ပြင်သစ် လိဂ်ဂူး ၂ ကို တန်းဆင်းရတော့မယ့် လိုင်ယွန်အသင်း

Ma Nyein
3w ago
Sport Articles
ပြင်သစ် လိဂ်ဂူး ၂ ကို တန်းဆင်းရတော့မယ့် လိုင်ယွန်အသင်း

ဘဏ္ဍာ​ရေးစည်းမျဉ်းနဲ့ မညီမျှမှု​ကြောင့် ပြင်သစ်အမှတ်​ပေးဖလား (၇)ကြိမ်ချန်ပီယံလိုင်ယွန်ဟာ လီဂူး-၂ထံ တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရတော့မှာပဲဖြစ်ပါတယ်။ဒီပြစ်ဒဏ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က ပြင်သစ်ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပြီး လိုင်ယွန်ပရိသတ်များအတွက် ကြီးမားသော ထိတ်လန့်စရာ သတင်းဖြစ်ပါတယ်။လိုင်ယွန် အသင်းက မနှစ်ကဘောလုံးရာသီမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ အတူ ပြင်သစ် လိဂ်ဂူးဝမ်း အမှတ်ပေးဇယားမှာ ခက်ခက်ခဲခဲ နဲ့ နောက်ဆုံးပွဲစဥ်အထိ အကြိတ်အနယ် ယှဥ်ပြိုင်ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ဥရောပဝင်ခွင့်တစ်နေရာကိုလည်း ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ လိုင်ယွန်အသင်းက ယူ ရို175သန်းအ​ကြွေးတင်​နေပြီး အဆိုပါပြဿနာကို​ဖြေရှင်းဖို့​ရေယန်ချာကီကိုမန်စီးတီးထံ​ရောင်းချခြင်း၊အသင်းပိုင်ရှင်ဂျွန်တက်ဇ်တာရဲ့ခရစ္စတယ်ပဲ​လေ့စ်မှရှယ်ယာ​တွေကို ထုတ်​ရောင်းခြင်းများပြုလုပ်ခဲ့​ပေမယ့် ​ဆေးမမီလိုက်ဘူး။ဒါနဲ့ပဲ မလိုချင်တဲ့တန်းဆင်းခြင်းကို ပိုင်ဆိုင်သွားပါ​တော့တယ်။

ပြီးခဲ့တဲ့ပြင်သစ်လီဂူး-၁မှာအဆင့်(၆)​နေရာနဲ့ရာသီသိမ်းကာဥ​ရောပဝင်ခွင့်ရရှိထားတဲ့လိုင်ယွန်အ​နေနဲ့ အယူခံတင်သွင်းခြင်းသာ ​ရွေးချယ်စရာရှိပါ​တော့တယ်။သူတို့ကိုယ်တိုင်ကလည်းပြစ်ဒဏ်အမိန့်ထွက်​ပေါ်လာပြီး​နောက်သူတို့ဘက်ကအမှားအယွင်းမရှိ​ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အယူခံရှုံးရင်​တော့ လိုင်ယွန်ဟာ​နောက်ရာသီမှာ လီဂူး-၂ က​နေ ယှဉ်ပြိုင်ရဖို့ဖြစ်သွားပါလိမ့်မယ်။လိုင်ယွန်ဟာ ယူ ရို 175 သ န်း ကြွေးမြီရှိနေပြီး ဒီဘဏ္ဍာရေးအကြပ်အတည်းကို ဖြေရှင်းဖို့ တိကျသေချာတဲ့ အနာဂတ်အစီအစဉ် မရှိတဲ့အတွက် တန်းဆင်းပြစ်ဒဏ်နဲ့ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံရဖို့ ဖြစ်လာခဲ့ပါတယ်။ဒီနွေမှာ လိုင်ယွန်ဟာ အသင်းရဲ့ကွင်းလယ်လူ Ryan Cherki ကို မန်စီးတီးဆီ ယူ ရို 42.5 သ န်း နဲ့ လက်လွှတ်ခဲ့ပြီး အသင်းပိုင်ရှင် John Textor ကလည်း သူ့ရဲ့ ခရစ္စတယ်ပဲလေ့စ်ရှယ်ယာတွေကို ယူ ရို 237 သ န်း နဲ့ လက်လွှတ်ခဲ့ပါတယ်။ဒါပေမယ့်လည်း ပြင်သစ်ကလပ်တွေရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို စိစစ်အကဲဖြတ်တဲ့အဖွဲ့ DNCG ကနေ လိုင်ယွန်ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ လုံလုံလောက်လောက် မတိုးတက်ခဲ့ဘူးလို့ ဆုံးဖြတ်ပြီး ခုလို တန်းဆင်းဖို့ ပြစ်ဒဏ်ချခဲ့တာပဲဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ DNCG မှ စစ်ဆေးမှုများပြုလုပ်ပြီးနောက် လိုင်ယွန် အသင်းအပေါ် အခုလို ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။လိုင်ယွန်အသင်းကဘဏ္ဍာရေး မတည်ငြိမ်မှုများကြောင့် နိုဝင်ဘာလကတည်းက သတိပေးခံထားရပြီး လိုအပ်သည့် ငွေကြေးများကို ဖြည့်ဆည်းရန် အချိန်ပေးခဲ့သော်လည်း အချိန်မီမလုပ်ဆောင်နိုင်ခဲ့တာကြောင့်ပဲ အခုလို ပြစ်ဒဏ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ တကယ်လို့ လိုင်ယွန် အသင်းအနေနဲ့ တန်းဆင်းသွားခဲ့ရင် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တန်းဆင်းရခြင်း ဖြစ်လာမှာပါ။ လိုင်ယွန် အသင်းရဲ့ အယူခံဝင်ခြင်းရလဒ်က အသင်းရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးလာပြီဖြစ်သည်။ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ပြင်သစ် လိဂ်ဂူး ၂ ကို တန်းဆင်းရတော့မယ့် လိုင်ယွန်အသင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#ligue2

#lyon

#ryancherki

#midfielder

#france

Leave a reply