အသင်းလက်မဲ့ ဘဝ ကနေ အကောင်းဆုံး ပြန်လည်ရုန်းထနိုင်ခဲ့တဲ့ မန်ဒီ

Admin
1mo ago
Sport Articles
အသင်းလက်မဲ့  ဘဝ ကနေ အကောင်းဆုံး ပြန်လည်ရုန်းထနိုင်ခဲ့တဲ့ မန်ဒီ

အခုလက်ရှိ ချယ်ဆီး အသင်း ဂိုးသမားတွေရဲ့ လက်စွမ်းက အားရစရာ မကောင်းပါဘူး ။ တစ်ချိန်က ချယ်ဆီး အသင်းဂိုးသမားနေရာကိုကြည့်မယ်ဆိုရင် ကောင်းလှပါတယ်ဆိုတဲ့ ဂိုးသမားတွေပဲ နေရာအပြည့်အဝ ရရှိခဲ့တာပါ ။ ပီတာချက် ၊ ကော်တိုရစ် ၊ မန်ဒီ စတဲ့ ဂိုးသမားတွေက ချယ်ဆီး အသင်းရဲ့ ဂိုးပေါက်ကို တုံးတိုက်တိုက် ကျားကိုက်ကိုက် အကောင်းဆုံးကာကွယ်ခဲ့ကြပြီး ဆုဖလားတွေသိမ်းပိုက်ရာမှာ အဓိကကျတဲ့ နေရာကနေပါဝင်ခဲ့တယ်။ မန်ဒီ ကလည်းချယ်ဆီး အသင်းမှာ အချိန်အကြာကြီး ကစားခဲ့တဲ့ ကစားသမားတစ်ဦးမဟုတ်ပေမယ့် သူရှိခဲ့တဲ့ အချိန်တိုလေးအတွင်းမှာအသင်းအတွက်ဘယ်လောက်ပေးဆပ်သွားတယ် ။မန်ဒီ က အသင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ချယ်ဆီးအသင်းအားပေးတဲ့ လူတွေသာမက ဘောလုံးပရိတ်သတ်တိုင်းကောင်းကောင်း ကြီးနားလည်ပါတယ်။ ချယ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် ဖလားကြီး သိမ်းပိုက်တဲ့ လမ်းကြောင်းတစ်လျောက်မှာလည်း မယုံနိုင်စရာလက်စွမ်းတွေကို ပြသနိုင်ခဲ့တဲ့ အပြင် UEFA အကောင်းဆုံး ဂိုးသမားဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်။


မန်ဒီ က အကောင်းဆုံးဂိုးသမားဆု ရရှိတာလည်း မပြောနဲ့လေ ချယ်ဆီး အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျောက် ၉ ပွဲအထိ တစ်ဂိုးမှ မပေးရအောင် မန်ဒီ အကောင်းဆုံးလက်စွမ်းပြခဲ့တယ်။ မန်ဒီတစ်ယောက် ချယ်ဆီး အသင်းမှာ 2ရာသီကြာ ကစားပြီးတဲ့ အချိန်မှာတော့ ဆော်ဒီလိဂ်ကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် မန်ဒီ က ဆော်ဒီကလပ် အယ်လ်အာလီနဲ့ အာရှချန်ပီယံလိဂ်ဖလားကို ထပ်ရခဲ့ပါသေးတယ်။ ဆီနီဂေါ အသင်းရဲ့ သမိုင်းတစ်လျောက် ပထမဆုံး အာဖရိကဖလားကို ဆွတ်ခူးနိုင်ခြင်းက မန်ဒီ နဲ့ အများကြီးသက်ဆိုင်တယ်။ ဒီလို အောင်မြင်မှုတွေ ၊ ဆုဖလားတွေကို သိမ်းပိုက်ဖို့ မန်ဒီက အလွန်ခက်ခဲတဲ့ ဘဝကနေ အကောင်းဆုံး ပြန်လည်ရုန်းထခဲ့ရတာပဲဖြစ်ပါတယ်။ မန်ဒီ က သူအသက် ၂၂ နှစ်လောက်တုန်း က အသင်းလက်မဲ့ဖြစ်ခဲ့ပြီး အလုပ်လက်မဲ့ တစ်ဦးအဖြစ်နဲ့ပါ မှတ်ပုံတင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလို အသင်းလက်မဲ့ဖြစ်သွားတာတောင် မန်ဒီတစ်ယောက် ဒီဘောလုံးလောက ကို မစွန်းလွှတ်ခဲ့ပါဘူး ။ မန်ဒီက စိတ်ဓာတ်မကျပဲ အကောင်းဆုံး ပုံစံတွေနဲ့ ကစားသမားဘဝ ပြန်လည်စတင်နိုင်ဖို့အတွက် ဘောလုံးကို အာရုံစိုက်ပြီး ကြိုးစားခဲ့တယ်၊။သူ့ရဲ့ အရှုံးမပေးမှုတွေ ၊ ဇွဲရှိရှိနေကြိုးစားမှုတွေကြောင့် နောက်ပိုင်းမှာ ရိမ်းစ် တို့ ၊ ရန်းနက်စ် တို့ စတဲ့ အသင်းတွေမှာ နေရာရလာခဲ့တယ်။ ဒါတွေက မန်ဒီ ကြိုးစားမှု ရဲ့ အသီးအပွင့်တွေပဲ ။ တစ်ခြားကစားသမားတွေဆို ဘောလုံးလောကကနေ ထွက်ခွာပြီး အရှုံးပေးသွားလောက်တယ်။ ဒါပေမယ့် မန်ဒီက ဒီလို လွယ်လွယ်နဲ့ အရှုံးမပေးပဲ အကောင်းဆုံးပုံစံတွေနဲ့ ပြန်လာနိုင်အောင် အစွမ်းကုန်ကြိုးစားခဲ့တယ်။ ရန်းနက်စ် အသင်းမှာပြသနေတဲ့ မန်ဒီရဲ့ လက်စွမ်းတွေကို ကြိုက်နှစ်သက်တဲ့ ချယ်ဆီး အသင်းက ၂၀၂၂ ခုနှစ်မှာတော့ မန်ဒီကို အရခေါ်ယူခဲ့တယ်။


ချယ်ဆီး အသင်းမှာလည်း မန်ဒီက ကမ္ဘာ့အဆင့်လက်စွမ်းတွေကို ပြသနိုင်ခဲ့ပြီး ချယ်ဆီး အသင်းပရိတ်သတ်တွေရဲ့ အခေါ်တော် တစ်ယောက်ဖြစ်လာခဲ့တယ်။ ချယ်ဆီး အသင်းပရိတ်သတ်တွေက မန်ဒီကို ချစ်စနိုး နဲ့ ရေဘဝဲ လေးမန်ဒီလိုခေါ်ဝေါ်ခဲ့ကြတယ်။ ရေဘဝဲလေး မန်ဒီ လို့ ခေါ်လဲ ခေါ်ချင်စရာပဲ ။ ချယ်ဆီး အသင်းမှာ မန်ဒီပြသခဲ့တဲ့ လက်စွမ်းတွေက တကယ့်ကို အံ့မခန်းပဲလေ ။ ဒီလိုနဲ့ပဲ ရေဘဝဲလေး မန်ဒီက အသင်းလက်မဲ့ ၊ အလုပ်လက်မဲ့ ဘဝကနေ အကောင်းဆုံးရုန်ထွက်နိုင်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#edouardmendy

#alahli

#goalkeeper

#saudiproleague

Leave a reply