ချယ်ဆီးအသင်းရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်

Ma Nyein
1w ago
Sport Articles
ချယ်ဆီးအသင်းရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်

ဒီတစ်ခေါက် ပုံစံ အသစ် ၊ အသွင် အသစ် တစ်မျိုးနဲ့ ပြောင်းလဲကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ လက်ရှိ ဥရောပ ချန်ပီယံ ပီအက်ဂျီ အသင်း က ရီးရဲလ်မက်ဒရစ် အသင်းကို အကောင်းဆုံးပုံစံ နဲ့ အနိုင်ကစားပြီး ဖိုင်နယ် ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်းကလည် ဘရာဇီးကလပ် ဖလူမီနစ် အသင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ဖိုင်နယ် အထိ ကို ရောက်အောင်တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ လာမယ့် တနင်္လာနေ့ မနက် နယူးယောက်မြို့ MetLife အားကစားကွင်းကြီးမှာ ပီအက်ဂျီ အသင်း နဲ့ ချယ်ဆီး အသင်းတို့ရဲ့ ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကြီးကို ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ် ။ ဒီပြိုင်ပွဲပြီးလို့ ၃၄ ရက်အကြာ ဩဂုတ်လ ၁၇ ရက် မှာလည်း ချယ်ဆီး အသင်းက ပရီးမီးယားလိဂ် အဖွင့်ပွဲအနေနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ရင်ဆိုင်သွားရအုံးမှာပဲဖြစ်ပါတယ် ။ ဒီကိစ္စကြောင့်ပဲ အန်ဇိုမာရက်စကာ ရဲ့ ရာသီကြို အစီအစဥ်တွေ အားလုံးက ပျက်စီးသွားခဲ့ရပါတယ်။

ကစားသမား အားလုံးကို အားလပ်ရက်ပေးဖို့ နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး မစတင်မှီ ရာသီအကြို လေ့ကျင့်ရေးတွေပြုလုပ်ဖို့အတွက် ချယ်ဆီး အသင်းမှာ အချိန် တစ်လကျော်ကျော်လေးသာ ကျန်ရှိတော့တာကြောင့်ပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ချယ်ဆီး အသင်းတာဝန်ရှိသူတွေအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ တစ်လျောက် ရာသီဥတု အပူရှိန်ကြောင့် သူတို့ရဲ့ ကစားသမားတွေ ပွဲပန်းဒဏ် ကို တော်တော်လေးခံစားရမှာဖြစ်ပြီး ဝေးလံတဲ့အမေရိက ကနေပြန်လာရမယ့်ကစားသမားတွေရဲ့ကြံ့ခိုင်မှုအတွက် ချယ်လ်ဆီးရဲ့အဖွင့်ပွဲကိုနောက်ဆုတ်ပေးဖို့အတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။ အမှန်တကယ်လဲ ချယ်ဆီး အသင်း ကစားသမားတွေဆီမှာ အားလပ်ရက် လုံလုံလောက်လောက် မရှိတော့ပါဘူး ။ ဒီတစ်လလောက်သာ ကျန်တော့တဲ့ အချိန်လေးအတွင်းမှာ ရာသီကြို လေ့ကျင့်ရေး အစီအစဥ်တွေရော ၊ ကစားသမားတွေကို အားလပ်ရက်ပေးဖို့ရော ဆိုတာ လွယ်တော့မလွယ်ကူဘူး ။


အဲ့တာအပြင် ချယ်ဆီးကစားသမားတော်တော်များများက ပွဲပန်းတဲ့ ဒဏ်ကို တော်တော်လေး ခံစားရဖွယ်ရှိနေပါတယ်။ အဲ့ကိစ္စတွေကြောင့်ပဲ ချယ်ဆီး အသင်းရဲ့ တာဝန်ရှိသူတွေက ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ထံကို ချယ်လ်ဆီးရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲကိုနောက်ဆုတ်ပေးဖို့အတွက်တောင်ဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ချယ်ဆီး အသင်းရဲ့ တောင်းဆိုမှုတွေကို ပယ်ချခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း တာဝန်ရှိသူတွေအနေနဲ့ ဒီပြဿနာ ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကတော့စိတ်ဝင်တစား‌စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#clubworldcup

#premierleague

#chelsea

#semifinals

#psg

#realmadrid

#crystalpalace

Leave a reply