ကံတရားရဲ့ မျက်နှာသာပေးမှုကိုအပြည့်အဝ ရရှိထားတဲ့ မာရက်စကာ

Ma Nyein
2w ago
Sport Articles
 ကံတရားရဲ့ မျက်နှာသာပေးမှုကိုအပြည့်အဝ ရရှိထားတဲ့ မာရက်စကာ

ကိစ္စ တစ်ခုခုကို အောင်မြင်ဖို့ ၊ ဘဝ ခရီးလမ်း တစ်လျောက်မှာ အောင်မြင်ဖို့ဆိုတာ ကံ ၊ ဥာဏ် ၊ ဝီရိယ သုံးမျိုးလုံးနဲ့ ပြည့်နေဖို့လိုအပ်တယ် ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ် ။ ဘယ်လောက်ပဲ အခြားအပိုင်းတွေ ပြည့်စုံအောင် ကြိုးစားထားပါစေ ကံတရား က ကိုယ့်ဘက်မပါရင် ဘားမှလုပ်လို့မရပါဘူး ။ တစ်ခါတစ်လေ ကံတရားက ကိုယ့်ဘက်ကို ပါနေရင်လည်း အရာအားလုံးက လွယ်ကူသွားတက်ပါတယ် ။ ချယ်ဆီး အသင်းရဲ့ နည်းပြ အန်ဇို မာရက်စကာ ကလည်း ကံတရားရဲ့ မျက်နှာသာပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက သူတို့သတ်မှတ်ထားတဲ့ ဆုဖလားအောင်မြင်မှုတွေ ၊ ဥရောပ ဝင်ခွင့်တွေကို မရရှိပါက ဘယ်လောက်ကောင်းတဲ့ နည်းပြဖြစ်ဖြစ် အချိန်တိုလေးအတွင်းမှာ အသင်းကနေ ထုတ်ပယ်လေ့ရှိတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ လက်ရှိ ချယ်ဆီး အသင်းနည်းပြ မာရက်စကာ က အရှေ့ က ချယ်ဆီး နည်းပြတွေဖြစ်တဲ့ တူချယ် ၊ ပိုချက်တီနို တို့ထက် ပိုပြီးခေါင်မာတဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ မှားယွင်းတဲ့ နေရာချပုံတွေ ၊ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအနေကနေ ရာသီကုန်ခါနီးမှာ ဥရောပဝင်ခွင့် တစ်နေရာအတွက်ပါ နောက်ဆုံးပွဲစဥ် အထိ အတော်လေးကို ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဥရောပဝင်ခွင့်တစ်နေရာကို ရရှိခဲ့ပါတယ်။ ဒီလို ဝင်ခွင့်တစ်နေရာ အပိုင်စားရရှိခဲ့တာကကံတရားကြောင့်အများကြီးသတ်ဆိုင်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ မရှုံးသင့်တဲ့ ပွဲတွေရှုံး ၊ အမှတ်အပြည့်ရသင့်တဲ့ ပွဲတွေမှာ အမှတ်တွေလျော့နည်း ဖြစ်ချင်သလိုဖြစ်ခဲ့တာပါ ။ ဒါပေမယ့် ကံတရား က မာရက်စကာရဲ့ ဘက်မှာ ရှိခဲ့ပါတယ်။ ဥရောပဝင်ခွင့်အတွက် အပြိုင်တိုက်ပွဲဝင်နေရတဲ့ အသင်းတွေအားလုံးရဲ့ ခြေချော်မှုကြောင့်သာ ချယ်ဆီး အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပုံစံ အသစ်တစ်မျိုးနဲ့ ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဥ်မှာလည်း ချယ်ဆီး အသင်းအနေနဲ့ ကစားရအချောင်ဆုံး နဲ့ အလွယ်ကူဆုံး အုပ်စုကို ကျရောက်ခဲ့ပါတယ်။ ချယ်ဆီး အသင်းအတွက် ခက်ခဲမယ့် အသင်းတစ်သင်းမှ မပါတာကြောင့် ချယ်ဆီး အသင်းအနေနဲ့ အုပ်စုဗိုလ်နဲ့ တက်နိုင်ဖို့ တော်တော်လေးကို လွယ်ကူပါတယ် ။ ဒါပေမယ့် ဘရားဇီး အသင်းတစ်သင်းဖြစ်တဲ့ ဖရာမင်ဂို အသင်းကို ချယ်ဆီး အသင်းအနေနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ဒုတိယ နဲ့ သာ ကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ် ။ဖရာမင်ဂို ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ကြောင့် ချယ်ဆီး ပရိတ်သတ်တော်တော်များများက နည်းပြ အန်ဇိုမာရက်စကာကို ဝေဖန်ခဲ့ကြပေမယ့် အဲ့ဒီရှုံးပွဲကြောင့်ပဲ ချယ်ဆီး အသင်းအနေနဲ့ ဘာယန်မြူးနစ် ၊ ပီအက်ဂျီ ၊ ဒေါ့မွန် ၊ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင် စတဲ့ အသင်းကြီးတွေကြီး ရှိနေတဲ့ ဘက်ကို မကျရောက်တော့ပဲ ဥရောပ အသင်းကြီးဆိုလို မန်စီးတီး ၊ အင်တာမီလန် အသင်းနှစ်သင်းထဲသာ ပါဝင်တဲ့ ဘက်ခြမ်းကို ကျရောက်ခဲ့တယ်။ ချယ်ဆီး ပရိတ်သတ်တွေ အနေနဲ့ အန်ဇိုမာရက်စကာကို ဝေဖန် ရမလား ၊ ကျေးဇူးပဲတင်ရမလားဖြစ်ခဲ့တယ်။ အဲ့တာအပြင် ဥရောပ အသင်းကြီးနှစ်သင်း ပါဝင်တဲ့ ဘက်ခြမ်းကို မကျပဲ ဘန်ဖီကာ နဲ့ ဘရားဇီး ကလပ် အသင်းနှစ်သင်းပါဝင်တဲ့ ဘက်ခြမ်းကိုသာ ကျရောက်ခဲ့တယ်။ မန်စီးတီး ၊ အင်တာ စတဲ့ အသင်းနှစ်သင်းထဲက တစ်သင်းသင်းနဲ့လည်းဆီးမီးဖိုင်နယ်ရောက်မှတွေ့မှာဖြစ်တာကြောင့် ကံတရာရဲ့ ဖေးမမှုကြောင့် ချယ်ဆီးအသင်းအနေနဲ့ ဆီမီးဖိုင်နယ် အထိ ခက်ခဲတဲ့ ပွဲစဥ်တစ်ပွဲမှမပါပါဘူး ။

