ဒီဘရိုင်း ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှု

Admin
1mo ago
Sport Articles
ဒီဘရိုင်း ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှု

ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲကတစ်ယောက် ၊ မှော်ဆန်တဲ့ ဘောလုံးပေးပို့မှုတွေနဲ့ ဘောလုံးပရိတ်သတ်တွေရဲ့ အသဲနှလုံးကို ကိုင်လှုပ်နိုင်ခဲ့သူ ၊ မန်စီးတီးအသင်းရဲ့ ဆုဖလားတွေဆွတ်ခူးရာမှာ အဓိက အရေးပါခဲ့တဲ့ ကစားသမား အဲ့ဒီ ကစားသမားကတော့ ကယ်ဗင် ဒီဘရိုင်း ပဲဖြစ်ပါတယ်။ ဒီဘရိုင်း က ဘယ်လောက်ကောင်းခဲ့လဲဆိုတာ အကုန်သိပြီးသာပါ ။ ဒါပေမယ့် ဒီဘရိုင်းလဲ လူပဲလေ ဘာသားနဲ့ထုထားတာမို့လို့လဲ အချိန်တစ်ခုကို ရောက်ရှိလာတာနဲ့အမျှ သူလဲ တဖြည်းဖြည်း ကစားသမားတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်တွေ ကုန်ဆုံးလာခဲ့တယ် ။ ဒီဘရိုင်း က အသက်က ၃၄ နှစ်ရှိပါပြီ ။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ကြံခိုင်မှု မပြည့်ဝတော့ဘူး ။ ဒဏ်ရာတွေ ခပ်စိပ်စိပ် ရရှိလာခဲ့တယ်။ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းကျလာခဲ့တယ်။ ဒါကိုလည်း လက်ခံပေးရမယ် ၊ ဒီဘရိုင်း က ကမ္ဘာ့ပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနဲ့ တောင်းဆိုမှု အများဆုံး လိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်လိုလိဂ်မျိုးမှာ ကစားနေတာကြောင့်လဲပါတယ်။ ဒါတွေကြောင့်ပဲ ဒီဘရိုင်း တစ်ယောက် မန်စီးတီး အသင်းနဲ့ အတူ ၁၀ နှစ်ကြာဖြတ်သန်းပြီးတဲ့ နောက်မှာတော့ မန်စီးတီး အသင်းကနေထွက်ခွာဖို့ဖြစ်လာခဲ့တယ်။

ဒီဘရိုင်း မန်စီးတီး အသင်းကထွက်မယ်ဆိုတော့ အများစုထင်နေကြတာက ဆော်ဒီလကပ် အသင်းတွေ နဲ့ မေဂျာလိဂ် ကလပ်အသင်းတွေဆီပြောင်းသွားလိမ့်မယ်ပေါ့ ။ အမှန်တကယ်လဲ ဒီဘရိုင်းကို ခေါ်ချင်နေတဲ့ ဆော်ဒီလကပ် အသင်းတွေ နဲ့ မေဂျာလိဂ် ကလပ်အသင်းတွေမှ တပုံကြီးပဲ ။ ဒါပေမယ့် ဒီဘရိုင်း က ဥရောပထိပ်တန်းလိဂ်တစ်ခုခုမှာကစားနိုင်စွမ်းအပြည့်ရှိနေသေးကြောင်း သူ့ကိုယ်သူယုံတယ်။ ဒါကြောင့်လည်း ဆော်ဒီပရိုလိဂ်၊ မေဂျာလိဂ်တွေဆီကလာတဲ့ ကမ်းလှမ်းမှုတွေကို ခဏဘေးချိတ်ကာ ဥရောပအသင်းတွေဆီက ကမ်းလှမ်းချက်တွေကိုအရင်နားစွင့်တယ်။ ဒီဘရိုင်း လို ကစားသမားမျိုးကို ခေါ်ယူချင်နေတဲ့ ဥရောပအသင်းကြီးတွေလဲ မနည်းမနောပဲ ။ ဒီဘရိုင်း ဆီကို အက်စ်တွန်ဗီလာ၊ နာပိုလီတို့လို ဥရောပရဲ့အသင်းကောင်းတွေဆီက ကမ်းလှမ်းမှုတွေရောက်လာတယ်။ ဒီဘရိုင်း တစ်ယောက် နာပိုလီ အသင်းကို ရွေးချယ်ခဲ့တယ်။ ဒါဟာ အတော်ကိုမှမှန်ကန်တဲ့ရွေးချယ်မှုလို့ဆိုလို့ရပါတယ်။ အသက်အရွယ်အရ အရင်လိုပြေးပြေးလွှားလွှား၊ တွန်းတွန်းတိုက်တိုက်မဆော့နိုင်တော့မယ့် ဒီဘရိုင်းနားဟာ ကွင်းလယ်ခံစစ်နားကျတဲ့နေရာတစ်ဝိုက်မှာ အငြိမ်လေးကစားပြီး ကစားကွက်ဖော်ပေးရတဲ့ Deep-lying playmakerလမ်းကြောင်းကို လိုက်ဖို့များတယ်။ ဒီလမ်းကြောင်းအတွက် အကောင်းဆုံးနေရာကတော့ စီးရီးအေမှလွဲ အခြားမရှိပြီပဲ။

အီတလီ စီးရီးအေ က ပရီးမီးယားလိဂ် နဲ့ယှဥ်ရင် လျှင်မြန်မှု နည်းနည်းလျော့ကျတာကြောင့် ဒီဘရိုင်း ရဲ့ ဘောလုံးအရည်အသွေးတွေနဲ့ ဆိုရင် အကောင်းဆုံးထိန်းကစားနိုင်တယ် ။ အခုချိန်မှာဆိုရင် စီးရီးအေမှာ ပရီးမီးယားလိဂ် အကျကစားသမားတွေက တော်တော်လေးကို အလုပ်ဖြစ်နေတာတွေ့မြင်ရတယ်။ တိုမီနေး တို့လို လူကာကူ တို့လို ဘီလီ ဂေးမား တို့လို ပရီးမီးယားလိဂ် အကျကစားသမားတွေက နာပိုလီ နည်းပြ ကွန်တီရဲ့ လက်အောက်မှာ အကောင်းဆုံးခြေစွမ်းပြနေတာပဲဖြစ်ပါတယ်။ ဒီဘရိုင်း ရဲ့ ဘောလုံးအရည်အသွေး နဲ့ ကွန်တီလိုနည်းပြမျိုး ကိုင်တွယ်မှုလက်အောက်မှာဆိုရင် ဒီဘရိုင်း က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ်ဆက်လက်ရှိနေအုံးမှာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် နာပိုလီ အသင်းကို ရွေးချယ်ခဲ့တဲ့ ဒီဘရိုင်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#kevindebruyne

#midfielder

#manchestercity

#napoli

#seriea

Leave a reply