ပိုလန်လက်ရွေးစင်အသင်း နည်းပြ ရာထူးအတွက် လျောက်ထားခဲ့ပေမယ့် ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ဆောက်ဂိတ်

ဆောက်ဂိတ် ဆိုတာကတော့ အားလုံးသိပြီးတဲ့ အတိုင်း အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဟောင်းတစ်ဦးပဲဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဆိုတာကလည်း ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ အတော်လေးကို ကြာပါပြီ ။ ဆောက်ဂိတ် လက်ထပ်မှာ အင်္ဂလန် အသင်း အနေနဲ့ ဆုဖလားရဖို့ အနီးစပ်ဆုံး အခြေအနေတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတွေတော့ ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းက ကမ္ဘာ့ဘောလုံးလောကရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ကစားသမားတွေနဲ့သာ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်ဖို့ အတွက်ရေပန်းအစားဆုံး အသင်းတစ်သင်း အဖြစ် အမြဲလိုလို ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ အင်္ဂလန် လက်ရွေးစင်အသင်းအနေနဲ့ ဘာဆုဖလားအောင်မြင်မှုမှ မရရှိခဲ့ပါဘူး ။ ယူရို ပြိုင်ပွဲမှာ အင်္ဂလန် အသင်းအနေနဲ့ နှစ်ကြိမ်ဆက် ဗိုလ်လု ပွဲအဆင့်ထိ ရောက်အောင်တက်လှမ်းနိုင်ခဲ့ပေမယ့် နှစ်ကြိမ်လုံးကို ဒုတိယ လူအဖြစ်သာ ကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။
ဒီလို ဆုဖလားအောင်မြင်မှု မရရှိတာတွေက အင်္ဂလန် အသင်းရဲ့ နည်းပြ ဆောက်ဂိတ် နဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဆောက်ဂိတ် က အင်္ဂလန် အသင်းကို ကိုင်တွယ်ခဲ့စဥ် အချိန်တုန်းကဆိုရင် ပွဲထွက်လူစာရင်းထုပ်ပုံတွေကြောင့် အမြဲလိုလို ဝေဖန်ခံခဲ့ရပါတယ်။ ဆောက်ဂိတ် က စပိန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ဗိုလ်လုပွဲအပြီးမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာ ဂျာမန် သားတစ်ဦးဖြစ်တဲ့ နည်းပြကြီး သောမက်တူချယ်က အင်္ဂလန် အသင်းရဲ့ နည်းပြ အဖြစ် ဆက်လက်တာဝန်ယူနေခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဟောင်းကြီးဆောက်ဂိတ် က အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်ပြီးကတည်းက အခုချိန်ထိ အသင်းသစ်မရရှိသေးတာပဲဖြစ်ပါတယ်။ ဆောက်ဂိတ် က မကြာသေးခင် အချိန်တုန်းကဆိုရင် ပိုလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူးအတွက် သွားရောက်လျောက်ထားခဲ့တာပဲဖြစ်ပါတယ် ။ ပိုလန် လက်ရွေးစင် အသင်း က သိပ်မကြာခင် အချိန်တုန်းကမှ သူတို့ရဲ့ နည်းပြကြီး မီချယ် ပရိုဘီယက် နဲ့ လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။
ပိုလန် အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ လီဝန်ဒေါစကီး နဲ့ နည်းပြကြီး မီချယ် ပရိုဘီယက် တို့က အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ နည်းပြကြီး မီချယ် ပရိုဘီယက် က ပိုလန် အသင်းရဲ့ နည်းပြရာထူးကနေထုပ်ပယ်သွားခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ ဆောက်ဂိတ် က လွတ်လပ်သွားတဲ့ ပိုလန် အသင်းရဲ့ နည်းပြရာထူးအတွက် ပိုလန်ဘောလုံးအဖွဲ့ချုပ်ဆီ သွားရောက်လျောက်ထားခဲ့ပေမယ့် နိုင်ငံခြားသား နည်းပြမခန့်အပ်ချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခံလိုက်ရတာပဲဖြစ်ပါတယ် ။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ပိုလန်လက်ရွေးစင်အသင်း နည်းပြ ရာထူးအတွက် လျောက်ထားခဲ့ပေမယ့် ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ဆောက်ဂိတ် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#garethsouthgate
#coach
#poland
#england
#football
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
