အပြောင်းအရွှေ့ဈေးကွက်မှာ သွားရှုပ်လို့မရတဲ့ လီပါပူး အသင်း

Admin
4w ago
Sport Articles
အပြောင်းအရွှေ့ဈေးကွက်မှာ သွားရှုပ်လို့မရတဲ့ လီပါပူး အသင်း

လီပါပူး အသင်းက သူတို့ရဲ့ နည်းပြကြီး ယာဂန် ကလော့ထွက်ခွာသွားပြီးနောက် နည်းပြအသစ် အာနေးစလော့ ရဲ့ လီပါပူး နည်းပြဘဝ ပထမဆုံးရာသီမှာပဲ ပြိုင်ဆိုင်မှူ ပြင်းထန်ပြီး ဆုဖလားကိုင်မြှောက်နိုင်ဖို့ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို သူတို့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ အတူ ဘောလုံးရာသီ မပြီးဆုံးခင် အချိန်မှာပဲ အရသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ လီပါပူး အသင်းက သိပ်ကိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ နောက်ရာသီမှာ ဒီချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို အကောင်းဆုံးကာကွယ်နိုင်ဖို့ အတွက် အသင်း ရဲ့ ကစားသမား အင်အားကို ပိုမိုတောင့်တင်းအောင် ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုပြီး အရည်အသွေးမြင့် ကစားသမားတွေ တစ်ဦးပြီး တစ်ဦးကို ခေါ်ယူနေတာပဲဖြစ်ပါတယ်။ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားဖြစ်တဲ့ အာနိုးတစ်ယောက် အသင်းကနေ ထွက်ခွာသွားပေမယ့် အသက်အရွယ် ငယ်ရွယ်ပြီး အရည်အချင်းပိုင်း မှာ ဘာမှပြောစရာမလိုတဲ့ ဖရင်ပေါင် လိုကစားသမားမျိုးကို ကောင်းကောင်းကြီး အစာထိုးနိုင်ခဲ့သလို ကွင်းလယ်တိုက်စစ် အတွက်လည်း လီဘာကူဆင် အသင်း ရဲ့ ဂျာမန် ကစားသမား ဖလိုရီယန်ဝက်ဇ် ကို အရခေါ်ယူထားနိုင်တာပဲဖြစ်ပါတယ်။


ဒီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အသင်းကြီးတိုင်းက လှုပ်လှုပ်ခက်ခက်ဖြစ်နေပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ကောင်းကောင်ကြီး လှုပ်ရှားနေတဲ့ အသင်းတွေကတော့ မန်စီးတီး အသင်းနဲ့ လီပါပူး အသင်းတို့ပဲဖြစ်ပါတယ်။ လီပါပူး အသင်းက အထောင်တိုက်စစ်မှူး နေရာအတွက်လည်း ကစားသမား အသစ်တစ်ယောက်ခေါ်ယူပြီး အသင်းမှာ ရှိပြီးသား တိုက်စစ်မှူးတွေကိုလည်း ရောင်းချနိုင်ဖို့ အတွက် အာရုံစိုက်နေတဲ့ အချိန် တစ်ဖက်မှာလည်း ဗဟိုခံစစ်မှူး တစ်ယောက်ကို အရခေါ်ယူနိုင်ဖို့ အတွက် စတင်လှုပ်ရှားနေပြီပဲဖြစ်ပါတယ်။ လီပါပူး အသင်းကဘုန်းမောက်ဘယ်နောက်ခံလူမီလော့စ်ခါကက်ဇ်ကိုပေါင်သန်း၄၀နဲ့ခေါ်ယူဖို့သဘောတူညီမှုရယူနိုင်ပြီးနောက်လီဗာပူးလ်ရဲ့ ၂၀၂၅‌ နွေရာသီအသုံးစရိတ်က စုစုပေါင်း ပေါင်သန်း၁၇၀အထိရှိလာပါတယ်။မာဆေးဆိုက်ကလပ်ဟာဖရင်ပေါင်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူထားသ လိုဖလိုရီယန်ဝက်ဇ်ကလည်းပေါင်သန်း ၁၀၀ နဲ့ လီပါပူး အသင်းကို ရောက်လာတော့မှာပါ။ လီပါပူး အသင်းက လိုအပ်နေတဲ့ နေရာတိုင်းကို ဖြည့်တင်းထားနိုင်တယ်လို့ပြောရမယ်။ လီပါပူး အသင်းက ဗဟို ခံစစ်မှူးနေရာအတွက် ခရစ္စတယ်ပဲလေ့ အသင်းရဲ့ အင်္ဂလန်နောက်ခံ ကစားသမား မာ့ဂူဟီ အတွက် စုံစမ်းမှုအချို့ပြုလုပ်ထားပါပြီ။


လီပါပူး အသင်းက အသင်းခေါင်းဆောင် ဗန်ဒိုက်ကို စာချုပ်သက်တမ်းတိုးထားပေမဲ့ ကိုနာတေးက အခုချိန်ထိ စာချုပ်သစ်အဆင်မပြေသေးပါဘူး။ကွမ်ဆက်ကလည်း လေဗာကူဆင်ကို သွားတော့မှာမို့ ခံစစ်ပိုင်းကသေချာပေါက်အားဖြည့်ရမှာပါ ။လီပါပူး အသင်းအနေနဲ့ မာ့ဂူဟီ အပြင် အခြားစောင့်ကြည့်နေတဲ့ ကစားသမားတွေထဲမှာ အေဂျက်က ဟက်တို နဲ့ အဲဗာတန်က ဘရိတ်ဝိတ်တို့လည်းပါဝင်ပါတယ်။ လီပါပူးအသင်းက ပဲလေ့စ်နောက်ခံလူဂူဟီအတွက် အနည်းဆုံးပေါင်သန်း ၅၀ သုံးစွဲဖို့ပြင်ဆင်ထားပါတယ်။ လီပါပူး အသင်းက သူတို့အားဖြည့်ဖို့ လိုအပ်နေတဲ့ ဗဟိုခံစစ်မှူးနေရာအတွက် ကောင်းကောင်းကြီးကို လှုပ်ရှားပြနေတာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#liverpool

#arneslot

#coach

#transfer

#virgilvandijk

Leave a reply