စပယ်ရှယ်ဝမ်းကြီး နဲ့ အိမ်ရှေ့စံ မင်းသား နေမာတို့ရဲ့ ပေါင်းစပ်ခြင်း

ဘောလုံးဘောလုံးလောကမှာ မက်စီ ၊ ရော်နယ်ဒို ပြီးရင် လူကြိုက်အများဆုံးနဲ့ မျှော်လင့်ချင်စရာ အကောင်းဆုံး ကစားသမား တစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ဒီ ကစားသမား ကတော့ နေမာဂျူနီယာပဲဖြစ်ပါတယ်။ နေမာ က သူ့ရဲ့ ပိုင်နိုင်ပြီး လှပသေသပ်တဲ့ စကေးတွေ ၊ တစ်ဦးချင်းကျော်ဖြတ်ပုံတွေ ကြောင့် လူကြိုက်များလာခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ သူကဘယ်လောက်ကောင်းတဲ့ကစားသမားတစ်ယောက်လည်းဆိုတာကို ဘာစီလိုနာ နဲ့ ပီအက်ဂျီ အသင်းတွေမှာ ကောင်းကောင်းကြီးသက်သေပြပြီးပြီးပဲဖြစ်ပါတယ်။နေမာတစ်ယောက် ပီအက်ဂျီ အသင်းမှာ 6 နှစ်ကြာဖြတ်သန်းပြီးတဲ့ အချိန်မှာတော့ ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်ဟီလယ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ဆော်ဒီလိဂ်မှာလည်း သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ပေမယ့် သူ့ရဲ့ ထုံးစံအတိုင်း ဒဏ်ရာပြသာနာတွေရဲ့ ရိုက်ခက်ခြင်းကို မကြာခဏဆိုသလို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဆော်ဒီလိဂ် ကို ရောက်ရှိသွားတဲ့ အချိန်ကတည်း ကနေမာ တစ်ယောက် ပွဲကစားချိန်တွေပိုမို နည်းပါးလာခဲ့တယ်။
အဲ့တာတွေကြောင့်ပဲ နေမာက ဆော်ဒီလိဂ်မှာ နှစ်ရာသီကြာဖြတ်သန်းပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဆော်ဒီကလပ် Al Hilal နဲ့ လမ်းခွဲခဲ့ပြီး ငယ်ဘ၀ကလပ် ဆန်းတို့စ်ဆီ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ် ။ နေမာ တစ်ယောက် မွေးရပ်မြေရောက်ခါစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြန်ပါတယ်။ အခုချိန်မှာ နေမာ နဲ့ ဆန်းတို့စ် ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး နေမာကို နည်းပြကြီး မော်ရင်ဟို ကိုင်တွယ်နေတဲ့ တူရဂီ ကလပ် ဖီနာဘာချီဟာ အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ နေမာ ကလည်း ၂၀၂၆ ကမ္ဘာ့ဖလားကို ပါ၀င်ခွင့်ရဖို့အတွက် ဖီနာဘာဂျီ အသင်းကို ပြောင်းရွှေ့ချင်နေတာပဲဖြစ်ပါတယ်။ တကယ်လို့ နေမာ တစ်ယောက် ဖီနာဘာဂျီ အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်မယ်ဆိုရင် စပယ်ရှယ် ဝမ်းကြီး ရဲ့ လက်အောက်မှာ နေမာ ကစားပုံကို မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ မော်ရင်ဟို ဆိုတာကလဲ တော်ရုံတန်ရုံ နည်းပြတစ်ယောက်မှ မဟုတ်တာ ။
ပေါ်တို ၊ ချယ်ဆီး ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေမှာ သူ့ရဲ့ နည်းစနစ်တွေနဲ့ မယုံနိုင်စရာ ကောင်းအောင် ဆုဖလားတွေကို သိမ်းပိုက်ပြခဲ့တာပဲဖြစ်ပါတယ်။ စပယ်ရှမ်း ဝမ်းကြီးက နေမာ အပြင် အေစီမီလန် အသင်းရဲ့ ညာနောက်ခံ ကစားသမား ဝေါ်ကာ ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ တစ်ချိန်က အကောင်းဆုံးဖြစ်ခဲ့တဲ့ နည်းပြကြီး မော်ရင်ဟို နဲ့ ဘောလုံးလောကရဲ့ အိမ်ရှေ့စံမင်းသားလေး နေမာတို့ ပေါင်းစပ်ခြင်းကို မြင်တွေ့ရဖို့ ဘောလုံးပရိတ်သတ်တော်တော်များများကလည်းစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော နေမာ နဲ့ မော်ရင်ဟို တို့ရဲ့ ပေါင်းစပ်ခြင်းကိုမြင်တွေ့ချင်သလား? ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#josemourinho
#coch
#neymar
#leftwinge
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
