတဲ့ ဂိုးသမားနေရာ အတွက် အေစီမီလန် အသင်းရဲ့ ဂိုးသမား မိုင်နန်ဂ် ကို အစားထိုးဖို့ကြံရွယ်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်သင်းက အရင်က ဆက်ဆံရေးကောင်းတွေရှိခဲ့ကြပေမယ့် အေစီမီလန် အသင်းနဲ့ ချယ်ဆီး အသင်းတို့က မိုင်နန်ဂ် ရဲ့ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအဆင်မပြေဖြစ်ခဲ့ရပါတယ်။ချယ်ဆီး အသင်းက ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် အပြောင်းအရွှေ့ကာလမှာ မိုင်နန်ဂ် ကို အရခေါ်ယူပြီး ကလပ်ကမ္ဘာ့ဖလားမှာ တစ်ခါတည်း အသုံးပြုဖို့ စီစဥ်ထားပေမယ့် အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချယ်ဆီး အသင်းရဲ့ ကမ်းလှမ်းချက်ကို သူတို့လိုချင်တဲ့ပြောင်းရွှေ့ကြေးထက် ၄ သန်းနည်းပါးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အေစီမီလန် အသင်းကငြင်းပယ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့လိုနဲ့ပဲ ဆက်ဆံရေးကောင်းတွေရှိခဲ့ကြတဲ့ သူတို့နှစ်သင်းစတင် အဆင်မပြေဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။

အခုချိန်မှာတော့ အေစီမီလန်အသင်းက ချဲလ်ဆီး အသင်းရဲ့ မိတ်ဖက်ကလပ်ဖြစ်တဲ့ စထရက်စထရက်ဘော့ အသင်းရဲ့ ညာနောက်ခံလူ ဂူလာဒိုအီ ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ် ။ ချဲလ်ဆီး အသင်း ပိုင်ရှင်တွေကတော့ သူတို့ရဲ့ကစားသမားအတွက် အေစီမီလန် အသင်းထံ ပြောင်းရွှေ့ကြေးကို အဆမတန်တိုးပြီးတောင်းသွားဖို့ စီစဉ်ထားပါတယ်။ ချယ်ဆီး အသင်းတာဝန်ရှိသူတွေက အေစီမီလန် အသင်းရဲ့ လုပ်ရပ်ကို ကောင်းကောင်းကြီးမှတ်ထားပြီး အေစီမီလန် အသင်းကို ပြန်လည်လက်စားချေဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက အေစီမီလန် အသင်းလိုချင်နေတဲ့ ဂူလာအိုစီ အတွက် စာချုပ်ဖျက်သိမ်းကြေး သန်း ၈၀ အထိ တောင်းဆိုသွားဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကတော့ အေစီမီလန် အသင်းပေါ်ထားရှိတဲ့ ချယ်ဆီး အသင်းရဲ့ ကလဲ့စား ပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#acmilan

#chelsea

#premierleague

#football

Leave a reply