ပွဲတစ်ပွဲကို အကောင်းဆုံး ပြောင်းလဲနိုင်တဲ့ ကိုးလ်ပါးမား

Admin
1mo ago
Sport Articles
ပွဲတစ်ပွဲကို အကောင်းဆုံး ပြောင်းလဲနိုင်တဲ့ ကိုးလ်ပါးမား

ချယ်ဆီး အသင်းပရိတ်သတ်တွေမှာ အဓိက ကြိုက်နှစ်သက်တဲ့ ကစားသမားတွေ ရှိကြပါတယ်။ ဥပမာ ချယ်ဆီး အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒရော့ဘာ ၊ ချယ်ဆီး အသင်းရဲ့ ကွင်းလယ် ဗိုလ်ချုပ်တွေဖြစ်ကြတဲ့ လမ်းပတ် ၊ ကန်တီ ၊ အသင်းရဲ့ အဓိကခံစစ် ကျောက်ဆောင် ဂျွန်တော်ရီ တို့လို့ ကစားသမားတွေပေါ့ ။ ပြီးတော့ အီဒင် ကလည်း ချယ်ဆီး အသင်းပရိတ်သတ်တွေ ဘယ်တော့မှ မေ့မရနိုင်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေ နဲ့ သူ့ရဲ့ ကစားသမား ဘဝ ကို ချယ်ဆီး အသင်းမှာ ပုံအပ်ခဲ့တယ်။ ချယ်ဆီး ရှုံးနေလား ၊ အမှတ်လိုနေလား အီဒင်ကို ကွင်းထဲထည့်လိုက် ဘောလုံးပွဲ တစ်ပွဲလုံးရဲ့ ရလဒ်ကို အကောင်းဆုံးပြောင်းလဲနိုင်တယ်။ အီဒင် အသင်းကထွက်ခွာ ပြီးကတည်းက ချယ်ဆီး အသင်းမှာ ဟာဇက် လို ပွဲတစ်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေက ရှားသွားတယ်။


ဟာဇက် လို အာကိုးရပြီး အပြည့်အဝ ယုံကြည်လို့ရတဲ့ ကစားသမား ချယ်ဆီး အသင်းမှာ တစ်ယောက်မှမရှိခဲ့ဘူး။ ဒီကိစ္စကို အသင်းပိုင်ရှင်တွေကလည်း လက်ပိုက် ကြည့်မနေနဲ့ပါဘူး။ ပြောင်းရွှေ့ကြေး အမြောက်အများ သုံးပြီး အီဒင် လို ကစားသမားတွေကို ဆက်တိုက်ဆိုသလို ရှာဖွေခဲ့တယ်။ နောက်ဆုံးမှာတော့ ချယ်ဆီး အသင်းက မမျှော်လင့်ထားတဲ့ အခြေအနေကနေ မန်စီးတီး အသင်း ရဲ့ အရံခုံတွေမှာသာ အချိန်ကုန်ဆုံးနေရတဲ့ ကိုးလ်ပါးမား ကို ရရှိခဲ့တယ်။ ကိုးလ်ပါးမား လို ပွဲကစားချိန်နည်းပါပြီး မန်စီးတီး အသင်းမှာတောင် အရန်ခုံထိုင်ရတဲ့ လူငယ်ကစားသမားတစ်ယောက်ကို အသင်းရဲ့ အဓိက အရေးပါတဲ့ နေရာအတွက် ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး ခေါ်ယူခဲ့တာကြောင့် ပရိတ်သတ် တော်တော်များများက ဝေဖန်ခဲ့ကြတယ်။ ကိုးလ်ပါးမား က အဲ့လို ဝေဖန်သံတွေကို အချိန်ခနလေးအတွင်းမှာပဲ ရပ်တန့်နိုင်ခဲ့တယ်။ ဝေဖန်သံတွေကို ရပ်တန့်ပြီး ချယ်ဆီး အသင်းရဲ့ အသက်သွေးကြော ၊ ချယ်ဆီး အသင်းရဲ့ မရှိမဖြစ် ကစားသမား ၊ ချယ်ဆီး အသင်းရဲ့ အကောင်းဆုံး ကစားသမား စတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ခဲ့တယ်။ ချယ်ဆီး အသင်း အကျပိုင်းရောက်နေတဲ့ အချိန် ပါးမားက တစ်ယောက်ထဲ ရုန်းအားနဲ့ အသင်းကို အကောင်းဆုံးထမ်းတင်ခဲ့တယ်။ ပါးမားက သူတစ်ယောက်ထဲ ရုန်းအားနဲ့ ပြိုင်ပွဲရဲ့ ရလဒ်ကို ပြောင်းပြန်ပြောင်းလဲသွားအောင် လုပ်နိုင်တယ်။ ဒီနှစ် ဘောလုံးရာသီအစပိုင်းမှာလည်း ပါးမား က သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားပေမယ့် ဒီဇင်ဘာနောက်ပိုင်းမှာ ပါးမားက ခြေစွမ်းက တစ်ဖြည်းဖြည်းနဲ့ ကျဆင်းခဲ့တယ်။


နည်းပြ ရဲ့ ကစားပုံမှားတာတွေကြောင့်လည်း သက်ဆိုင်ပေမယ့် ပါးမား ရဲ့ ယုံကြည်ချက်ကလည်း လျော့နည်းလာခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းတွေကျဆင်းလာခဲ့တယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက်အပြင်းအထန် တိုက်ပွဲဝင်ရတော့မယ် ဆိုတဲ့ အချိန်မှာ ပါးမား ရဲ့ တိုးအား ရုန်းအား ကြိုးစားမှုတွေကို ပြန်လည်မြင်တွေ့ခဲ့ရတယ်။ ချယ်ဆီး အသင်းပိုင်ရှင်တွေ အတွက် ပထမဆုံးဆုဖလား ဖြစ်စေမယ့် ကွန်းဖရင့်လိဂ် ဖလားကလည်း ပါးမား ယူပေးခဲ့တဲ့ ဖလားလို့ပြောရင် မမှားပါဘူး။ကွန်းဖရင့်လိဂ် ဖိုင်နယ်မှာ အသင်းကစားပုံပျက်ပြီး ရှုံးနိမ့်နေချိန် သူရဲ့ လှပတဲ့ ခန္ဓာကိုယ် အယွမ်းမနွဲ့ ၊ သေသပ်တဲ့ တစ်ဦးချင်းကျော်ဖြတ်ပုံ ၊ Quality ဘောလုံးဖြတ်တင်ဘောတွေနဲ့ တစ်ပွဲလုံး ဘက်တစ် အသင်းကို ဒုက္ခပေးခဲ့ပြီး ပြိုင်ပွဲရဲ့ အခြေအနေကို ပြောင်းပြန်ဖြစ်အောင်ပြောင်းလဲနိုင်ခဲ့တယ် ။ အဲ့ အကျိုးဆက်ကြောင့်ပဲ ချယ်ဆီး အသင်းက ကွန်းဖရင့်လိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တယ်။ ဒီလို ပွဲတစ်ပွဲလုံးရဲ့ ရလဒ်ကို ပြောင်းလဲနိုင်တဲ့ ကစားသမားဆိုတာရှားပါတယ်။ ပါးမားက ကောက်ရိုးမီး လို့ ပြောပြီး ဝေဖန်နေတဲ့ လူတွေကို သူက ကောက်ရိုးမီး မဟုတ်ကြောင်း ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#colepalmer

#chelsea

#midfielder

#conferenceleague

Leave a reply