ဂျိုရှူအာဗန် ကို အလဲထိုးနဲ့ အနိုင်ယူမယ်လို့ ပြောခဲ့တဲ့ ဘရန်ဒန်ရွိုင်

ဂျိုရှူအာဗန် က UFC 316 မှာ ကြမ်းပါတယ်ဆိုတဲ့ ဘရာဇီးသား ဘရူနို ဆေးဗား ကို ပြတ်ပြတ်သားသား အနိုင်ယူပြီး ရက်ပိုင်းအတွင်းမှာပဲ အရမ်းကို Risk များတဲ့ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ အဲ့ဒီဆုံးဖြတ်ချက်ကတော့ UFC 317 မှာ UFC Flyweight ဝိတ်တန်းရဲ့ Ranking 1 ဖြစ်တဲ့ ဘရန်ဒန်ရွိုင် နဲ့ ထိုးသတ်ဖို့အတွက်လက်ခံခဲ့တာပဲဖြစ်ပါတယ်။ ဘရူနို ဆေးဗားကို အနိုင်ယူပြီးပြီးချင်း နောက်ထပ် ၃ ပတ်အကြာ UFC 317 မှာ ခက်ခဲပြီး အတွေ့အကြုံကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ဘရန်ဒန်ရွိုင် လိုကစားသမား မျိုးနဲ့ ထိုးသတ်ရမှာကြောင့် ပရိတ်သတ်တော်တော်များများ က စိုးရိပ်နေကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေက ဂျိုရှူအာဗန် အတွက် ပြင်ဆင်ချိန် အပြည့်အဝ ရရှိပါ့မလား ၊ RECOVER ကော ကောင်းကောင်းရပါ့မလားဆိုပြီး စိုရိမ်နေကြတာပဲဖြစ်ပါတယ်။ ဘရန်ဒန်ရွိုင် ကလည်း ဂျိုရှူအာဗန် ရဲ့ ပွဲစဥ်တွေကို သူကြည့်ရှုဖူးတဲ့ အကြောင်း ၊ ဂျိုရှူအာဗန် က လျော့တွက်လို့မရတဲ့ ဖိုက်တာတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကကို ပြောကြာခဲ့ပြီး ဂျိုရှူအာဗန် ကိုလည်း အလဲထိုးနဲ့အနိုင်ရမယ်လိုလဲယုံကြည်နေတာပဲဖြစ်ပါတယ်။
အဲ့တာအပြင် ဘရန်ဒန်ရွိုင် က အတွေ့အကြုံ ပြည့်ဝတဲ့ ဖိုက်တာ တစ်ယောက် ပီပီ ဂျိုရှူအာဗန် ကို စိတ်ဓာတ်စစ်ဆင်ရေးအချို့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ UFC လို ပြိုင်ပွဲကြီးမှာ စိတ်ဓာတ်စစ်ဆင်းရေး နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားပေးနိုင်မှုတွေက သိပ်ကိုအရေးပါပါတယ် ။ ဂျိုရှူအာဗန် က ဘယ်လောက်ကောင်းတဲ့ ဖိုက်တာဖြစ်ဖြစ် အိမ်ပျော်သွားအောင်လုပ်ပေးမယ်ဆိုပြီး ဘရန်ဒန်ရွိုင် က ပြောကြားကာ ဂျိုရှူအာဗန် ရဲ့ ယုံကြည်မှု ပျက်ပြားသွားအောင် ၊ စိတ်ရှုပ်သွားအောင် ၊ သူ့ကိုကြောက်သွားအောင် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဘရန်ဒန်ရွိုင် ကလဲ ခေတဲ့ ဖိုက်တာ တစ်ယောက်တော့မဟုတ်ဘူးလေ ။ UFC Flyweight ဝိတ်တန်းရဲ့ Ranking 1 ဖြစ်တဲ့ အပြင် အတွေ့အကြုံပိုင်းမှာပါ ပြည့်ဝနေတာကြောင့် ဂျိုရှူအာဗန် အပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ အသာစီး ရရှိစေဖို့ အတွက် အခုလိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဂျိုရှူအာဗန် က အလားအလာကောင်းတွေပိုင်ဆိုင်ထားပြီး အင်မတန်ကောင်းတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပေမယ့် ဘရန်ဒန်ရွိုင် လိုဖိုက်တာမျိုးနဲ့ ယှဥ်ရင်တော့ အတွေ့အကြုံပိုင်းအပါအဝင် အခြားအဘက်ဘက်က အားနည်းနေပါသေးတယ်။ ဘရန်ဒန်ရွိုင် က နောက်ဆုံးယှဥ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဘရမ်ဒန် မိုရီနို နဲ့ တက်ဆုရိုတိုင်ယာ တို့လို ဖိုက်တာတွေကို အနိုင်ယူနိုင်ခဲ့တာကြောင့် ယုံကြည်မှု အပိုင်းမှာ အမြင့်ဆုံးထိ ရောက်ရှိနေတာပဲဖြစ်ပါတယ်။
ဘယ်လောက်ပဲ အတွေ့အကြုံတွေများများ ၊ ယုံကြည်မှုတွေ ဘယ်လောက်မြင့်မားနေတယ်ပဲပြောပြော ဒီတစ်ခေါက် သူနဲ့ထိုးသတ်မယ့် ဂျိုရှူအာဗန် ကလည်းခေတဲ့ လူတစ်ယောက်မဟုတ်ဘူး ။ လူငယ်လည်းဖြစ်တဲ့ အပြင် နောက်ဆုံး ၄ ပွဲဆက်အနိုင်ယူပြထားပြီးတော့ ဘရန်ဒန်ရွိုင် နဲ့ ပွဲကို သတ္တိရှိရှိနဲ့ လက်ခံခဲ့တာတွေကို ကြည့်ရင် ဂျိုရှူအာဗန် ရဲ့ စိတ်ဓာတ်ကလည်း တကယ့်ကို ကောင်းမွန်တဲ့ အခြေအနေမှာရှိနေတာပဲဖြစ်ပါတယ်။ ဘရန်ဒန်ရွိုင် တစ်ယောက်သူပြောထားတဲ့ အတိုင်း တကယ်ပဲ ဂျိုရှူအာဗန် ကို အလဲထိုးနဲ့ အနိုင်ယူသွားနိုင်မလား ?။ ဒါမှမဟုတ် ဂျိုရှူအာဗန် ကပဲ အနိုင်ယူသွားနိုင်မလား ? ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ? ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#joshuavan
#ufc
#mmafighter
#brandonroyval
#flyweight
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
