Free Argent နဲ့ ရရှိမယ့် အကောင်းဆုံးကစားသမားများ

ဒီနှစ်ဘောလုံး ရာသီကလဲ ကုန်ခါနီးပြီ ဖြစ်တာကြောင့် မကြာခင် မှာ အပြောင်းအရွှေ့ဈေးကွက် အချိန်ကို ရောက်ရှိတော့မှာပဲဖြစ်ပါတယ် ။ နှစ်တိုင်းလိုလို ဒီလိုအချိန်ဆိုရင် စာချုပ်သက်တမ်း တိုးတဲ့ ကစားသမားတွေက စာချုပ်သက်တမ်းတိုးသလို ၊ အချို့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတွေကြတော့လည်း သူတို့ရဲ့ အသင်းအသစ်တွေနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ညှိနှိုင်းနေကြပြီပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ဒီနှစ်ဘောလုံးရာသီကုန်ဆုံးတဲ့ အချိန် Free Argent နဲ့ ရရှိမယ့် အကောင်းဆုံး ကစားသမားတွေ အကြောင်းပဲဖြစ်ပါတယ်။
၁. ဆာနေး
ဘာယန်မြူးနစ် အသင်းရဲ့ အဓိက အားထားရတဲ့ တောင်ပံကစားသမား ဆာနေးက ရာသီကုန်မှာ Free Argent နဲ့ ရရှိမယ့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဆာနေးက အသက်အရွယ် အရ ၂၉ နှစ်ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ တစ်ဦးချင်းကျော်ဖြတ်ပုံကောင်းမွန်တာတွေ ၊ လျင်မြန်တဲ့ ထိုးဖောက်ပုံ ၊ တိကျသေချာတဲ့ crossing တွေကြောင့် ပြိုင်ဘက်ခံစစ် ကစားသမားတွေကို အေးဆေးကျော်ဖြတ်လို့ရသေးတာပဲဖြစ်ပါတယ်။ ဆာနေးက ဘယ်တောင်ပံရော ညာတောင်ပံမှာပါ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဘာယန်မြူးနစ် အသင်းက သူတို့ရဲ့ အသက်အရွယ်တစ်ခုကို ရောက်ရှိနေတဲ့ သူတို့တောင်ပံကစားသမားတွေကို အသင်းကနေထွက်ခွာခွင့်ပေးပြီး အသက်အရွယ်ငယ်ငယ် နဲ့ အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေနဲ့ အစားထိုးသွားမှာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား ကစားသမား တစ်ဦးဖြစ်တာကြောင့် ပရီးမီးယားလိဂ် အသင်းတစ်သင်းသင်းကို ရောက်ရှိသွားနိုင်ပါတယ်။
၂. ဂျော်နတန် တက်စ်
ဂျော်နတန် တက်စ် က ဘာယန်လီဗာကူဆင် အသင်းရဲ့ ခံစစ်ကို အဓိက ဦးဆောင်နေတဲ့ ကစားသမား တစ်ယောက်ဖြစ်ရုံသာမက လီဗာကူဆင် အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။ တက်စ် ကလည်းက ရာသီကုန်ရင် Free Argent နဲ့ ခေါ်ယူလို့ရမယ့် ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အတွေ့အကြုံပြည့်ဝပြီး အသင်းကို ကောင်းကောင်းဦးဆောင်နိုင်တဲ့အပြင် Ball playing ပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ခံစစ်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ Aerial မွန်းစတား တစ်ယောက်လို့ သတ်မှတ်ခြင်းခံထားရတဲ့ တက်စ် လို ကစားသမား မျိုးလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ်ဆိုတာ အင်မတန်ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။
၃. ဂျော်နတန် ဒေးဗစ်
ဂျော်နတန် ဒေးဗစ် က လီဂူးဝမ်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ လိုင်လီ အသင်းရဲ့ အဓိက အားထားရတဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်ပြီး လီဂူးဝမ်း ရဲ့ အတောက်ပဆုံးသော တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ ဒေးဗစ် က အသက် ၂၅ နှစ်သာရှိသေးပြီး ကစားသမား ဘဝ အကောင်းဆုံး အသက်အရွယ်တစ်ခုကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ သူ့ရဲ့ လျင်မြန်တဲ့ပြေးနှုန်းတွေ ၊ တစ်ဦးချင်းကျော်ဖြတ်ပုံကောင်းမွန်မှုတွေ ၊ ဂိုးသွင်းသေချာတာတွေက သူ့ရဲ့ ကစားသမား ဘဝကို နောက်တဆင့်မြှင့်ပေးနေတာပဲဖြစ်ပါတယ်။ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ အပြင် တစ်ပွဲလုံးကို မခိုမကပ်ပဲအသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒေးဗစ် က လီဂူးဝမ်းမှာ ၅ ရာသီကြာ ကျင်လည်ခဲ့ပြီးပြီ ဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရတော့မယ့် ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
၄ .မီချယ်
ပဲလေ့စ် အသင်းရဲ့ ဘယ်နောက်ခံကစားသမား မီချယ်ကလည်း ဒီစာရင်းမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ မီချယ် က အသင်းကြီးတော်တော်များများ ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး ပဲလေ့စ် ရဲ့ ခေါ်ဈေးများတာကြောင့်သာ အသင်းကြီးတွေက လက်လျော့ခဲ့ကြတာပဲဖြစ်ပါတယ်။ ခံစစ် အားသန် ဘယ်နောက်ခံကစားသမား တစ်ဦးဖြစ်ပြီး အသက် ၂၅ နှစ်သာရှိသေးတဲ့ မီချယ်ကလည်း ဘယ်နောက်ခံကစားသမားလို အပ်နေတဲ့ အသင်းတွေအတွက်တော့ ခေါ်ယူဖို့ အကောင်းဆုံး ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ နောက်နှစ်ဘောလုံးရာသီမှာ Free Argent နဲ့ ရရှိမယ့် အကောင်းဆုံး ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ူ
#mmmedia
#freeargent
#leroysane
#jonathantah
#jonathandavid
#mitchell
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
