အက်စတွန်ဗီလာ အသင်းရဲ့ ကွင်းလယ် ဗိုလ်ချုပ်

အခုနောက်ပိုင်းနှစ်တွေမှာ အက်စတွန်ဗီလာ အသင်းရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်လည်မြင်တွေ့ခဲ့ရပြီး ဥရောပ အသင်းကြီးတွေထဲက တစ်သင်းဖြစ်လာခဲ့ပါတယ်။ ဥရောပ ပြိုင်ပွဲတွေထဲမှာမှ အမြင့်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ် လို ပြိုင်ပွဲမျိုးမှာတောင် ကွာတားဖိုင်နယ် အဆင့်ကို ရောက်အောင်တက်လှမ်းနိုင်ခဲ့တယ်။ အခုလို အင်အားကြီး အသင်းတစ်သင်းဖြစ်လာတာကလည်း သူတို့အသင်းရဲ့ ကစားသမား အင်အားဖြည့်ဆည်းမှု ၊ ကမ္ဘာ့အဆင့်မှီ နည်းပြပြောင်းလဲမှုတွေကြောင့် အများကြီး သက်ဆိုင်ပါတယ်။ အခုလက်ရှိ အက်စတွန်ဗီလာ အသင်းရဲ့ ကွင်းလယ်တစ်နေရာမှာ အထူးခြေစွမ်းပြနေပြီး အသင်းကို အမြဲထမ်းတင်ပေးနေတဲ့ ကစားသမား တစ်ယောက်ရှိပါတယ်။ အဲ့ဒိ ကစားသမားကတော့ တီလမန်စ် ပဲဖြစ်ပါတယ်။ တီလမန်စ် က ခြေစွမ်းကောင်းတွေ ဆက်တိုက်ဆိုသလို ပြသနိုင်ပေမယ့် ချီးကျူးသင့်သလောက် ချီးကျူးမှုတွေကို မရရှိခဲ့ဘူး ။ တီလမန်စ် က အက်စတွန်ဗီလာ အသင်းရဲ့ underrated အဖြစ်ဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတာပဲဖြစ်ပါတယ်။
အက်စတွန်ဗီလာ အသင်းရဲ့ ပွဲတိုင်းနီးပါးမှာ တီလမန်စ် ပါဝင်ကစားခဲ့ရပါတယ်။ ဒီလို ပွဲတိုင်းနီးပါး ပါဝင်ကစားရပေမယ့် တီလမန်စ် ဆီမှာ ပွဲပန်းတာတွေ ၊ ဒဏ်ရာပြသာနာ ဆိုတာမျိုူးတွေကို မတွေ့ရပါဘူး ။ တီလမန်စ် က သူ့ရဲ့ ကစားသမား ဘဝ တစ်လျောက်မှာ တော်တော်လေးကို ဒဏ်ရာပြသနာ နဲ့ ကင်းဝေးတဲ့ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ လက်စတာ အသင်းမှာကတည်းက တီလမန်စ် နဲ့ မက်ဒီဆန် တို့ရဲ့ ကွင်းလယ် စွမ်းဆောင်ရည်တွေကို ကောင်းကောင်းကြီး မြင်တွေ့ပြီးသားပါ ။ မနှစ်က ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းသွားပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ မာမာထန်ထန် နဲ့ ကစားနိုင်တဲ့ အပြင် ဘောလုံးဖြန့်ဝေမှု အပိုင်းမှာလည်း တော်တော်လေးကို ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ ။ ဒီနှစ် ပရီးမီးယားလိဂ်မှာ ဘရူနိုဂီမာရေ့ရှ်နဲ့ ဂရာဖန်ဘတ်ခ်တို့လို ကစားသမားတွေကို နောက်ကောက်ချခဲ့ပြီး ၃ မီတာအတွင်း Challenge ရှိနေချိန်မှာ အောင်မြင်တဲ့ပေးပို့မှုအများဆုံး လုပ်နိုင်တဲ့ သူအဖြစ် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ တီလမန်စ် ရဲ့ ဘောလုံး အဆင့်အတန်းက အခြား ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမားတွေထက် မသာရင်ဆောင် နိမ့်ကျမှု မရှိပါဘူး။ ပရီးမီးယားလိဂ်မှာ တီလမန်စ် က တော်တော်လေးကိုကောင်းမွန်တဲ့ မှတ်တမ်းအချို့ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
တီလမန်စ် က ပြိုင်ဘက် အသင်း Pressure ပေးနေတဲ့ အချိန်မှာတောင် ဘောလုံးကို အကောင်းဆုံး ဖြန့်ဝေနိုင်တဲ့ အရည်အသွေးမျိုးပိုင်ဆိုင်ထားသလို Risk ယူပြီး ပေးပို့ရတဲ့ Through ball တွေကိုလည်း ထမင်းစားရေသောက်လို ပိုင်ပိုင်နိုင်နိုင်ပေးပို့နိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ တစ်ပွဲလုံး မမောနိုင်မပန်းနိုင် လုပ်အားနှုန်းကောင်းကောင်း နဲ့ ကစားနိုင်သလို Big chance ဖန်တီးမှု အပိုင်းမှာလည်း Level တစ်ခုကိုရောက်ရှိနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒီ အက်စတွန်ဗီလာ အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ် က အကောင်းဆုံးခြေစွမ်းတွေ ၊ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေနဲ့ အသင်းကို အကောင်းဆုံး ထမ်းတင်ပေးနေပေမယ့် ချီးကျူးသင့်သလောက်တော့ ချီးကျူးမခံခဲ့ရပါဘူး။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ တီလမန်စ် က underrated ကစားသမားတစ်ယောက်လည်း ။ အမှန်တကယ်ရော ချီးကျူးမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားလားး ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်တွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#astonvilla
#midfielder
#youritielemans
#premierleague
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
