ကမ္ဘာ့ဖလား ကစားခွင့်ပိတ်ပင်ခံခဲ့ရတဲ့နိုင်ငံ ၅ခု

ကမ္ဘာဖလား ( 𝐅𝐈𝐅𝐀 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 ) က လူစိတ်ဝင်စားမှုအများဆုံးပြိုင်ပွဲတစ်ခု ဖြစ်ပြီး ကမ္ဘာ ပေါ် မှာ အကြီးကျယ်ဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ က လေးနှစ် မှ တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်ပြီး ကမ္ဘာတဝှမ်း လူကြည့်အများဆုံး ပြိုင်ပွဲ တစ်ခု လည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို နိုင်ငံတကာ ဘောလုံအဖွဲချုပ် (ဖီဖာ) အဖွဲဝင်နိုင်ငံများဝင်ရောက် ယှဥ်ပြိုင်ကြရပြီး ၁၉၃၀ ခုနှစ်လောက် ကစပြီး ယှဥ်ပြိုင်ကစားခဲ့ကြပြီး ၁၉၄၁ ခုနှစ် နဲ့ ၁၉၄၆ ခုနှစ် တိုတွင် ဒုတိယ ကမ္ဘာစစ်ကြောင့် ရပ်နားခဲ့ရပါတယ်။ ကမ္ဘာ့ဖလား မှာအချိုနိုင်ငံအသင်းတွေကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ထားပါတယ်။ အချိုအသင်းတွေက အရည်အချင်းမပြည့်မှီလိုပါဝင်မကစားရပဲ အချိုအသင်းတွေကတော့ အကြောင်းပြချက် တစ်ခုခု နဲ့ ကစားခွင့် ပိတ်ပင်ခံခဲ့ရတယ်။ကမ္ဘာ့ဖလား ကစားခွင့် ပိတ်ပင်ခံထားရတဲ့ အသင်းတွေထဲက အသင်း ၅ သင်းကတော့
၁ . တောင်အာဖရိက
၂၀၁၀ အိမ်ရှင် အဖြစ် ကစားခဲ့ရတဲ့ တောင်အာဖရိက နိုင်ငံကတော့ အသားအရောင်ခွဲ ခြားမှုကြောင့် ကမ္ဘာ့ဖလား ဝင်ရောက်ကစားခွင့်ကို နှစ် ၃၀ လောက် ပိတ်ပင်ခံခဲ့ရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံ ဟာ လူဖြူ ၊ လူမည်း ခွဲခြားတဲ့ စည်းမျဥ်းတွေကြောင့် ၁၉၆၁ ခုနှစ် မှာ ဖီဖာ က ကမ္ဘာဖလား ကစားခွင့်ကို ပိတ်ပင်ထားခဲ့တာပဲဖြစ်ပါတယ်၊
၂ . မက္ကစီကို
မက္ကစီ ကို အသင်းက ကမ္ဘာ့ဖလားအိမ်ရှင် အဖြစ် နှစ်ကြိမ်ကျင်းပခဲ့ဖူးပါတယ်။ ၂၀၂၆ ကမ္ဘာဖလားမှာလည်း ပူတွဲအိမ်ရှင် အဖြစ်ကျင်းပ ရမယ့်နိုင်ငံဖြစ်ပါတယ်။ မက္ကစီကို အသင်းက ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဖီဖာ က ကစားခွင့်ပိတ်ခြင်းကိုခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်မှာ ကျင်းပတဲ့ 𝐔 𝟐𝟎 ကမ္ဘာဖလား ခြေစစ်ပွဲမှာ အသက်ကြီး ကစားသမား ၄ ယောက် ကိုထည့်သွင်းကစားခဲ့တာကြောင့် ၁၉၉၀ ကမ္ဘ့ာဖလားမှာ ကစားခွင့်ပိတ်ပင်ခဲ့တာ ပဲဖြစ်ပါတယ်။
၃ . ချီလီ