အဲ့ထက်ကံကောင်းတာ တစ်ခုထပ်ပြောပြရမယ်ဆိုရင် တစ်ရက်ထဲမှာပဲ ကစားတဲ့ ချယ်ဆီး အသင်းကို အခက်တွေ့စေမယ့် မန်စီးတီး အသင်းနဲ့ အင်တာမီလန် အသင်နှစ်သင်းက ပြိုင်ပွဲမှာ အသီးသီး ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါပြီ ။ အဲ့တာကြောင့် ချယ်ဆီး အသင်းရဲ့ ဖိုင်နယ် လမ်းကြောင်းကဖြောင့်ဖြူးသွားပါပြီ ။ ဒါပေမယ့် ချယ်ဆီး အသင်းပေါက်ကရမလုပ်ဖို့လိုအပ်တာပေါ့ ။ ဒီကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲက အမေရိကန်မှာ ကျင်းပတာဖြစ်ပြီး ချယ်ဆီး အသင်းရဲ့ အသင်းပိုင်ရှင်တွေကလည်း အမေရိကန်သူဌေးဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ တစ်ခုခုလုပ်ပြချင်နေတာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာသာ မာရက်စကာအနေနဲ့ တစ်ခုခုလုပ်ပြနိုင်ခဲ့ပါက သူ့ရဲ့ အနာဂတ်က ချယ်ဆီးအသင်းမှာ သေချာသွားနိုင်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဘယ်လောက်အမှားတွေပဲလုပ်လုပ် ၊ ဘယ်လောက်ပဲ ခေါင်းမာမာ ကံတရားရဲ့ မျက်နှာသာပေးမှုကိုအပြည့်အဝ ရရှိထားတဲ့ မာရက်စကာ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#enzomaresca

#chelsea

#coach

#premierleague

#football

Leave a reply