ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး စကာတင်လူငယ်ကစားသမား ၈ ယောက်

Admin
2mos ago
Sport Articles
ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး စကာတင်လူငယ်ကစားသမား  ၈ ယောက်

ပရီးမီးယားလိဂ် ဘောလုံးရာသီ တစ်ရာသီပြီးတော့မယ်ဆိုရင် တစ်ရာသီလုံးမှာ အကောင်းဆုံးပုံစံတွေနဲ့ အသင်းကို ဆွဲတင်ပေးခဲ့တဲ့ လူငယ်ကစားသမားတွေ ၊ နည်းပြတွေ ၊ အသင်းရဲ့ ဝါရင့် ကစားသမားတွေကို ချီးမြှင့်တဲ့ ဆု ၃ ခုရှိပါတယ်။ အဲ့တာတွေကတော့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ၊ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု နဲ့ တစ်နှစ်တာ အကောင်းဆုံး နည်ပြဆုတို့ပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံး စကာတင် လူငယ်ကစားသမာ ၈ ယောက်အကြောင်းပဲဖြစ်ပါတယ် ။ ၂၀၁၄-၂၅ ဘောလုံးရာသီ မပြီးဆုံးခင်မှာ ပဲ ဒီနှစ်ဘောလုံးရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ၈ ယောက်စကာတင်စာရင်းက ပေါ်ထွက်လာခဲ့ပါတယ်။

အဲ့ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေကတော့ ကိုလ်းပါမား ၊ မော်ဂန် ရော်ဂျာ ၊ အီလန်ဂါ ၊ ဒိန်းစ် ဟောက်ဆန် ၊ ဒီလပ် ၊ ဂရာ ဘင်ဗက် ၊ ဂျာအို ပက်ဒရို နဲ့ ဆာလီဗာ တို့ပဲဖြစ်ပါတယ်။ ဒီဆုကို မနှစ်က ဘောလုံးရာသီက တစ်ရာသီလုံး ချယ်ဆီး ကို သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ ထမ်းတင်ပေးခဲ့တဲ့ ကိုလ်းပါမား က ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလူငယ်အကောင်းဆုံး ကစားသမား ဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့ဖူးတဲ့ ကစားသမားတွေလဲရှိပါတယ်။ ဒီနှစ်ရာသီ ကိုလ်းပါမား က ချယ်ဆီး အသင်းနဲ့ အတူ ရာသီဝက်လောက်ထိ တော်တော်လေးကောင်းမွန်တဲ့ ခြေစွမ်းတွေပြသနိုင်ခဲ့ပေမယ့် လက်ကျန်ရာသီဝက်မှာတော့ တော်တော်လေးကို ခြေစွမ်းပိုင်းကျဆင်းသွားခဲ့တာကို မြင်တွေ့ရမှာပါ ။ ဒီလပ် က အနာဂတ် အထောင်တိုက်စစ်မှုးနေရာအတွက်အများကြီး မျှော်လင့်ချင်စရာ ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂိုးသွင်းအားကောင်းသလို တိုးအားရုန်းအားလည်း အတော်လေးကို ကောင်းမွန်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အီလန်ဂါ ကတော့ နော်တင်ဟမ်ဖောရက် ရဲ့ ဒီရာသီ အမြင့်ပျံသန်းမှုမှာ အသင်းအတွက် အဓိက အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလပ်တို့ အီလန်ဂါတို့လောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ဇာတ်ခုံပေါ်မှာ တောက်ပလာခဲ့တဲ့ကစားသမား တစ်ယောက်ရှိတယ်။ အဲ့ဒီကစားသမားကတော့ ဘရိုက်တန် အသင်းက ဂျာအိုပက်ဒရို ပဲဖြစ်ပါတယ် ။ ဒီကစားသမား ၃ ယောက်က ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ကြပါတယ်။ ကျန်တဲ့ ကစားသမားတွေဖြစ်တဲ့ ဂရာဘင်ဗက် ၊ ဆာလီဗာ ၊ ဒိန်းစ် ဟောက်ဆန် နဲ့ မော်ဂန် ရော်ဂျာ တို့ကတော့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိဖို့အတွက် အထိုက်တန်ဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီ တစ်ရာသီလုံးမှာ အသင်းရဲ့ အဓိကထောက်တိုင်တွေအဖြစ် အကောင်းဆုံးပေးဆပ် ကစားခဲ့ကြတာပဲဖြစ်ပါတယ်။ ဂရာဘင်ဗက် က လီပါပူးလို အသင်းမျိုးမှာ deep-lying midfielder အဖြစ် အတည်ငြိမ်ဆုံးကစားပြသွားခဲ့သလို ၊ ဒိန်းစ်ဟောက်ဆန် ဆိုလဲ ပထမဆုံးရာသီမှာပဲ ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မော်ဂန် ရော်ဂျာ ဆိုလည်း အက်စတွန်ဗီလာ အသင်း တိုက်စစ်အတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ် ပြီး ဆာလီဗာ ကလည်း အာဆင်နယ် အသင်းရဲ့ ခံစစ်ကျောက်ဆောင် အဖြစ် တစ်ရာသီလုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ဘယ်ကစားသမားက ဒီဆုကို ရရှိသွားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်ကစားသမားက ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားမယ်လို့ထင်လဲ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#anthonyelanga

#williamsaliba

#liamdelap

#colepalmer

#morganrogers

#deanhuijsen

#ryangravenberch

Leave a reply