ချီလီ နိုင်ငံ က ၁၉၆၂ခုနှစ် မှ ကမ္ဘာ့ဖလားကို အိမ်ရှင် အဖြစ် ကျင်းပခဲ့ ရတဲ့ နိုင်ငံ လည်းဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ကမ္ဘ့ာဖလား မှာ တတိယ နေရာ အထိ ရရှိ ခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ချီလီ အသင်း ဂိုးသမား က ကိုယ့်ကိုကို ဒဏ်ရာ ရအောင်လုပ်ပြီး ပြိုင်ဘက် ပရိတ်သတ်များကို အပြစ်လွှချကာ ပြိုင်ပွဲ ကို ဆက်မကစားပဲ ရပ်နားခဲ့တာကြောင့် ချီလီ အသင်းဂိုးသမား ကို ရာသက်ပန် ပွဲပယ်ခဲ့ပြီး ချီလီ အသင်းကိုလည်း ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ကစားခွင့်ပိတ်ပင်ခဲ့ပါတယ်။
၄ . ရုရှား
ရုရှား အသင်းကိုတော့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဝင်ရောက် ကစားခွင့်ပိတ်ပင်ခဲ့တာ ပဲ ဖြစ်ပါတယ်၊။ ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ကျင်းပခဲ့ရတာလည်းဖြစ်ပါတယ်။ ရုရှား က အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ ယူကရိုန်းနိူင်ငံ ကို မတရားကျူးကျော် ဝင်ရောက်ခဲ့တာကြောင့် ကမ္ဘာ့ အသိုင်းအဝိုင်း တစ်ခုလုံးက ဝိုင်းဝန်း ပြစ်ပယ်ခဲ့ကြတာဖြစ်ပါတယ်။ ထိုကိစ္စတွေကြောင့်ပဲ ရုရှားအသင်းက ၂၀၂၂ ကမ္ဘာ့ဖလားဝင်ရောက်ယှဥ်ပြိုင် ကစားခွင့် ကို ပိတ်ပင်ခံရတာပဲဖြစ်ပါတယ်။
၅ . မြန်မာ
နောက်တစ်တသင်းကတော့ ကျွန်တော်တို မြန်မာ အသင်းပဲဖြစ်ပါတယ်။ မြန်မာ အသင်းက ကမ္ဘာ့ဖလား တစ်ကြိမ် မှ ဝင်ရောက်မယှဥ် ပြိုင်ဖူးပေမယ့် ခြေစစ်ပွဲ ကနေ အထုပ်ပယ်ခံရတာ နှစ်ကြိမ်ရှိခဲ့ပါပြီ ။ ၂၀၀၂ ကမ္ဘာဖလားခြေစစ် ပွဲ မှာ အီရန် အသင်းနဲ့ ခြေစစ်ပွဲ ကစားဖိုရောက်မလာတဲ့ အတွက် ဒဏ်ငွေပေါင် ၂သောင်း နဲ့ ခြေစစ်ပွဲ မှ ထုပ်ပယ်ခံခဲ့ရပါတယ် ။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မှာ အိုမန် အသင်းနဲ့ ယှဥ်ပြိုင် ကစားခဲ့တဲ့ ပွဲစဥ်မှာ မြန်မာ ပရိတ်သတ်တွေ ရဲ့ သောင်းကျန်းမှုကြောင့် ပွဲကို ရပ်နားခဲ့ရပြီး နောက်တစ်ကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကနေ နောက်တစ်ကြိမ် အထုပ်ခံခဲ့ရပါတယ် ။
အခုပြောပြပေးသွားတာကတော့ ကမ္ဘာ့ဖလား ကစားခွင့်ပိတ်ပင်ခံ ခဲ့ရတဲ့ နိုင်ငံ ၅ နိုင်ငံအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများပြီးတင်ရှိပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#banned
#southafrica
#mexico
#chile
#russia
#Myanmar
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
