ဆန်ချို ကို ချယ်ဆီး အသင်း အပြီးသတ်ခေါ်ယူသင့်လား

Admin
2mos ago
Sport Articles
ဆန်ချို ကို ချယ်ဆီး အသင်း အပြီးသတ်ခေါ်ယူသင့်လား

ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီမှာ အပြောင်းအလဲများစွာပြုလုပ်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနို လက်ထက် ချယ်ဆီး အသင်း အထိုင်ကျမလိုရှိသေးတယ် အသင်း တာဝန်ရှိသူတွေက ပိုချက်တီနိုကို အသင်းကနေ ထုပ်ပယ်ပြီး နည်းပြသစ် အဖြစ် အန်ဇိုမာရက်စကာ ကို ခန့်အပ်ခဲ့တယ်။ ချယ်ဆီး အသင်းက နည်းပြအပြောင်းအလဲသာမကကစားသမားအပြောင်းအလဲများစွာလည်ပြုလုပ်ခဲ့တယ် ။ အဲ့ကစားသမားတွေထဲကမှ ဂျေဒန်ဆန်ချိုက တစ်ရာသီ အငှားအပြင် ရာသီကုန်ရင် အပြီးသတ်ဝယ်ယူနိုင်တယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အတူ မန်ချက်စတာယူနိုက်တက် အသင်းကနေ ချယ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဂျေဒန်ဆန်ချို ဆိုတာ Skill ပိုင်း အလွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပ ပွဲကြီးတွေမှာပါ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။


ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီ အလယ်ပိုင်းလောက်ထိ တော်တော်လေးကို ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပြီး ကစားသမားတိုင်းကလည်း ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းပွဲစဥ်တွေမှာ ကစားသမားတိုင်းရဲ့ စွမ်းဆောင်ရည်က ကျသွားပြီး အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးဝါးလာခဲ့ပါတယ်။ ဂျေဒန်ဆန်ချိုကလည်း ချယ်ဆီး အသင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကိုတော့ မပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်သင်းလုံးနဲ့ ယှဥ်ကြည့်ရင် ဆန်ချို ရဲ့ စွမ်းဆောင်ရည်က အပေါင်းလက္ခဏာဆောင်တယ်ပဲပြောရမှာပေါ့ ။ ချယ်ဆီး အသင်းက ဆန်ချို လို ထိပ်တန်းကစားသမားတစ်ဦးကို လစာတစ်ဝက်ပဲပေးရပြီး တစ်ရာသီလို သုံးလိုက်ရတာက အင်မတန်ကို ကောင်းတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ဆန်ချိုကို ခေါ်ယူခဲ့စဥ်အချိန်တုန်း ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ နောက်ရာသီ ဆန်ချိုကို ခေါ်ယူပါက ပေါင် ၂၅ သန်းထဲနဲ့ ခေါ်ယူနိုင်ပြီး မခေါ်ယူဖြစ်ခဲ့ရင် လျော်ကြေးအဖြစ် ပေါင် ၅ သန်းပေးရမှာပဲဖြစ်ပါတယ်။ အခုလို အပြောင်းအရွှေ့တစ်ခု အတွက် ပေါင်သန်းပေါင်းများစွာ သုံးစွဲပြီး ခေါ်ယူနေရတဲ့ အချိန် ဂျေဒန်ဆန်ချို လို ကစားသမားမျိုးကို ပေါင် ၂၅ သန်းထဲနဲ့ ဝယ်ယူနိုင်တယ်ဆိုတာ ပြသာနာကြီးကြီးမားမား မရှိပါဘူး။ ပြဿနာ ရှိတာက အလွန်မြင့်မားနေတဲ့ ဆန်ချိုရဲ့ လုပ်ခလစာကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျေဒန် က မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်မသွားချင်ပဲ ချယ်ဆီး အသင်းမှာ ပျော်ရွှင်နေတာကြောင့် ချယ်ဆီး အသင်းကသာ တကယ် ခေါ်ယူမယ် ဆိုရင် လစာကိုစာတွေကို ညှိနှိုင်းပေးသွားနိုင်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားတစ်ယောက်ဖြစ်ပြီး ဥရောပ ပြိုင်ပွဲကြီးတွေမှာပါ အတွေ့အကြုံ အများကြီးရှိပြီး သား ကစားသမားတစ်ယောက်ဖြစ်တဲ့ အပြင် တစ်ရာသီလည်း အသင်းမှာ ကောင်းကောင်းအထိုင်ချ အသုံးပြုပြီးသွားတဲ့ ဂျေဒန်ဆန်ချိုလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းထဲနဲ့ ခေါ်ယူနိုင်တယ်ဆိုတာ ချယ်ဆီး အသင်းအတွက်တော့ အတော်လေးကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။


ချယ်ဆီး အသင်း ဂျေဒန်ဆန်ချိုကို အပြီးသတ် ခေါ်ယူသင့်သလား။ ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် အသင်းကို လျော်ကြေး ၅ သန်းပေးပြီး အပြီးသတ်ခေါ်ယူမှုကို မပြုလုပ်သင့်ဘူးလား။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#jadonsancho

#winger

#mauriciopochettino

#chelsea

#enzomaresca

Leave a reply