ဘရာဇီး အသင်းမှာ ကက်စမဲရိုး နေရာ ကို ပြန်လည်အသက်သွင်းမယ့် အန်ဆယ်လော့တီ

အန်ဆယ်လော့တီ ဆိုတာကတော့ ကမ္ဘာ့ဘောလုံးလောက ရဲ့ အအောင်မြင်ဆုံး နည်းပြတွေထဲကတစ်ယောက်ဖြစ်ပြီး ၊ ချန်ပီယံလိဂ် ဖလားကို အများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် လမ်းခွဲမယ်ဆိုတဲ့ သတင်းတွေက မနှစ်ကဘောလုံးရာသီထဲက ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုတွေကို တွေ့ရှိခဲ့ရပြီး ဖလားလက်မဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတာကြောင့် ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က ပြောင်းလဲပြင်ဆင်မှုတွေကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ကလည်း ဘရာဇီး လက်ရွေးစင် အသင်း ရဲ့ နည်းပြနေရာအတွက် အန်ဆယ်လော့တီကို မနှစ်ကတည်းက ချိန်ရွယ်ထားတာဖြစ်ပြီး အခုချိန်မှာတော့ အန်ဆယ်လော့တီနဲ့ သဘောတူညီမှု ရရှိသွားပြီပဲဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ရီးရဲ လ်မက်ဒရစ် အသင်း ကို နှစ်ကြိမ်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ဖလား စုစုပေါင်း ၁၅ လုံးရအောင် စွမ်းဆောင်ပေနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အအောင်မြင်ဆုံးနည်းပြတစ်ယောက်ဖြစ်ပါတယ်။ အန်ဆယ်လော့တီက ၁၉၆၅ နောက်ပိုင်း ဘရာဇီးလ်အသင်းရဲ့ပထမဆုံးနိုင်ငံခြားသားနည်းပြဖြစ်လာပါတယ်။ဘရာဇီးလ်အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားရပြီးနောက် ဆယ်စုနှစ်နှစ်ခုကျော် အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။ အန်ဆယ်လော့တီ က အောင်မြင်မှုတွေ ဝေးကွာနေတဲ့ ဘရာဇီး အသင်းကို ဆုဖလားတွေ ပြန်လည်ဆွတ်ခူးနိုင်ရန် အတွက် အသင်းကို အကောင်းဆုံးပုံဖော်ဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။ အန်ဆယ်လော့တီ က ဘရာဇီး အသင်းကို ရောက်တာနဲ့ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ သူ့ရဲ့ တပည့်ဟောင်း ကက်စမဲရိုး ကို ဘရာဇီး အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ဖို့ အတွက် ကြံရွယ်ထားတာပဲဖြစ်ပါတယ် ။ အခုလက်ရှိ မန်ချက်စတာယူနိုက်တက် နည်းပြ အာမိုရင် လက်ထပ်မှာ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့တဲ့ ကက်စမဲရိုးက အသက်အရွယ်ပိုင်း အရ ကစားအား နဲ့ သက်လုံပိုင်းသာ အနည်းငယ် ကျသွားပေမယ့် သူရဲ့ အကောင်းဆုံးပုံစံတွေကိုတော့ ဆက်လက်ပြသနေတုန်းပဲဖြစ်ပါတယ်။ ဘရာဇီး အသင်း က အတွေ့အကြုံ ပြည့်ဝတဲ့ ဝါရင့် ကစားသမားတစ်ယောက်ရဲ့ ဦးဆောင်မှုကို လိုအပ်နေတာပဲဖြစ်ပါတယ်။ အဲ့အကြောင်းကို အန်ဆယ်လော့တီက ကောင်းကောင်းကြီး သိတာကြောင့် ဘရာဇီး အသင်းရဲ့ ကွင်းလယ်မှာ သဘာရင့် ဝါရင့် သူ့ရဲ့ တပည့်ဟောင်း ကက်စမဲရိုးကိုဦးဆောင်ခိုင်းမှာပဲဖြစ်ပါတယ်။
အန်ဆယ်လော့တီမန်ယူနိုက်တက်ကွင်းလယ်ကစားသမား ကက်စမဲရိုးက ဘရာဇီးအသင်းရဲ့ အဓိကကစားသမားအဖြစ် ကစားနိုင်သေးတယ်လို့ အန်ဆယ်လော့တီက ယုံကြည်နေပါတယ် ။ ဒါကြောင့် ကက်စမဲရိုး ဦးဆောင်မယ့် ဘရာဇီး အသင်းရဲ့ ကွင်းလယ်ကို ထပ်မံတွေ့မြင်ရအုံးမှာပဲဖြစ်ပါတယ်။ အန်ဆယ်လော့တီ မန်ယူနိုက်တက်ကွင်းလယ်ကစားသမား ကက်စမဲရိုးက ဘရာဇီးအသင်းရဲ့ အဓိကကစားသမားအဖြစ် ကစားနိုင်သေးတယ်လို့ အန်ဆယ်လော့တီက ယုံကြည်နေပါတယ် ။ အန်ဆယ်လော့တီ လက်ထက် ကက်စမဲရိုး ဦးဆောင်တဲ့ အလယ်တန်းနဲ့ ဘရာဇီး အသင်း ဘယ်လောက်ကြောက်စရာ ကောင်းတဲ့ အသင်းတစ်သင်းဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#carloancelotti
#coach
#realmadrid
#championsleague
#casemiro
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
