ကိုလ်ဝဲလ်က တကယ်ပဲချယ်ဆီးအသင်းခံစစ်ကို ဦးဆောင်နိုင်သလား

ချယ်ဆီး အသင်း အပြောင်းအရွှေ့ကာလမှာ ပြုကိုပြုပြင်ရမယ့် နေရာနှစ်ခုက ဗဟိုခံစစ်နေရာ နဲ့ ဂိုးသမားနေရာတွေပဲဖြစ်ပါတယ် ။ အခုနောက်ပိုင်းကြည့်ရသလောက် ချယ်ဆီး အသင်းအနေနဲ့ လာမယ့်ရာသီ တစ်ရာသီလုံးကို ဂိုးသမား အသစ်တစ်ဦးခေါ်ယူအုံးမှာမဟုတ်ပဲ ဆန်းချက် နဲ့ပဲ ဆက်သွားအုံးမယ်လို့ထင်တယ် ။ နောက်ရာသီမှာသာ မိုက်ဂန် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မ လောက်တယ် ။ ဒါဆို ဗဟို ခံစစ်မှူးနေရာကို ဆက်သွားမယ် ။ ချယ်ဆီး အသင်းနောက်တန်းကို ပိုမိုတောင့်တင်း ကျစ်လစ်စေဖို့ဆိုတာ အရည်အသွေးမြင့် ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး လိုအပ်တယ် ။ ချယ်ဆီး အသင်းရဲ့ နောက်တန်းမှာက အသုံးမဝင်တဲ့ ကစားသမားတွေကများနေတယ် ။ ရှင်းရှင်းပြောရရင် လူများပြီး ပွဲမစည်ဘူး ။ ချယ်ဆီး အသင်းအနေနဲ့ ကစားသမား ရောင်းချတဲ့ အပိုင်းကိုလည်း အများကြီး လုပ်ဆောင်ဖို့လိုအပ်သေးတယ်။ ဖိုဖာနာ လို လုပ်ခလစာ မြင့်မားပြီး အားနေဒဏ်ရာရနေတဲ့ ကစားသမားတွေ ၊ ဒီဆာဆီ လို အသင်းအတွက် အကျိုးမပြုတဲ့ ကစားသမားတွေကို ရောင်းထုပ်ဖို့လိုအပ်သေးတယ်။
ဒါပေမယ့် ဒီနောက်ပိုင်း ကလပ်ကမ္ဘာ့ဖလားပြိင်ပွဲမှာ ချယ်ဆီး အသင်းရဲ့ ခံစစ်က မနှစ်ကဘောလုံးရာသီကထက်တော့ ပိုပြီး နည်းနည်းလေးကောင်းလာတာကို သတိထားမိတယ် ။ အခုချိန် ချယ်ဆီး အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးမှ မရှိဘူး ။ ဒီလို ကမ္ဘာ့အဆင့်ကစားသမား တစ်ဦးမှ မရှိပဲ ချယ်ဆီး အသင်းခံစစ်ကို ဘယ်သူကဦးဆောင်နေတာလဲဆိုရင် မာရက်စကာအနေနဲ့ အဆင်ပြေသလို အသုံးပြုနေတာ ။ ဒါပေမယ့် လက်ရှိ ချယ်ဆီး အသင်းရဲ့ ခံစစ်ကို ဦးဆောင်ပြီး ခံစစ်နေရာအတွက် မရှိမဖြစ်အရေးပါနေတာက လီဗိုင်း ကိုလ်ဝဲလ်ပဲ ။ လီဗိုင်း ကိုလ်ဝဲလ် က သူဘယ်လောက်ကောင်းလဲ ၊ ဘယ်လောက်တည်ငြိမ်လဲ ဆိုတာကို အရှေ့မှာ ကောင်းကောင်းကြီး သက်သေပြပြီးပါပြီ ။ ဒါပေမယ့် အသက်အရွယ် ငယ်ရွယ်တာကြောင့် အသင်းကို ရာနှုန်းပြည့် ဦးဆောင်နိုင်ဖို့ဆိုတာကတော့ အတွေ့အကြုံတွေအများကြီးလိုအပ်သေးတယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ မနှစ်ကဘောလုံးရာသီ အစပိုင်းလောက်တုန်းထဲက ချယ်ဆီး အသင်းရဲ့ အဓိကခံစစ်အတွဲအဖြစ် ကိုလ်ဝဲလ် နဲ့ ဖိုဖာနာကို သတ်မှတ်ထားပေမယ့် ခနခန ဒဏ်ရာရရှိနေတဲ့ ဖိုဖာနာ ကြောင့် ကိုလ်ဝဲလ်လည်း တော်တော်လေးကို ရုန်းကန်ခဲ့ရတယ် ။
ကိုလ်ဝဲလ် - ချာလိုဗာ ၊ ကိုလဲဝဲလ် - တိုဆင် စသဖြင့် ခံစစ်အတွဲတွေကို ပြောင်းလဲအသုံးပြုခဲ့ပြီး အချိန်ကြာလာတာနဲ့ အမျှ ပိုမိုတည်ငြိမ်တဲ့ ခံစစ်တန်း တစ်ခုကိုတော့တွေ့မြင်လာရတယ်။ ကိုလ်ဝဲလ် ကလည်း အများကြီး တိုးတက်လာတာကို သိသိသာသာ သတိထားမိတယ် ။ အရင်ကထက် ပိုမိုတည်ငြိမ်လာတယ် ၊ အရင်ကထက် အသင်းကို ပိုပြီး ဦးဆောင်နိုင်လာတယ် ။ မာတယ် ၊ ကြမ်းတယ် ၊ လိုအပ်ရင် လိုအပ်သလို အဝါကဒ် နဲ့လည်း လဲနိုင်တယ် ။ ၄ ယောက်တန်း ခံစစ်မှာလည်း ကစားနိုင်သလို ၃ ယောက်တန်းခံစစ်မှာလည်း အကောင်းဆုံးကစားနိုင်တယ် ။ လွန်ခဲ့တဲ့ နှစ်တွေထဲက အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ကော့ဟမ်းထုက်ကုန် တစ်ခုကတော့ အခုချိန်မှာ ချယ်ဆီး အသင်းကို အများကြီး အကျိုးပြုနေပါပြီ ။ အခုလက်ရှိချယ်ဆီး အသင်းရဲ့ ခံစစ်ကို ဦးစီးဦးဆောင်လုပ်နေတဲ့ ကစားသမားကတော့ အသက် ၂၂ နှစ်အရွယ် ကော့ဟမ်း အကယ်ဒမီထွက် ကစားသမား လီဗိုင်း ကိုလ်ဝဲလ်ပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#levicolwill
#chelsea
#defender
#premierleague
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
