အတွေ့အကြုံများတဲ့ ဝါရင့်ကစားသမားတွေကို လိုအပ်နေတဲ့ ချယ်ဆီး အသင်း

Admin
1mo ago
Sport Articles
အတွေ့အကြုံများတဲ့ ဝါရင့်ကစားသမားတွေကို လိုအပ်နေတဲ့ ချယ်ဆီး အသင်း

ချယ်ဆီး အသင်း က အရင်တုန်းကဆိုရင် ကောင်းပါတယ်ဆိုတဲ့ ကစားသမားတွေကို ခေါ်ယူကာ အသင်းကို အကောင်းဆုံးတည်ဆောက်ပြီး ဆုဖလားတွေကို အမြဲလိုလို ဆွတ်ခူးနိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်အသင်းပိုင်ရှင် အသစ် ဖြစ်တဲ့ တော့ဘိုလေ တို့လက်ထပ်မှာကြတော့ အသင်းရဲ့ ပေါ်လစီ တွေကပြောင်းလဲသွားခဲ့တယ်။ လူငယ် ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို ရေရှည် PLAN နဲ့ တည်ဆောက်နေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက အဲ့အချက်တွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံး အသင်းတစ်သင်း ဖြစ်ခဲ့တာပါ ။ လူငယ် ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းတာကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့် ကျဥ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန် ၊ ဖိအားအရမ်းများနေတဲ့ အချိန်တွေမှာကြတော့ လူငယ်ကစားသမားတွေနဲ့ပဲ အသင်းကအကောင်းဆုံး အသင်းတစ်သင်းဖြစ်မလာပါဘူး ။ အသင်းတစ်သင်းက လူငယ်ကစားသမားတွေ နဲ့ပဲ ဖွဲ့စည်းထားမယ်ဆိုရင် ဥရောပပြိုင်ပွဲတွေမှာ တော်တော်လေးကို ဒုက္ခရောက်သွားနိုင်ပါတယ်။


ချယ်ဆီး အသင်းရဲ့ ကစားသမားတွေက အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ အပြင် ၊ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေဖြစ်ပေမယ့် တကယ် အရေးကြီးတဲ့ ပွဲတွေကြရင် အမှားများတက်ပါတယ်။ ပွဲကြီးတွေကြရင် လူငယ်ကစားသမားတွေက သဘာရင့် ဝါရင့် ကစားသမားတွေလောက် အလုပ်မဖြစ်တော့ပါဘူး။ ချယ်ဆီး အသင်း ကနောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်ရောက်ယှဥ◌်ပြိုင်ရမှာဖြစ်တာကြောင့် ကစားသမား အင်အားကို ဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဒီလူငယ် ကစားသမားတွေနဲ့ပဲ ဥရောပ ပြိုင်ပွဲတစ်ခုကို အေးအေးဆေးဆေး ဝင်ပြိုင်လို့မရပါဘူး ။ ဒီလို လူငယ်ခြေတက် ကစားသမားတွေနဲ့ သဘာရင့် ဝါရင့် ကစားသမားတွေ ကို အကောင်းဆုံး ပေါင်းစပ်ပြီး အသင်းကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲ့တာအပြင် ချယ်ဆီး ကစားသမားထဲမှာ တော်တော်များများက ဥရောပပြိုင်ပွဲ အတွေ့အကြုံ မရှိတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ ကစားသမား တစ်ချို့ သာ ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ဖူးပေမယ့် ဥရောပ ပြိုင်ပွဲ အတွေ့အကြုံ ပြည့်ဝနေတဲ့ ကစားသမားတွေတော့ မဟုတ်ပါဘူး ။ ဒီနောက်ပိုင်း ချယ်ဆီး အသင်း ပစ်မှတ်ထားနေတဲ့ ကစားသမား တော်တော်များများက အသက်ငယ်ရွယ်ပြီး ဥရောပ အတွေ့အကြုံနည်းပါပါတယ်။ အဲ့တာကြောင့် ချယ်ဆီး အသင်းက အိုစီမန် နဲ့ ရိုဒီဂို တို့လို ဥရောပ ပြိုင်ပွဲအတွေ့အကြုံ ပြည့်ဝနေတဲ့ ကစားသမားတွေကို လိုကိုလိုအပ်ပါတယ်။ အဲ့ အချက်ကို ချယ်ဆီး အသင်း နည်းပြ အန်ဇိုမာရက်စကာ ကလည်း နားလည်သဘောပေါက်တာကြောင့် နောက်ရာသီ အတွက် အတွေ့အကြုံများတဲ့ ကစားသမားတွေခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားတာပဲဖြစ်ပါတယ်။


ဒီလို လူငယ်ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ချယ်ဆီး အသင်းအတွက်ကတော့ နောက်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲအပါအဝင် အခြားပြိုင်ပွဲတွေမှာပါ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အတွက် အတွေ့အကြုံများတဲ့ ကစားသမားတွေကို လိုကိုလိုအပ်တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#enzomaresca

#coach

#premierleague

#europe

Leave a reply