ဟန်စီဖလစ် ကိုပဲ ကျေးဇူးတင်ရမလား ဂါစီယာကိုပဲ ချီးကျူးရမလား

ဒီရာသီမှာ ဘာစီလိုနာ အသင်းက သူတို့ ဘယ်လောက်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာ ပြိုင်ပွဲ အရပ်ရပ်တိုင်းမှာ အကြိမ်ကြိမ် သက်သေပြပြီးပြီပဲဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းက နည်းပြကြီး ဟန်စီဖလစ် လက်ထက်မှာ အခြေအနေ အဘက်ဘက်ကနေ တိုးတက်ကောင်းမွန်လာတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ဟန်စီဖလစ် လက်ထက်မှာ အရင်ကခြေစွမ်းတွေထက် အများကြီး ပိုမိုကောင်းမွန် တိုးတက်လာတဲ့ ကစားသမားပေါင်းများစွာရှိပါတယ်။ အဲ့ဒီထဲမှာမှ အတိုးတက်ဆုံး ကစားသမားလို့ပြောရင် ယာမယ် နဲ့ ရာဖင်ညာလို့ပဲထင်ပါတယ်။ နည်းပြကြီး ဟန်ဟီဖလစ် လက်ထက်မှာ ရာဖင်ညာ နဲ့ ယာမယ်က ကြောက်စရာ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အပြင် ပြိုင်ဘက် အသင်းအတွက်လည်း တော်တော်လေးကို သတိထားစောင့်ကြည့်ရတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ အဲ့တာအပြင် နည်းပြ ဟန်စီဖလစ် ရဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း မဖြစ်မနေ ထည့်သွင်းပြီး ချီးကျူးရမှာပဲဖြစ်ပါတယ်။
အဲ့တာကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက အသင်းဘက်ကနေ ရောင်းမယ့် ကစားသမားတွေကို ပြောကြားခဲ့ပါတယ်။အဲ့ဒီ စာရင်းထဲမှာ ဖာတီ နဲ့ ဂါစီယာတို့လည်းပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းရဲ့ နည်ပြကြီး ဟန်စီဖလစ် က ဘာစီလိုနာ အသင်းဘက် က ဂါစီယာကို ရောင်းချမယ့် ကိစ္စကို ငြင်းဆိုခဲ့ပြီး အသင်းမှာဆက်လက် ထားရှိဖို့ အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြကြီး ဟန်စီဖလစ် ရဲ့ ဆုံးဖြတ်ချက်က တကယ့်ကို မှန်ကန်ခဲ့တာပဲဖြစ်ပါတယ်။ ဂါစီယာ က နောက်ပိုင်းမှသာ အသင်းအတွက် တကယ့်ကို အကျိုးပြုတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဂါစီယာ ရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း တော်တော်လေးကို သိသိသာသာ တိုးတက်လာတာကိုလည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဟန်စီဖလစ် လက်ထက် ဘာစီလိုနာ အသင်းမှာ ယာမယ် နဲ့ ရာဖင်ညာ က အတိုးတက်ဆုံး ကစားသမားတွေလို့ ပြောရင် ဂါစီယာကလည်း UNDERRATED အဖြစ်ဆုံး ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ကွင်းလယ် နေရာတွေမှာသာ မဟုတ်ပဲ အသင်းဘက်က လိုအပ်ရင် လိုအပ်သလို ခံစစ်နေရာတွေမှာပါ ဂါစီယာ က အကောင်းဆုံး အသုံးတော်ခံနိုင်တဲ့ကစားသမားကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာဆိုရင် အသင်းရဲ့ အဓိက ညာခြမ်းခံစစ် ကစားသမားတစ်ဦးဖြစ်တဲ့ ကွန်းတေး ဒဏ်ရာရရှိသွားတာကြောင့် ညာနောက်ခံနေရာမှာပါ ဝင်ကစားပြီး အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်.။
အရံကစားသမားဖြစ်တဲ့အပြင် မငြီးမငြူဘဲ CB ၊ DM ၊ CM ၊ RB အဖြစ် လိုအပ်ရင် လိုအပ်သလို ကစားခဲ့ရပြီး နောက်ဆုံး RB အနေနဲ့ ကစားတဲ့ ၄ ပွဲမှာ ၂ ဂိုးသွင်း ၂ ဂိုးဖန်တီးနိုင်တာကတော့ တစ်ကယ်ချီးကျူးရမှာပါ ။ နောက်ဆုံးကြားသိရသမျှတော့ အသင်းဘက်က ဂါစီယာကို 2030 အထိ စာချုပ်ချုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ် ။ ဒီကိစ္စ မှာ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့ ဂါစီယာကို လည်း ချီးကျူးရမှာဖြစ်သလို ဂါစီယာလို ကစားသမားကို ယုံကြည်မှု အပြည့်အဝ ပေးခဲ့တဲ့ ဟန်စီဖလစ်ကို လည်း ကျေးဇူးတင်ရမှာပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#hansiflick
#coach
#barcelona
#ericgarcia
#rightwingback
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
