အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အစ္စကို

အစ္စကို ဆိုတဲ့ ကစားသမား က မရော့ကာ အသင်းနဲ့ အတူ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် ဘောလုံး ဇာတ်ခုံမြင့်ပေါ်ကို စတင်တက်လှမ်းနိုင်ခဲ့တယ်။ သူ့ရဲ့ အရည်အသွေး ၊ သူ့ရဲ့ အလားအလာရှိမှုတွေကြောင့် ဥရောပ ဘုရင် ကြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရတယ်။ ရီးရဲလ်မက်ဒရစ် အသင်းမှာလည်း သူ့ရဲ့ မှော်ဝင်တဲ့ ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပြီး အစ္စကို ရဲ့ လှပသေသပ်တဲ့ ဘောလုံးပေးပို့မှုတွေ ၊ တိုက်စစ် လိုက်ပါနိုင်စွမ်းတွေ ကြောင့် ဘောလုံးပရိတ်သတ်တွေကို ဘောလုံးရသ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တယ်။ အစ္စကို က ရီးရဲလ်မက်ဒရစ် အသင်းမှာ သူ့ရဲ့ ကစားသမား ဘဝ ၉ ရာသီကြာဖြတ်သန်းခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းအတွက်လည်း ပွဲပေါင်း ၃၀၀ ကျော်ကစားပေးခဲ့တယ်။ အဲ့ ၉ ရာသီအတွင်း ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းအတွက်လည်း အကောင်းဆုံးပေးဆပ် ကစားပေးခဲ့တယ်။
ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဆုဖလား တော်တော်များများ သိမ်းပိုက်တဲ့ လမ်းကြောင်းမှာ အစ္စကို ရဲ့ ပါဝင်ပတ်သတ်မှုကလည်း မနည်းလှဘူး။ ဒီလိုနဲ့ပဲ အစ္စကို ဆိုတဲ့ ကစားသမားရဲ့ နာမည်က ဘောလုံးပရိတ်သတ်တွေရဲ့ ရင်ထဲမှာ အမြစ်တွယ်ခဲ့တယ်။ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၉ ရာသီကြာ ကစားပြီးတဲ့ နောက်မှာတော့ အစ္စကို က စပိန် ဒုတိယတန်းစား အသင်းတွေဖြစ်ကြတဲ့ ဆီဗီးလာ ၊ ဘက်တစ် တို့လို အသင်းတွေကို ပြောင်းရွှေ့ကစားခဲ့တယ်။ အစ္စကို က ကစားသမား ဘဝ အစပိုင်းထဲက ပါရမီ ပါတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ အပြင် သူရဲ့ အရည်အသွေးကလည်း ဘားမှမေးခွန်းထုတ်စရာမလိုပါဘူး။ ဒီလိုကစားသမားမျိုးက သူ ရီးရဲလ်မက်ဒရစ် အသင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ နဲ့ သူ့ရဲ့ ပါရမီကို အကောင်းဆုံးပေါင်းစပ်ပြီး အသက်အရွယ် တစ်ခုကို ရောက်နေတာတောင် အကောင်းဆုံး ကစားနိုင်သေးတယ်။ ဘက်တစ် အသင်းရဲ့ မရှိမဖြစ်ကို အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အစ္စကို မပါတဲ့ ဘက်တစ် အသင်းရဲ့ တိုက်စစ်ကို စဥ်းစားလို့တောင်မရပါဘူး။ ဘက်တစ် အသင်းရဲ့ တိုက်စစ် သွေးကြောဖြစ်ပြီး အစ္စကိုက တောင်ပံကစားသမားတွေကို အကောင်းဆုံး ပံပိုးနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့်လည်း ဘက်တစ် တောင်ပံကစားသမားတွေဆီကလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေကို မြင်ခဲ့ရတယ်။ ဘက်တစ် အသင်းက ဒီရာသီ အပေါင်းလက္ခဏ ဆောင်တဲ့ ကိစ္စတွေအမျာကြီးပါ။
နောက်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရရှိသလို ကွန်းဖရင့်လိဂ်မှာလား ဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့တယ်။ ဘက်တစ် အသင်းရဲ့ ကွန်းဖရင့်လိဂ် ဖိုင်နယ် သွားရာလမ်းကြောင်းတစ်လျောက်မှာလည်း အစ္စကို က အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ချယ်ဆီး အသင်းကို ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် အစ္စကို က သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ၊ ငယ်မူငယ်သွေးတွေကို ပြန်မြင်ခဲ့ရတယ်။ အသက် အရွယ် ၃၃ နှစ်နဲ့ ဘက်တစ်အသင်းကို ဦးဆောင်နေတာ မယုံနိုင်စရာ ကောင်းလှတယ်။ ကိုင်စီဒို နဲ့ အန်ဇို တို့လို အရည်အသွေးမြင့် လူငယ်ကစားသမားတွေ ဦးဆောင်လာတဲ့ ကွင်းလယ်ကို ကောင်းကောင်းကြီး ဖျက်စီးနိုင်ခဲ့တယ်။ သူ့ရဲ့ လှပသေသပ်ပြီး အံဩစရာ ကောင်းတဲ့ ဖန်တီးမှုတစ်ခုကိုလည်း မြင်တွေခဲ့ရတယ်။ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကြောင့်လည်း စပိန်လက်ရွေးစင် အသင်းမှာလည်း ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အသက်အရွယ် တစ်ခုကို ရောက်ရှိနေပေမယ့် ငယ်မူငယ်သွေးတွေကို ပြန်လည်းမြင်တွေ့နေရတဲ့ အစ္စကို အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#isco
#realbetis
#leftwinger
#laliga
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
