လီပါပူး အသင်း စာချုပ်သစ် ချုပ်ဆိုသင့်တဲ့ ကစားသမား

Admin
2mos ago
Sport Articles
လီပါပူး အသင်း စာချုပ်သစ် ချုပ်ဆိုသင့်တဲ့ ကစားသမား

ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ အားနည်းချက်တွေကို ဒီရာသီမှာ သေသေချာချာ ကို မြင်တွေ့ခဲ့ရပြီး ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့လည်း ဆိုးဝါးတဲ့ ရာသီတစ်ခုကို ကျော်ဖြတ်နေရတာပဲဖြစ်ပါတယ်။ ဖလားလက်မဲ့ ရာသီတစ်ခုကို ကျော်ဖြတ်ရဖို့ အတော်လေးကို နီးစပ်နေတာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေက နောက်ရာသီမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့အတွက် အသင်းရဲ့ အဓိက လိုအပ်နေတဲ့ နေရာတွေ အတွက် ကစားသမားသစ်ခေါ်ယူမှုတွေ ၊ လိုချင်တဲ့ ကစားသမားထံ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ရရှိအောင် ချဥ်းကပ်မှုပြုလုပ်တာတွေကို ခပ်စိမ့်စိမ့် ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက ပြောင်းရွှေ့ကြေး အမြောက်အများသုံးပြီး ခေါ်ယူတာထက် အသင်းရဲ့ အရှိန်အဝါ ၊ အသင်းရဲ့ ကြီးကျယ်ခမ်းမှု ၊ အသင်းရဲ့ ဂုဏ်နဲ့ တစ်ဖတ်အသင်းကို ဖိအားကောင်းကောင်းပေးပြီး သင့်တင့်သလောက် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားခေါ်ယူတာတွေ ၊ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့်အချိန်ထိ စောင့်ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိအောင် လုပ်ထားတဲ့ ပုံစံတွေနဲ့ အမြဲလိုလို လူခေါ်ယူတက်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။


မကြာသေးခင် အချိန်တုန်းကပဲ လီပါပူး အသင်းရဲ့ အကယ်ဒမီ ထွက်ကစားသမား တစ်ဦးဖြစ်တဲ့ အလက်ဇန်းနား အားနိုးလိုကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရအောင်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။ အခုချိန်မှာလည်း အသင်းအတွက်အဓိက လိုအပ်နေတဲ့ ဗဟို ခံစစ် ကစားသမားတွေကို ဆက်လက်ရှာဖွေနေတာပဲဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ အဓိက ဗဟို ခံစစ် ကစားသမားတွေဖြစ်ကြတဲ့ ရူဒီဂါ နဲ့ အလာဘာ တို့က အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးတွေ ပိုင်ဆိုင်ခဲ့ကြပေမယ့် အခုချိန်မှာတော့ ကစားသမား အတောက်ပဆုံး အချိန်တွေကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ မီလီတာအို ကလည်း နောက်ဆုံး ၃ ရာသီမှာ အဆိုးဝါးဆုံး ဒဏ်ရာပြဿနာ ကို ၂ ကြိမ်တိုင်တိုင်ကြုံတွေ့ခဲ့ရပြီး အရင်လိုမာမာထန်ထန် နဲ့ ပြည့်စုံတဲ့ ကစားသမားတစ်ယောက် ဘယ်လိုမှ မဖြစ်လာနိုင်တော့ပါဘူး ။ ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းက သူတို့ အသင်းအတွက် အမှန်တကယ် လိုအပ်နေတဲ့ ကစားသမားတွေကို ဈေးကွက်ထဲမှာ အသည်းအသန်ရှာဖွေနေတာပဲဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ စိတ်ဝင်စားနေတဲ့ ဗဟိုခံစစ် ကစားသမား စာရင်းမှာ လီပါပူး အသင်းရဲ့ ကစားသမား ကွန်နာတေး လဲ ပါဝင်နေတာပဲဖြစ်ပါတယ်။ လီပါပူး အသင်းက ကွန်နာတေးကို စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ကွန်နာတေးကလည်း လီပါပူး အသင်းမှာ ပျော်ရွှင်နေပြီး လီပါပူး အသင်းမှာပဲ ဆက်လက် ကစားချင်နေတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ကွန်နာတေးရဲ့ စာချုပ် သက်တမ်းက ၂၀၂၆ မှာကုန်ဆုံးတော့မှာဖြစ်တာကြောင့် လီပါပူး အသင်းအနေနဲ့ အာနိုးရဲ့ အပြောင်းအရွှေ့ကို သာဓက ယူပြီး ကွန်နာတေးကို စာချုပ်သစ် အမြန်ချုပ်ဆိုနေတာပဲဖြစ်ပါတယ်။ ကွန်နာတေး တစ်ယောက် လီပါပူး အသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုသွားမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#liverpool

#realmadrid

#ibrahimakonate

#defender

Leave a reply