ထိုက်သင့်သလောက် ချီးကျူးမှုတွေ မရရှိတဲ့ လော်တာရို မာတီးနက်

Admin
2mos ago
Sport Articles
  ထိုက်သင့်သလောက် ချီးကျူးမှုတွေ မရရှိတဲ့ လော်တာရို မာတီးနက်

ဘောလုံးလောကမှာ ကစားသမား တစ်ယောက်က အသင်းတစ်သင်းလုံးကို ထမ်းတင်ပြီး ခြေစွမ်းပြရင် အဲ့ကစားသမားကို အသင်း နဲ့ အတူတူတွဲမြင်ကြတယ်။ အသင်းနာမည်ပြောလိုက်တာနဲ့ အဲ့ကစားသမားကို အရင်ဆုံးပြေးမြင်မိတာမျိုးပေါ့ ။ ဥပမာပြောရရင် အခုလက်ရှိမန်ယူလို့ပြောလိုက်တာနဲ့ ဘရူနို ဖာနန်ဒက် ကိုပြေးမြင်မိကြမှာဖြစ်သလို အရင်က ချယ်ဆီးလို့ပြောလိုက်တာ နဲ့ အီဒင်ဟာဇက် ကို ပြေးမြင်မိကြမှာပါ ။ အင်တာမီလန် လို့ပြောလိုက်တာနဲ့ လော်တာရို မာတီးနက် ကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ လော်တာရို မာတီးနက် က ချီးကျူးမှုတွေ ကို ထိုက်သင့်သလောက် မရရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အီတလီမြေမှာ ကစားပြီး အီတလီ နိုင်ငံပရိတ်သတ်တွေ ရဲ့ အချစ်တော် ကစားသမား တစ်ဦးဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ အီတလီ တွေက ဘောလုံးအားကစားနဲ့ ပတ်သတ်ရင် အားပေးမှု ပြင်းထန်တယ် ။ နိုင်လိုစိတ်အင်မတန်များတယ်။ စိတ်ဓာတ်ပြင်းပြတယ် ။ ဘောလုံးအပေါ် ရူးသွပ်မှု ကြီးမားတယ်။


တစ်ခါတစ်လေ လော်တာရို မာတီးနက် ကစားတာကို ကြည့်ရင် အာဂျင်တီးနား သားဆိုတာတောင် မေ့တယ်။ မာတီးနက် က ပွဲစဥ်တိုင်းကို မမောနိုင်မပန်းနိုင် ကြိုးကြိုးစားစား ကစားတယ် ။ အသင်းအတွက် ပေးဆပ်ချင်စိတ် အပြည့်အဝ ကစားတယ်။ မာတီးနက် က ကပ္ပတိန် တစ်ယောက်ဖြစ်ပေမယ့် အင်တာမီလန် အသင်းအတွက်တော့ ခေါင်းဆောင်တစ်ယောက်ထက်ပိုတဲ့ သူရဲကောင်းတစ်ဦးလည်းဖြစ်ပါတယ် ။ အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တုန်းကလည်း ဘောလုံးပရိတ်သတ်တွေ ရဲ့ ချီးကျူးမှုတွေက မာတီးနက် ထက် အခြားကစားတွေဆီ ပိုရောက်ရှိခဲ့ကြပါတယ်။ မာတီးနက် က အဲ့ချိန်တုန်းကလည်း ချီးကျူသင့်သလောက် ချီးကျူးမခံခဲ့ရပါဘူး။ မာတီးနက် ရဲ့ ကစားဟန် က ခန္ဓာကိုယ် ကို ယိမ်းယိမ်းနွဲ့နွဲ့ နဲ့ ဘောလုံးကို တို့ထိ ပြီး ကစားတာမျိုးမဟုတ်ပဲ ပြိုင်ဘက် ခံစစ်ကြောင်းကို အားပါပြင်းထန် တဲ့ လေမုန်တိုင်းလို ထိုးဖောက်ဖျက်စီးပြစ်တယ် ။ တောင်ပံ နဲ့ အခြားကစားသမားတွေ နေရာ လွတ်တွေ ပိုမို ရရှိဖို့အတွက် ပိုင်ဆိုင်ခံစစ် ကစားသမားတွေကို ဆွဲခေါ်မယ် ။ ပြိုင်ဘက် ခံစစ်ကစားသမားတွေနဲ့ ယှဥ်တိုးမယ် ။ မီလန်သားတွေ အတွက်တော့ မာတီးနက် ရဲ့ ကစားပုံကို ကြည့်ရတဲ့ တကယ့်ကို အားရကျေနပ်မှု ရရှိစေပါတယ်။ မာတီးနက် က ဒီရာသီ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာတောင် အင်တာမီလန် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်တိုက်စစ်မှုးတွေရှားပါးနေတဲ့ အချိန် လော်တာရို မာတီးနက်လို တိုက်စစ်မှုးမျိုးကို အင်တာမီလန် အသင်း ပိုင်ဆိုင်ထားတာက တကယ့်ကို ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။

မာတီးနက် ခြေစွမ်းက တကယ့်ကို ကောင်းတဲ့ class တစ်ခုမှာ ရှိနေပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေကို ရွေးချယ်တဲ့ အခါ မာတီးနက်ကို ချန်ထားခဲ့လို့မရပါဘူး ။ မာတီးနက်က တကယ့်ကို underrated ကစားသမား တစ်ဦးဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ မာတီးနက် က တကယ့်ကို underrated ကစားသမားလား ။ မာတီးနက် က တကယ့်ကို ချီးကျူးမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားလား။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်တွေးနွေးပေးသွားကြပါဦး ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#lautaromartinez

#argenita

#striker

#intermilan

Leave a reply