ကွင်းလယ်အားပြိုင်မှုကို ကောင်းကောင်းကြီးခံစားရမယ့် ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်

ဒီတစ်ခေါက် ပုံစံ အသစ် ၊ အသွင် အသစ် တစ်မျိုးနဲ့ ပြောင်းလဲကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်မှာ လက်ရှိ ဥရောပ ချန်ပီယံ ပီအက်ဂျီ အသင်း က ရီးရဲလ်မက်ဒရစ် အသင်းကို အကောင်းဆုံးပုံစံ နဲ့ အနိုင်ကစားပြီး ဖိုင်နယ် ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်းကလည် ဘရာဇီးကလပ် ဖလူမီနစ် အသင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ဖိုင်နယ် အထိ ကို ရောက်အောင်တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ လာမယ့် တနင်္လာနေ့ မနက် နယူးယောက်မြို့ MetLife အားကစားကွင်းကြီးမှာ ပီအက်ဂျီ အသင်း နဲ့ ချယ်ဆီး အသင်းတို့ရဲ့ ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကြီးကို ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ တကယ့်ကို သတိထား စောင့်ကြည့်ရမှာက ပီအက်ဂျီ အသင်း ရဲ့ ကွင်းလယ် နဲ့ ချယ်ဆီး အသင်းကွင်းလယ် တို့ရဲ့ အားပြိုင်မှုပဲဖြစ်ပါတယ် ။ ဒီနှစ်သင်းလုံးရဲ့ ကွင်းလယ်ကစားသမားတွေအားလုံးကကမ္ဘာ့အဆင့်ကစားသမားတွေပဲဖြစ်ပါတယ်။
ပီအက်ဂျီ အသင်းရဲ့ ကွင်းလယ် ၃ ယောက်ဖြစ်တဲ့ ဂျာအို နီဗက် ၊ ဖာဘီယန် ရု ၊ ဗီတင်ညာ တို့က နားလည်မှုရှိရှိ နဲ့ တစ်ယောက်ကို တစ်ယောက် အပြည့်အဝ ကူညီပြီး အသင်းရဲ့ တိုက်စစ် နဲ့ ခံစစ်ကို မျှတအောင် အကောင်းဆုံးတွဲဖက် ကစားပေးနေသလို ချယ်ဆီး အသင်း ကွင်းလယ်ကစားသမားသုံးယောက်ဖြစ်တဲ့ အန်ဇို ဖာနန်ဒက် ၊ ကိုင်စီဒို ၊ ကိုလ်းပါမား တို့ရဲ့ ကွင်းလယ်အတွဲကလည်း ချယ်ဆီး အသင်းရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ ကွင်းလယ်ကစားသမားတွေက အသက် ငယ်တာကြောင့် လုပ်အားနှုန်းကောင်းကောင်း နဲ့ တစ်ဖက်အသင်းရဲ့ ကွင်းလယ်ကို စိုးမိုး နိုင်ဖို့အတွက် နှစ်သင်းလုံးက အသည်းအသန် ကစားသွားကြမှာပဲဖြစ်ပါတယ် ။ ပြောရမယ်ဆိုရင် ဘယ် အသင်းက ကွင်းလယ် ဟန်ချက်ကို အကောင်းဆုံး ထိန်းသိမ်းပေးမနိုင်မလဲ ၊ ဘယ် အသင်းက တစ်ဖက် အသင်းရဲ့ ကွင်းလယ်ကို စိုးမိုးနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ နှစ်သင်းလုံးရဲ့ ကွင်းလယ်ကစားသမားတွေအားလုံးက လုပ်အားနှုန်းကောင်းကောင်း သက်လုံကောင်းကောင်း နဲ့ ကစားတက်တဲ့ကစားသမားတွေဖြစ်တာကြောင့် ပိုမို မြိုင်ဆိုင်တဲ့ ပွဲစဥ်တစ်ပွဲဖြစ်လာမှာကတော့ အသေအချာပါပဲ ။
တစ်ခုကြည့်ရမှာက ချယ်ဆီး အသင်း နည်းပြ အန်ဇိုမာရက် စကာ ဘယ်လို ပုံစံ ၊ ဘယ်လို ကစားကွက် နဲ့ ပွဲထွက်လာမလဲဆိုတာပဲ ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ်ကလို အန်ဇို ၊ ကိုင်စီဒို ၊ ပါးမား ကွင်းလယ်အတွဲကိုပဲ ဆက်သုံးသွားမလား ။ ဒါမှမဟုတ် အန်ဇို ၊ ကိုင်စီဒို ၊ လာဗီးယား ကွင်းလယ်အတွဲကို ပွဲထုပ်လာပြီး ပါးမား ကို တောင်ပံနေရာတွေထွက်ကစားခိုင်းမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ အန်ဇို ၊ ကိုင်စီဒို ၊ လာဗီးယား ကွင်းလယ်သုံးယောက် အတွဲနဲ့ ပွဲထွက်လာခဲ့ရင်တော့ ကိုင်စီဒို နဲ့ လာဗီးယားက ခံစစ် အဖျက် အားသန်ကစားသမားတွေဖြစ်တာကြောင့် ချယ်ဆီး အသင်းခံစစ် ကို ပိုမို အထောက်အကူပြုနိုင်ပါတယ်။ ဘယ်လိုပဲထွက်လာထွက်လာပါ တကယ့်ကို ကြည့်လိုကောင်းမယ့် ကွင်းလယ်အားပြိုင်မှု တစ်ခုကို ကျွန်တော်တို့လို ဘောလုံးပရိတ်သတ်တွေအနေနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဖိုင်နယ်ပွဲစဥ်ကြီးမှာ ကြည့်ရှုခံစားရအုံးမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#clubworldcup
#premierleague
#midfielder
#colepalmer
#chelsea
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
