ဘန်ဂျမင်ဆက်စကို ကို နံပတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အသင်းတော်တော်များများက တိုက်စစ်မှူးပြသာနာနဲ့ ကြုံတွေခဲ့ရပြီး အဲ့စာရင်းထဲမှာ အာဆင်နယ် အသင်းလည်းပါဝင်နေတာဖြစ်ပါတယ်။ အသင်းရဲ့ အားကိုးပြီးခေါ်ယူထားတဲ့ ဘရာဇီး တိုက်စစ်မှူ ဂျီဆက် နဲ့ ဂျာမနီ တိုက်စစ်ကစားသမား ဟာဗက် တို့က ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေခဲ့ရတာကြောင့် အာဆင်နယ် နည်းပြ အာတီတာ အတွက် တော်တော်လေးကို လုပ်ရကိုင်ရ ခက်ခဲခဲ့တာပဲဖြစ်ပါတယ်။ အသင်းက ကွင်းလယ်အတွက် ခေါ်ယူထားတဲ့ မိုရီနို လိုကစားသမားကိုပါ အထောင်တိုက်စစ်မှူး အဖြစ် အဆင်ပြေအောင် အသုံးပြုခဲ့ရတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အာဆင်နယ် အသင်းက နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး ကောင်းတွေကို လိုက်လံရှာဖွေနေတာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းက တိုက်စစ်မှူး နေရာအတွက် နယူးကာဆယ် အသင်းရဲ့ အီဆက် ၊ စပို့တင်း အသင်းရဲ့ ရော့ဂရက် ၊ လိုက်ဇစ် အသင်းရဲ့ ဘန်ဂျမင် ဆက်စကို စတဲ့ ကစားသမား သုံးယောက်ကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။
ဒီကစားသမား သုံးယောက်ထဲကမှ အာဆင်နယ် အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပထမ ဦးစားပေး ပစ်မှတ်အနေနဲ့ ဘန်ဂျမင် ဆက်စကို ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကစားသမား ကို အာဆင်နယ် အသင်း ရဲ့ နည်းပြ အာတီတာ အမှတ်တကယ် လိုချင်နေတဲ့ ကစားသမား ဖြစ်ပြီး ၂၀၂၄ နွေရာသီ ဈေးကွက် တုန်းကရော လိုက်ဇစ် အသင်းကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အာတီတာ က ဇွဲမလျော့ပဲ အခုအပြောင်းအရွှေ့ကာလမှာလည်း ဆက်စကို ကို ခေါ်ယူလိုကြောင်း အသင်းကို တောင်းဆိုထားတာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်း က အစပိုင်းမှာ ရော့ဂရက် ကို စိတ်ဝင်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့ အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ ဆက်စကို ကို သာ မြှားဦးလှည့်ခဲ့တာပဲဖြစ်ပါတယ်။ အာတီတာ ရဲ့ တောင်းဆိုချက်ကြောင့် အာဆင်နယ် အသင်းရဲ့ တာဝန်ရှိသူတွေက လိုက်ဇစ် အသင်းနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ ဘန်ဂျမင် ဆက်စကို ကို အာဆင်နယ် အသင်းအပြင် အခြားသော ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်ဖြစ်တဲ့ ချယ်ဆီး အသင်း အနေနဲ့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပေမယ့် ချယ်ဆီး အသင်းက အစ်ဆွစ်အသင်းတိုက်စစ်မှူး ဒီလပ်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဆက်စကို ကို လက်လျော့သွားနိုင်တာကြောင့် ဘန်ဂျမင် ဆက်စကို ရဲ့ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်း ပြိုင်ဘက်ကင်းသွားနိုင်ပါတယ်။ ဆက်စကို က ဥရောပ အတွေ့အကြုံ လဲ ရှိသလို ၊ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း လူရိုသေရှင်ရိုသေ တစ်ရာသီ ဂိုး ၃၀ လောက်သွင်းယူနိုင်မယ့် တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။
အသင်းတစ်သင်းက သူတို့ရဲ့ အရည်အသွေးမြင့် ကစားသမား တစ်ယောက်ကို အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှု စလုပ်နေတဲ့ အချိန် မှာဆိုရင်ရောင်းချတဲ့ ကစားသမား ကို ခြေစွမ်းပွဲတွေမှာ ချန်လှပ်ထားတာ ထုံးစံပါပဲ ။ အကြောင်းအရင်းကတော့ ဒဏ်ရာပြဿနာ တစ်ခုခုကြုံတွေခဲ့ပါက ပြောင်းရွှေ့ကြေး နည်းသွားနိုင်ပြီး အပြောင်းအရွှေ့ အဆင်မပြေဖြစ်မှာကြောင့်ပဲဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လိုက်ဇစ်အသင်း အနေနဲ့ကလည်း ရာသီကြို ခြေစစ် ပွဲတွေမှာ ဘန်ဂျမင် ဆက်စကို ကို ချန်လျပ်ထားခဲ့တာကြောင့် အာဆင်နယ် အသင်းရဲ့ နည်းပြကြီး အာတီတာ ရဲ့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာမလား ဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ ဘန်ဂျမင်ဆက်စကို ကို နံပတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အာဆင်နယ် အသင်း အကြောင်းပဲဖြစ်ပါတယ် ။ ဟုတ်ကဲ့ပါ အခုလို အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#benjaminsesko
#striker
#arsenal
#rbleipzig
#mikelarteta
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
