ဂျာအို ပက်ဒရို ကို တကယ်ရော ခေါ်ယူသင့်ရဲ့လား

Admin
2mos ago
Sport Articles
ဂျာအို ပက်ဒရို ကို တကယ်ရော ခေါ်ယူသင့်ရဲ့လား

နောက်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ပြင်ဆင်ဖို့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အသင်းတော်တော်များများက လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီ ထဲမှာမှ ချယ်ဆီး အသင်းနဲ့ အာဆင်နယ် အသင်းနှစ်သင်းက တိုက်စစ်ပိုင်ပြောင်းလဲမှုတွေကို ပြုကိုပြုလုပ်ရမယ့် အသင်းနှစ်သင်းဖြစ်ပါတယ်။ အဲ့တာအပြင် ပူပူနွေးနွေး လက်ရှိချန်ပီယံ လီပါပူး အသင်းကလည်း သူတို့ရဲ့ တိုက်စစ်ကစားသမား ဒါဝင် နူးနက် ကို ရောင်းချပြီး တိုက်စစ်မှုး အသစ်တစ်ဦးကို ခေါ်ယူဖို့ အတွက် တိုက်စစ် ကစားသမားတွေကို လိုက်လံရှာဖွေနေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ဘရိုက်တန် အသင်းရဲ့ ဘရာဇီး ကစားသမား ဂျာအို ပက်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ ဂျာအို ပက်ဒရို က တိုက်စစ် အားသန် ကစားသမား တစ်ဦးဖြစ်ပြီး ဘယ်တောင်ပံ ၊ ကွင်းလယ်တိုက်စစ် နေရာနဲ့ အထောင်တိုက်စစ်မှုးနေရာ အပါအဝင် တိုက်စစ် နေရာ တော်တော်များများ မှာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။


ဂျာအို ပက်ဒရိုက အသက်အရွယ် အရလည်း ၂၃ နှစ် အရွယ်သာ ရှိသေးပြီး အလားအလာ ကောင်းတွေ အများကြီး ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒီ ၂၃ နှစ် အရွယ် တိုက်စစ်အားသန်တဲ့ ဘရာဇီး ကစားသမားကို ချယ်ဆီး အသင်းရဲ့ အာကစား ဒါရိုက်တာတွေကို သဘောကျနေတာပဲဖြစ်ပါတယ်။ ဂျာအို ပက်ဒရို ကို ချယ်ဆီး အသင်းအပြင် လီပါပူး အသင်းနဲ့ အခြားအသင်းတွေ တော်တော်များများကလည်း စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ ဂျာအို ပက်ဒရို ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ရင် ဘားမှ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အသက်အရွယ်ပိုင်းမှာလည်း ငယ်ရွယ်ပြီး အများကြီး မျှော်လင့်လို့ရပါတယ်။ ပြီးတော့ ဘရိုက်တန် အသင်းရဲ့ ကစားသမားတွေက ချယ်ဆီး အသင်းကို အကျိုးပြုတက်ပါတယ်။ ကူကူရယ်လာ နဲ့ ကိုင်စီဒို တို့ကလည်း ဘရိုက်တန် အသင်းကနေ ချယ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး အခုချိန်မှာ ချယ်ဆီး အသင်းရဲ့ မရှိမဖြစ် ကစားသမားတွေဖြစ်လာကြပြီ ။ ဂျာအို ပက်ဒရို လည်းဖြစ်မလာနိုင်ဘူး လို့ ပြောမရဘူး။ အသက် ၂၃ နှစ် ဆိုတော့ အရွယ်ကောင်း ဖြစ်ပေမယ့် တဖက်မှာ သူ့ကို သဘောကျတဲ့ ချယ်ဆီး ပရိတ်သတ်တွေ နဲ့ သဘောမကျတဲ့သူ ဆိုပြီး နှစ်ဖွဲ့ကွဲနေတာပဲဖြစ်ပါတယ် ။ ဂျာအို ပက်ဒရို က ခြေစွမ်းကောင်းတွေ အမြဲလိုလိုပြသတက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး fales 9 နေရာမှာ ပါ ကောင်းကောင်းမွန်မွန် ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဂျာအို ပက်ဒရို က ဒီလို ခြေစွမ်းကောင်း တွေကို ပိုင်ဆိုင်ထားသလို အသက်အရွယ် ပိုင်းကလည်း ချယ်ဆီး အသင်းရဲ့ ပေါ်လစီတွေနဲ့ ကိုက်ညီနေပေမယ့် ခက်တာက ဂျာအို ပက်ဒရိုက စည်းကမ်းပိုင်းမှာ အားနည်းတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။


ဧပြီလ ၁၄ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ဘရန်းဖိုဒ့် နဲ့ ဘရိုကန်တို့ ပွဲမှာ ဂျာအို ပက်ဒရိုက တိုက်ရိုက် အနီကဒ် ထိပြီး ကတည်းက အခုထိ ဘရိုက်တန် နည်းပြ ဟတ်ဇလာ ဟာ ဂျာအိုပက်ဒရို ကို ကစားခွင့်မပေးတော့ပါဘူး။ ဒဏ်ရာရနေတာမျိုးလည်း မဟုတ်သလို ဟတ်ဇလာ ကိုယ်တိုင် ဂျာအိုပက်ဒရို ကို အသင်းရဲ့ လူစာရင်းထဲကို လုံးဝထည့်သွင်း အသုံးမပြုတော့တာပါ။ ဒါက ဂျာအို ပက်ဒရို စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့်ပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက လူငယ်တွေနဲ့ သာဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဒီလို စည်းကမ်းပိုင်း အားနည်းတဲ့ ကစားသမားကို ခေါ်ယူခဲ့ရင် အသင်းမှာရှိတဲ့ တချို့သော ကစားသမားတွေလည်း ဒီလို စည်းကမ်းပိုင်း အားနည်းမှုတွေဖြစ်လာမလား ။ ရေရှည်မှာရော စည်းလုံးမှု ပျက်သွားနိုင်လား။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်၊။

#mmmedia

#joaopedro

#chelsea

#premierleague

#brazilian

#footballer

Leave a reply