ဆုဖလားအောင်မြင်မှု အတွက် သူ့ရဲ့ခေါင်းမာမှုတွေကို လျော့ချခဲ့တဲ့ အန်ဂီပိုစေလို ဂလူး

အခုနောက်ပိုင်းခေတ် ဘောလုံးလောကမှာ နည်းပြတိုင်းနီးပါးက သူတို့ သွားချင်တဲ့ system ၊ သူတို့ တည်ဆောက်ချင်တဲ့ ကစားကွက် ၊ သူတို့ ကစားစေချင်တဲ့ ပုံစံ အတိုင်း ကစားသမားတွေကို ပုံစံရိုက်ထည့်တက်တဲ့ နည်းပြတွေ က ပိုမိုများပြားလာခဲ့တယ်။ အရှေ့က အန်စလော့တီ ၊ တူချယ် ၊ မော်ရင်ညို တို့လို ပြိုင်ဘက်ရဲ့ ကစားပုံ ၊ အားနည်းချက် ၊ အားသာချက်တွေပေါ် လိုက်ပြီး ကိုယ့်အသင်းရဲ့ ကစားပုံ ၊ COUNTER ATTACK ဘယ်လိုပြန်သွားမယ်ဆိုတဲ့ ပွဲတစ်ပွဲချင်းကို ချဥ်းကပ်ပြီး နည်းစနစ် အပြောင်းအလဲ လုပ်တဲ့ နည်းပြတွေက ပက်ဂွာဒီယိုလာ နောက်ပိုင်းမှာ အတော်လေးကို ရှားပါးလာခဲ့ပါပြီ။ အခုနောက်ပိုင်း နည်းပြတွေက ဘယ်အသင်းနဲ့ ပဲရင်ဆိုင်ရ ရင်ဆိုင်ရ ၊ အသင်းသေးပဲဖြစ်ဖြစ် ၊ အသင်းကြီးပဲဖြစ်ဖြစ် သူတို့ သွားချင်တဲ့ နည်းစနစ် ၊ ကစာပုံအတိုင်း ပဲ အမြဲလိုလို ကစားတဲ့ နည်းပြတွေ တော်တော်လေးကို များလာခဲ့တယ်။ အဲ့ထဲမှာ ဟိုနေ့က ယူရိုပါလိဂ် ဖိုင်နယ် အဖြစ် ကစားသွားတဲ့ မန်ချက်စတာယူနိုက် နည်းပြ အာမိုရင်ရော တော်တင်ဟမ် စပါး ရဲ့ နည်းပြ အန်ဂီ ပိုစေလို ဂလူး ရောက ဒီလို ခေါင်းမာပြီး သူတို့သွားချင်တဲ့ နည်းစနစ် အတိုင်း ကစားသမားတွေကို သွတ်သွင်းတက်တဲ့ နည်းပြတွေပဲဖြစ်ပါတယ်။ အန်ဂီ က စပါးအသင်းကို မနှစ်က ရာသီမှ စတင်ကိုင်တွယ်ခဲ့တာပါ။
အန်ဂီ က စပါးအသင်း ရဲ့ လူစာရင်းကို ထူးထူးခြားခြားပြောင်းလဲမှု ဘားမှ မလုပ်ပဲ ကစားပုံကို တော့ သိသိသာသာကြီး ပြုလုပ်ခဲ့တယ် ။ စပါး အသင်း က ပုံမှန်ဆိုရင် Counter Attacking အလွန်ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် အန်ဂီ လက်ထပ်မှာ တိုက်စစ်မြှင့်တင်ကစားပြီး possession ကို ဦးစားပေးကစားတဲ့ အသင်းတစ်သင်းအဖြစ် ပြောင်းလဲခဲ့တယ်။ အန်ဂီ ရဲ့ ကစားကွက်က တိုက်စစ် အလွန်အကျွံ လိုက်ပါတာကြောင့် မပေးသင့်ပဲ ပေးရတဲ့ ဂိုးတွေက အတော်လေးကို များပြားခဲ့တယ်။ အန်ဂီ ရဲ့ ကစားကွက်မှာ wing back ကစားသမားတွေဖြစ်ကြတဲ့ Udogie နဲ့ Porro တို့နှစ်ရောက်က ကိုယ့်အသင်းဘောလုံးပိုင်ဆိုင်ထားနဲ့ အချိန်တွေမှာဆိုရင် AM ကစားသမားတစ်ယောက်အဖြစ်ပြောင်းလဲသွားတာတွေကိုတွေ့ရတယ်။ အန်ဂီ က ကာလရှည်ကြာဝေးကွာ နေတဲ့ အသင်းရဲ့ အောင်မြင်မှုအတွက် သူ့ရဲ့ ခေါင်းမာမှုတွေကို လျော့ချခဲ့တယ်။ အာမိုရင် ကတော့ အဲ့လိုမဟုတ်ပဲ သူတို့ပုံမှန် ကစားနေကြ ပုံစံအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး စပါး အသင်းကို ရင်ဆိုင်ခဲ့တယ် ။ ပုံမှန်ဆိုရင် စပါးအသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ Udogie နဲ့ Porro တို့က ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာဆို N0.10 နေရာအထိ လိုက်ပါကစားပြီးတဲ့ ကစားသမားတွေဖြစ်ကြပါတယ်။ ဒါပေမယ့် အန်ဂီ က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဥ်မှာ အသင်းရဲ့ ခံစစ်ကို ပိုမို မာကြောအောင် တည်ဆောက်ခဲ့တယ် ။ ပုံမှန် တွေ့နေကြ တိုက်စစ်အသည်းအသန်လိုက်ပါကစားတက်တဲ့ Udogie နဲ့ Porro တို့က တိုက်စစ်ထက် ခံစစ် ကိုပိုမို လုံခြုံအောင် အာရုံစိုက်လာခဲ့တယ်။
ပြီးတော့ အန်ဂီက ဖိုင်နယ်ပွဲစဥ်မှာ သူအမြဲလိုလို အသုံးပြုတဲ့ High Line Defense ကစားပုံကို စွန့်လွှတ်ခဲ့တယ်။ အဲ့အချက်တွေကြောင့်ပဲ စပါးအသင်းက ကာလရှည်ကြာဆုဖလားဝေးကွာနေမှုကို ရပ်တန့်နိုင်ခဲ့သလို နောက်ရာသီ အတွက် ဥရောပ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက်ပါ နေရာတစ်နေရာ အပိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အန်ဂီ ပိုစေလို ဂလူးက အသင်းရဲ့ ဆုဖလားအောင်မြင်မှုတွေ အတွက် သူအရမ်းစွဲလန်းတဲ့ သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ ခေါင်းမာမှုတွေကို လျော့ချခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#angepostecoglou
#tottenhamhotspur
#coach
#premierleague
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
