ဒိန်းဟောက်ဆန် အရေးပါပုံကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရတဲ့ ပွဲ

ဒိန်းဟောက်ဆန် ဆိုတာကတော့ ဒီ အပြောင်းအရွှေ့ကာလကမှ ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘုန်းမောက်အသင်းအနေနဲ့ ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား တစ်ဦးပဲဖြစ်ပါတယ်။ အခုနွေရာသီမှ အသင်းကို ပြောင်းရွှေ့လာခဲ့ပေမယ့် ဟောက်ဆန် က ရီးရဲလ်မက်ဒရစ် အသင်းမှာ နှစ်ရှည်လများ ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ပုံစံအတိုင်း လျင်လျင်မြန်မြန် နဲ့ အသားချခဲ့တယ် ။ အချိန်တိုလေးအတွင်း အသင်းနဲ့ အသားကျပြီး ခြေစွမ်းပြနိုင်တာက ရီးရဲလ်အသင်းအတွက်ကတော့ တကယ့်ကို ကောင်းမွန်တဲ့ အချက်တစ်ချက်လို့ပဲပြောရမယ် ။ ရီးရဲလ်နည်းပြအသစ် ဇာဗီ အလွန်ဆိုရဲ့ နောက်တန်း ၃ ယောက်တန်း ခံစစ် ကစားပုံမှာလည်း မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်လာခဲ့တယ် ။ ဟောက်ဆန် က ဘယ်ခြေညာခြေ နှစ်ဖက်လုံးကို ပိုင်ပိုင်နိုင်နိုင်ရရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘောလုံးဖြန့်ဝေတဲ့ အပိုင်းမှာလည်း ကွင်းလယ် ကစားသမားတစ်ယောက်လားထင်ရလောက်အောင် အမြင်လည်းရှိတယ်။
ကောင်းလဲကောင်းမွန်တယ်။ ခံစစ်မှာ တည်တည်ငြိမ်ငြိမ် နဲ့ ကစားနိုင်တာကြောင့် သူဘေးက ကစားသမားတွေကိုပါ သက်တောင့်သက်သာ ကစားစေနိုင်တယ် ။ အဲ့တာတွေကြောင့်ပဲ ကလပ်ကမ္ဘာ့ဖလားတစ်လျောက် ဇာဗီအလွန်ဆိုရဲ့ နိုင်ပွဲတွေကို တောက်လျောက်တွေ့မြင်ခဲ့ရတယ် ။ ဒါပေမယ့် ဒိန်းဟောက်ဆန် ရဲ့ အရေးပါပုံ ၊ ရီးရဲလ် အသင်းရဲ့ နောက်တန်းလိုအပ်ချက်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရတယ် ။ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်မှာ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဒေါ့မွန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲ အစပိုင်း နဲ့ အလယ်ပိုင်းလောက်မှာ အကောင်းဆုံးထိန်ချုပ်ကစားနိုင်ပေမယ့် ပွဲပြီးဆုံးဖို့ နီးကပ်လာတဲ့ အချိန် ဂိုးတွေလဲ ပြန်ပေးခဲ့ရသလို ရီးရဲလ်မက်ဒရစ် အသင်း နောက်တန်းရဲ့ မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဒိန်းဟောက်ဆန် အနေနဲ့ကလည်း အနီကဒ် ပြခံခဲ့ရတယ်။ ဒီအနီကဒ်ကြောင့်ပဲ ဆီမီးဖိုင်နယ် ပွဲစဥ်အဖြစ် ကစားမယ့် ရီးရဲလ်မက်ဒရစ် အသင်း နဲ့ ပီအက်ဂျီ အသင်းတို့ရဲ့ ပွဲစဥ် ကို ဒိန်းဟောက်ဆန် အနေနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ပွဲစဥ်မှာ ဒိန်းဟောက်ဆန် မပါတဲ့ နောက်တန်းခံစစ်ကို ကြည့်ရှုခဲ့ရပြီး ၊ ဟောက်ဆန် ရဲ့ အရေးပါပုံကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရတယ်။
ရူဒီဂါ နဲ့ အဆန်စီရို တို့ရဲ့ ခံစစ်အတွဲက တည်ငြိမ်မှု မရှိသလို အမှားလဲများပါတယ် ။ Build Up Play ကစားချိန်မှာလည်း ဟောက်ဆန် လောက် အသင်းအတွက် အကျိုးမပြုနိုင်သလို တစ်ဖက်အသင်းက High Press ကစားတဲ့ အချိန်မှာလဲ ခံစစ်မှူးနှစ်ဦးဖြစ်တဲ့ ရူဒီဂါ နဲ့ အဆန်စီရို တို့က တည်ငြိမ်မှု မရှိခဲ့တာကြောင့် သူတို့နှစ်ယောက် အမှားကနေပဲ ၂ ဂိုးအထိ ပွဲချိန်အစောပိုင်းမှာပဲ ခွင့်ပြုခဲ့ရတယ် ။ တစ်ဖက်က ပီအက်ဂျီ အသင်း က အရမ်းကောင်းမွန်နေတာလည်း ပါပါတယ် ။ ဒါပေမယ့် တစ်ဖက်အသင်းကဘယ်လောက်ကောင်းကောင်း ရီးရဲလ်အသင်းရဲ့ ခံစစ်ကိုက လိုအပ်ချက်ရှိနေတာပါ ။ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဥ်က ပီအက်ဂျီ အသင်း ရဲ့ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့သလို ၊ ဒိန်းဟောက်ဆန် အရေးပါပုံကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရတဲ့ ပွဲ တစ်ပွဲလည်းဖြစ်ခဲ့တယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#deanhuijsen
#realmadrid
#bournemouth
#laliga
#centreback
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
