ကာဗယ်လူဝင်ကို ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လာမယ့် ဘောလုံးရာသီအတွက်အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နိုင်ဖို့အတွက် အခက်အခဲရှိနေခဲ့တယ် ။ ဘယ်အရာက ခက်ခဲတာလဲဆိုရင် အသင်းနဲ့ အနာဂတ် မရှိတော့ ကစားသမားတွေကို ရောင်းချဖို့အတွက်ခက်ခဲနေတာပဲဖြစ်ပါတယ်။ မနှစ်ကဘောလုံးရာသီ က မန်ချက်စတာယူနိုက်တက် အသင်းအတွက် တော်တော်လေးကို ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့တယ် ။ ဆုဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသလို ပရီမီးယားလိဂ် အဆင့်ဇယားရပ်တည်မှုမှာလဲ အောက်ပိုင်းကို ရောက်ခဲ့တယ် ။ ဒီအချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် နဲ့ အဆိုးဆုံး အခြေအနေတွေကနေ ပြန်လည်ရုန်းထလာနိုင်ဖို့အတွက် အသင်းမှာရှိပြီးသား အသုံးမလိုတော့တဲ့ ကစားသမားတွေကိုထုပ်ရောင်းပြီး အရည်အသွေးမြင့်ကစားသမားတွေကို ခေါ်ယူဖို့လိုအပ်တယ် ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းရောင်းချမယ့် ကစားသမားတွေရဲ့ လစာက မြင့်မားတာကြောင့် ဒီကစားတွေကို ရောင်းချဖို့ အတော်လေးကိုခက်ခဲနေတယ်။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ တိုက်စစ်ပိုင်း နဲ့ ဂိုးသမားနေရာတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတာ အားလုံးသိပြီးသားပါ ။ ဒါပေမယ့် ကစားသမား အသစ်ကို ခေါ်ယူဖို့ခက်ခဲနေတဲ့ အချိန် တိုက်စစ်ပိုင်းပြဿနာ ကို ဖြေရှင်းနိုင်ဖို့အတွက် စာချုပ်သက်တမ်းကုန်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် တိုက်စစ်ကစားသမားတွေကို စတင်ရှာဖွေလာခဲ့တယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ သူတို့ရဲ့ လက်ရှိ တိုက်စစ်ပိုင်းပြဿနာ ကို တက်နိုင်သလောက်ဖြေရှင်းနိုင်ဖို့အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံ ပြည့်ဝနေတဲ့ အဲဗာတန် အသင်းရဲ့ ကစားသမား ကာဗယ်လူဝင် ကိုခေါ်ယူဖို့ အတွက် စတင်စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။ ကာဗယ် လူဝင် ကို ခေါ်ယူဖို့အတွက်မကြိုးစာခင် အစောပိုင်းအချိန်တွေတုန်းက မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လိုင်လီ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် ဂျော်နသန် ဒေးဗစ် ကို စိတ်ဝင်စားခဲ့ပေမယ့် ဂျူဗင်ဒက် အသင်း က အရခေါ်ယူနိုင်ခဲ့တာကြောင့် ကာဗယ်လူဝင် ဘက်ကို ပြောင်းလဲစောင့်ကြည့်ခဲ့တာပဲဖြစ်ပါတယ်။
ကာဗယ်လူဝင် က အဲဗာတန် အသင်းကို၂၀၁၆ ခုနှစ်ထဲက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံ ၉ နှစ်လောက် ရှိတဲ့ ကာဗယ်လူဝင် က မနှစ်ကဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အဲဗာတန် အသင်းနဲ့ သဘောတူချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကကုန်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ကာဗယ်လူဝင် က ကစားသမားဘဝ ကြမ်းပြ ၊ရမ်းပြ ၊ ရုန်းပြ လို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက် ၂၈ အရွယ် ကစားသမား တစ်ယောက် ဖြစ်တဲ့အပြင် လူဝင် ရဲ့ လုပ်ခလစာကလည်း အလွန်နည်းပါးပါတယ်။ လူဝင် က အဲဗာတန် အသင်းနဲ့ အတူ ၂၇၃ ပွဲကစားထားပြီး ၇၁ ဂိုးသွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ကာဗယ်လူဝင် တို့ရဲ့ အပြောင်းအရွှေ့က အမှန်တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူအများကြီးတင်ရှိပါတယ်။
#mmmedia
#dominiccalvertlewin
#striker
#manchesterunited
#transferplayer
#everton
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
