ဘာယန်မြူးနစ် ကစားသမား ဖြစ်လာနိုင်တဲ့ ဖရော်ဒန် ဝေ့စ်

ဖရော်ဒန် ဝေ့စ် ဆိုတဲ့ကစားသမားကတော့ လေဗာကူဆင် အသင်းနဲ့ အတူ တောက်ပလာခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမား တစ်ဦးဖြစ်ပါတယ်။ ယူရိုမှာ အကောင်းဆုံးခြေစွမ်းပြပြီး ဥရောပ အသင်းကြီး တော်တော်များများရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံခဲ့ရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဥရောပ အသင်းကြီးတွေ စိတ်ဝင်စားတာကလည်း အရမ်းကြီးထူးဆန်းတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ယူရိုတုန်းကဆိုရင် ဂျာမနီ အသင်းရဲ့ တောင်ပံနှစ်ဖက် က ဖရော်ဒန် ဝေ့စ် နဲ့ မူစီရာလာ တို့ရဲ့ တစ်ဦးခြင်းကျော်ဖြတ်မှုတွေ ၊ ဖြတ်တင်ဘောတွေ ၊ အဝေးကန်ချက်တွေ နဲ့ အသင်းတိုင်းကြောက်ရလောက်အောင်ကောင်းပြခဲ့တာပဲဖြစ်ပါတယ်။ ဖရော်ဒန် ဝေ့စ် က အစပိုင်းတုန်းက ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်စီးတီး အသင်းနဲ့ ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် နှစ်သင်းထဲကတစ်သင်းထဲကိုသာ ပြောင်းရွှေ့ကစားချင်တယ်လို့ပြောထားပေမယ့် အခုချိန်မှာတော့ ဖရော်ဒန် ဝေ့စ် က ဂျာမန်ဘီလူးကြီး ဘာယန်မြူးနစ် အသင်းကိုပြောင်းရွှေ့ချင်တယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဘာယန်မြူးနစ် အသင်းကလည်း အရင်အချိန်ကတည်းက ဖရော်ဒန် ဝေ့စ် ကိုလိုချင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ဖရော်ဒန် ဝေ့စ် ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ နဲ့ တစ်ကြိမ် ကမ်လှမ်းခဲ့ဖူးတာပဲဖြစ်ပါတယ်။ အဲ့ချိန်တုန်းက ဖရော်ဒန် ဝေ့စ် က မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် ဘာယန်မြုးနစ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ လေဗာကူဆင် အသင်းရဲ့ နည်းပြဖြစ်တဲ့ ဇာဘီ အလွန်ဆိုက ရာသီကုန်ရင် အသင်းကထွက်ခွာတော့မှာဖြစ်တာကြောင့် ဖရော်ဒန် ဝေ့စ် အပါအဝင် အခြား ကြယ်ပွင့်ကစားသမား တော်တော်များများလည်း အသင်းကနေထွက်ခွာသွားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ကစားသမားကိုယ်တိုင်က ဘာယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ချင်ပါတယ်လို့ ထုပ်ပြောခဲ့တာကြောင့် တစ်ချိန်က ဖရော်ဒန် ဝေ့စ် ကိုလိုချင်ခဲ့တဲ့ ဘာယန်မြုးနစ် အသင်းကရော နောက်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်သွားမလားဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဖရော်ဒန် ဝေ့စ် ဒီရာသီ ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းမှုတွေကို တွေ့ခဲ့ရသည့်တိုင်အောင် ဖရော်ဒန် ဝေ့စ် က လေဗာကူဆင် အသင်းရဲ့ အကောင်းဆုံးနဲ့ အရေးပါဆုံးသော ကစားသမားတစ်ဦး အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဖရော်ဒန် ဝေ့စ် က ဒီရာသီ လေဗာကူဆင် အသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၄၃ ပွဲကစားထားပြီး ၁၆ ဂိုးအထိ သွင်းယူကာ ၁၂ ဂိုးအထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။
ဖရော်ဒန် ဝေ့စ် ရဲ့ စာချုပ်သက်တမ်းကလည်း ၂၀၂၇ အထိပဲ ကျန်ရှိတော့တာကြောင့် ဘာယန်မြူနစ် အသင်းကသာ ကမ်းလှမ်းမှု နောက်တစ်ကြိမ် လုပ်လာခဲ့ရင် ကစားသမားကိုယ်တိုင်က ပြောင်းရွှေ့ချင်နေတာကြောင့် လေဗာကူဆင် အသင်းဘက်က လက်လွှတ်ပေးရမှာပဲဖြစ်ပါတယ်။ ဘာယန်မြူးနစ် အသင်းကရော ကစားသမားဘက်က မီးစိမ်းပြခဲ့တာကြောင့် နောက်တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ပြောရင်း ဒီမှာပဲအဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#bayernmunchen
#florianwirtz
#leverkusen
#rightwinger
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
