ပထမဆုံးရာသီမှာပဲ အယ်ကလက်စီကို ၄ ပွဲလုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမ်ဘာပေ

အမ်ဘာပေ ဆိုတာကတော့ မက်စီ ၊ ရော်နယ်ဒို ၊ နေမာ တို့ခေတ် နောက်ပိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ဘောလုံးလောက တစ်ခုလုံးရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ လူငယ်ဘဝ ထဲက မိုနာကို အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး PSG အသင်းရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ ဘာပေ က မိုနာကို မှာပြသခဲ့တဲ့ ခြေစွမ်းတွေကို အကောင်းဆုံးဆက်လက်
ထိန်းသိမ်းထားနိုင်ပြီး ရရှိလာတဲ့ အတွ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်အောင် ခြေလှမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ မတိုင်ခင်က ရီးရဲလ်မက်ဒရစ် အသင်းက အမ်ဘာပေ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရအောင်ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
အမ်ဘာပေ က ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ အစတုန်းက ရုန်းကန်ခဲ့ရပေမယ့် တဖြည်းဖြည်း အချိန်ကြာလာတာ နဲ့ အမျှ အသင်းနဲ့ အသားကျလာခဲ့ပြီး အသင်းအတွက် အကောင်းဆုံး အကျိုးပြုနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။စပိန်လာလီဂါ ရဲ့ အကောင်းဆုံး ပွဲစဥ်လို့ပြောလို့ရတဲ့ အယ်ကလက်ဆီကို ပွဲစဥ် က ဒီနှစ်ဘောလုံးရာသီမှာ ၄ ပွဲတောင်ရှိခဲ့တာပဲဖြစ်ပါတယ်။ အယ်ကလက်ဆီကို ဆိုတာကတော့ စပိန်လာလီဂါ ရဲ့ အကောင်းဆုံး အသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ထိုက်တိုက်တွေ့ဆုံတဲ့ ပွဲစဥ်ပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ဘာစီလိုနာ အသင်းနဲ့ လာလီဂါ ပွဲစဥ်မှာ ပထမဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာပဲ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယ ပွဲစဥ်အဖြစ် SUPER CUP FINAL မှာတွေ့ဆုံခဲ့ပြီး ၅-၂ ဆိုတဲ့ရလဒ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ဒီနှစ်သင်းက COPA DEL REY ဖိုင်နယ်မှာ နောက်ထပ် ထပ်မံ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ဒီတစ်ကြိမ်မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းက ၃-၂ ဆိုတဲ့ ရလဒ်နဲ့ နောက်တစ်ကြိမ် ရှုံးနိမ့်ပြီး ကိုပါဒယ်ရေးဖလားကိုလည်း လက်လွှတ်ခဲ့ရတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း လာလီဂါ မှာ ဒုတိယ အကျော့အဖြစ် တွေ့ဆုံခဲ့ပြီး ၄-၃ ဆိုတဲ့ရလဒ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်ပဲ ဘာစီလိုနာ အသင်းက လာလီဂါဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အတော်လေးနီးစပ်သွားတာပဲဖြစ်ပါတယ်။
အဲ့တာကြောင့်ပဲ အမ်ဘာပေ က သူပထမဆုံး ပြောင်းရွှေ့လာခဲ့တဲ့ ရာသီမှာပဲ အယ်ကလက်စီကို ပွဲစဥ် ၄ ပွဲတောင် ကြုံတွေ့ခဲ့ရပြီး ၄ ပွဲလုံးရှုံးနိမ့်တယ်ဆိုတဲ့ မှတ်တမ်းဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အမ်ဘာပေက ဒီအယ်ကလက်စီကို ၄ ပွဲမှာ ၅ ဂိုးအထိတောင်သွင်းယူထားနိုင်ပြီ နောက်ဆုံးပွဲစဥ်မှာဆို ဟက်ထရစ် ရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အယ်ကလက်စီကိုပွဲစဥ်မှာ အမ်ဘာပေတစ်ယောက် ဟက်ထရစ် ရရှိခဲ့တာကြောင့် ပွဲဦးထွက်ရာသီမှာပဲ(၃၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကြောင့် ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျောက်ပွဲဦးထွက်ရာသီမှာ သွင်းဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်လာခဲ့ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#kylianmbappe
#realmadrid
#striker
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
