ချယ်ဆီး နဲ့ အေစီမီလန် တို့ကြားက အပြောင်းအရွှေ့ပြဿနာ

Admin
1mo ago
Sport Articles
ချယ်ဆီး နဲ့ အေစီမီလန် တို့ကြားက အပြောင်းအရွှေ့ပြဿနာ

ချယ်ဆီး အသင်းနဲ့ အီတလီ စီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန် အသင်းတို့က အပြောင်းအရွှေ့တွေမှာ နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေးကောင်းတွေ ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ အေစီမီလန် အသင်းက ချယ်ဆီး အသင်းရဲ့ ကစားသမားတော်တော်များများကို ခေါ်ယူထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီး အသင်းဆီကနေ ပြောင်းရွှေ့ကြေးအမြောက်များပေးပြီး ခေါ်ယူခဲ့တာဆိုလို့ တိုမိုရီ တစ်ယောက်လောက်ပဲဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေကို တော့ အောက်ဈေးနဲ့ နှိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဂီရူး ၊ ပူရီဆစ် ၊ လော့တချိစ် စတဲ့ ကစားသမားတွေကို မတန်မရာဈေးနဲ့ ခေါ်ယူပြီး အကျိုးအမြတ်တွေ အများကြီးရခဲ့ပါသေးတယ်။ စီးရီးအေ ဖလားကို တောင် ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အေစီမီလန် အသင်းက သူတို့ရဲ့ ကစားသမားတွေဆို မတန်တဆ ဈေးတွေ ချယ်ဆီးကို တောင်းခဲ့ပါသေးတယ် ။ ချယ်ဆီး အသင်း က ရာဖေးလီယို ကိုသဘောကျခဲ့တဲ့ အချိန်တုန်းကဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ လောက်အထိကိုတောင်းခဲ့တာပါ။အဲ့ချိန်တုန်းက ချယ်ဆီး အသင်းပိုင်ရှင်အသစ်တွေ ပထမဆုံးရောက်ရှိတဲ့ နှစ်မှာပေါ့ ။


အခုလက်ရှိမှာဆိုရင်လည်း ချယ်ဆီး အသင်းက သူတို့ ရဲ့ ဂိုးသမားနှစ်ယောက်ဖြစ်တဲ့ ဆန်းချက် နဲ့ ပက်ထရိုဗစ် နှစ်ယောက်လုံးရောင်းချသွားမှာဖြစ်တာကြောင့် ချယ်ဆီး အသင်းက ဂိုးသမား အသစ်တစ်ယောက်ရှာဖွေနေပါတယ်။ ချယ်ဆီး အသင်းက အေစီမီလန် ရဲ့ ပြင်သစ် ဂိုးသမား မိုက် မာဂန် ကို စိတ်ဝင်စားနေပြီး အေစီမီလန် အသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ် ။ အရင်ချိန်တုန်းက အပြောင်းအရွှေ့တွေမှာ နှစ်သင်းကြား ဆက်ဆံရေးကောင်းတွေရှိခဲ့ပေမယ့် အခုချိန်မှာတော့ သဘောထား တင်းမာမှုတွေရှိလာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ချယ်ဆီး အသင်း စာချုပ်သက်တမ်း အနေနဲ့ တစ်နှစ်သာ ကျန်တော့တဲ့ အသက် ၂၉ နှစ် အရွယ် အေစီမီလန် ဂိုးသမား မိုက် မာဂန် ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အေစီမီလန် အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း လိုချင်နေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း တာဝန်ရှိသူတွေက မာဂန် ရဲ့ အသက်အရွယ်ကြောင့်ရော စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့တဲ့ အပြင် ကစားသမားက ချယ်ဆီးအသင်းကို ပြောင်းရွှေ့ချင်နေတဲ့ အတွက်ကြောင့် ပေါင်း သန်း ၂၀ က ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးလို့ သတ်မှတ်ထားပြီး ထပ်တိုးပေးဖို့ ဆန္ဒမရှိတော့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက သူတို့မှာ ဂိုးသမား ၄ ယောက်အထိ ရှိနေတာဖြစ်ပြီး ပေါင်သန်း ၂၀ နဲ့ မရရင် မာဂန် ကို ခေါ်ယူမှာ မဟုတ်ကြောင်း ပြောကြားခဲ့သလို အေစီမီလန် အသင်းအနေနဲ့ ပက်ထရိုဗစ်ကို ခေါ်ယူမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းပေးရမည်ဖြစ်ကြောင်းတစ်ခါထဲ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။


ပြီးတော့ အေစီမီလန် အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကို အချိန်ဆွဲနေမှာ မလိုလားပဲ အမြန်ဆုံး အကြောင်းပြန်ပေးဖို့ အေစီမီလန် အသင်းကို အသိပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အရင်က အပြောင်းအရွှေ့တွေမှာ ဆက်ဆံရေးကောင်းတွေရှိခဲ့ကြတဲ့ ချယ်ဆီး နဲ့ အေစီမီလန် အသင်းတို့ရဲ့ ဆက်ဆံရေးက ပျက်စီးသွားမလား ။ချယ်ဆီး အသင်းကရော မာဂန်ကို လက်လျော့ပြီး နောက်ထပ် ဂိုးသမား တစ်ယောက် ထပ်ရှာဖွေသွားမလား ။ ဒါမှမဟုတ် အေစီမီလန် အသင်းအနေနဲ့ရော ချယ်ဆီး အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားမလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။

#mmmedia

#chelsea

#premierleague

#acmilan

#seriea

#transferplayer

Leave a reply