ဟူဂို အီကီတီခီ က သန်း ၁၀၀ တန် ကစားသမားလား

Admin
1mo ago
Sport Articles
ဟူဂို အီကီတီခီ က သန်း ၁၀၀ တန် ကစားသမားလား

ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် အသင်းကြီးတိုင်းနီးပါက အထောင်တိုက်စစ်မှူးနေရာအတွက် အရည်အသွေးမြင့် ဒေါင်ဒေါင်မြည်တိုက်စစ်မှူးတွေကို အပြင်းအထန် ရှာဖွေဖို့ ၊ ကစားသမားနဲ့ နှစ်ဦးသဘောတူညီမှု ရရှိဖို့ ၊ ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးဆိုင်ရာ ကိစ္စ အဝဝ အဆင်ပြေဖို့တွေကို အလျင်အမြန်ပြုလုပ်ခဲ့ကြတယ်။ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ မန်စီးတီး အသင်းတစ်သင်းလောက်ပဲ အထောင်တိုက်စစ်မှူးနေရာအတွက် ကစားသမားအသစ်မရှာဖွေတာပဲဖြစ်ပါတယ်။ မန်ယူ ၊ အာဆင်နယ် ၊ ချယ်ဆီး ၊ လီပါပူး စတဲ့ အသင်းတွေကလည်း သူတို့ရဲ့ ပစ်မှတ်ကစားသမားတွေကို စာချုပ်ချုပ်နိုင်ဖို့ အသီးသီး ကြိုးစာနေကြတာပဲဖြစ်ပါတယ်။ အဲ့ထဲမှာမှ လီပါပူး အသင်းနဲ့ ချယ်ဆီး အသင်းက ဖရန်းဖက် အသင်းရဲ့ ကစားသမား တစ်ဦးကို နှစ်သင်းလုံးအပြိုင်စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

အဲ့ဒီကစားသမားကတော့ အသက် ၂၂ နှစ် အရွယ် ပြင်သစ် လူငယ်ကြယ်ပွင့်ကစားသမားလေး ဟူဂို အီကီတီခီ ပဲဖြစ်ပါတယ်။ လီပါပူး အသင်း နဲ့ ချယ်ဆီး နှစ်သင်းလုံးက အပြိုင်စိတ်ဝင်စားလာခြင်းနဲ့ အတူ ဟူဂို အီကီတီခီ ရဲ့ ပြောင်းရွှေ့ကြေးကလည်း ကြာလာတာနဲ့ အမျှ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

ဖရန့်ဖက် အသင်းက သူတို့ရဲ့ လူငယ်ကစားသမားလေးကို မရမက လိုချင်နေတဲ့ ပရီးမီးယားလိဂ် အသင်းကြီး နှစ်သင်းရဲ့ ပြိုင်ဆိုင်နေမှုကြောင့် ဟူဂို အီကီတီခီ ရဲ့ ပြောင်းရွှေ့ကြေးကို သန်း ၁၀၀ ထိ သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ ဟူဂို အီကီတီခီ က အသက်အရွယ်ငယ်ရွယ်ပြီးအရည်အသွေးကောင်းတွေပိုင်ဆိုင်ထားတဲ့အပြင် အနာဂတ် အတွက် မျှော်လင့်ချင်စရာကောင်းတဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဟူဂို အီကီတီခီ က သန်း ၁၀၀ ကစားသမား ဟုတ်မဟုတ် တစ်ချက်ထည့်စဥ်းစားရမှာပဲဖြစ်ပါတယ်။ တကယ်တော့ ဟူဂို အီကီတီခီ ရဲ့ ပြောင်းရွှေ့ကြေးက သန်း ၆၀ ၊ ၇၀ လောက်ပဲ ရှိသင့်တာပါ ။ ဒါပေမယ့် ပရီးမီးယားလိဂ် အသင်းကြီးနှစ်သင်း အပြိုင်စိတ်ဝင်စားနေတာကြောင့်ဈေးတွေထိုးတက်သွားတာဖြစ်နိုင်ပါတယ်။ ပြီးတော့ ဟူဂို အီကီတီခီ က သန်း ၁၀၀ တန်တဲ့ သွင်းဂိုး အရေအတွက် ၊ ဆုဖလားအောင်မြင်မှုတွေကို ဘားမှရေရေရာရာ မပြသနိုင်သေးပါဘူး ။ ဟူဂို အီကီတီခီ က ဒီနှစ်ဘောလုံးရာသီ ဖရန့်ဖက် အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၈ ပွဲကစားပြီးတဲ့ အချိန်မှာ ၂၂ ဂိုးအထိ သွင်းယူပြထားတာပဲဖြစ်ပါတယ်။ ဒီ တစ်ရာသီ အတွင်းကို ၂၂ ဂိုးဆိုတဲ့ ဂိုးအရေအတွက်က ဟူဂို အီကီတီခီ ရဲ့ ကစားသမား ဘဝ တစ်လျောက် အများဆုံးသွင်းဖူးတဲ့ အရေအတွက်ပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီက ဟူဂို အီကီတီခီ ရဲ့ အအောင်မြင်ဆုံးဘောလုံးရာသီလို့တောင်ပြောရမယ် ။


ကျန်တဲ့ဘောလုံးရာသီတွေမှာ သွင်းဂိုးအရေအတွက်က ၄ဂိုး ၅ ဂိုး ပဲသွင်းယူနိုင်ခဲ့ပြီး အလွန်နည်းပါးတဲ့ သွင်းဂိုးအရေအတွက်လည်းဖြစ်ပါတယ်။ ယောကရက်လို တစ်ရာသီ ဂိုး၃၀ ကျော်လောက် ဒိုင်ခံသွင်းပေးနိုင်ပြီး နှစ်ရာသီပေါင်း ၉၇ လုံးအထိ သွင်းပြထားတဲ့ အပြင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ သူရဲ့ ဂိုးအရေအတွက်တွေ ၊ ဆုဖလားတွေနဲ့ သက်သေပြပြီးသား ကစားသမားတောင် ပြောင်းရွှေ့ကြေးက ၆၀ ၊ ၆၅ သန်းဖြစ်နေတဲ့ အချိန် ဟူဂို အီကီတီခီ ရဲ့ ပြောင်းရွှေ့ကြေး သန်း ၁၀၀ ဆိုတာ မများလွန်းဘူးလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ဟူဂို အီကီတီခီ က ပြောင်းရွှေ့ကြေး သန်း ၁၀၀ နဲ့ ထိုက်တန်အောင် ခြေစွမ်းပြပြီးပြီးလား ။ သန်း ၁၀၀ နဲ့ ရော ခေါ်ယူသင့်ရဲ့လား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#hugoekitike

#manchesterunited

#transferplayer

#premierleague

#striker

Leave a reply