ဖာဂူဆန်ရဲ့ နောက်ဆုံးမျိုးဆက်တွေထဲက အတောက်ပဆုံး ကစားသမား

မန်ချက်စတာယူနိုက်တက် အသင်းက ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။နည်းပြကြီး ဖာဂူဆန် လက်ထပ် မန်ချက်စတာယူနိုက်တက် အသင်းက တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပြီး ပြိုင်ဘက် အသင်းတိုင်း ရင်မဆိုင်ရဲလောက်တဲ့ အထိ ကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။ ဖာဂူဆန် က ကစားသမားကောင်းများစွာကို မွေးထုပ်နိုင်ခဲ့တဲ့ နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဖာဂူဆန် ခေတ်အလွန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက တဖြည်းဖြည်းနဲ့ အကျပိုင်းကိုရောက်ရှိလာခဲ့ပါတယ်။ ဖာဂူဆန် မန်ချက်စတာယူနိုက်တက် အသင်းက မထွက်ခွာခင် နောက်ဆုံးဘောလုံးရာသီတွေကဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းက ဒုတိယတန်းစား ကစားသမာတော်တ်ောများများနဲ့ ဖွဲ့စည်းထားပေမယ့် ဆုဖလားတွေကို စိန်ခေါ် နိုင်တဲ့အထအထိ ကြောက်စရာ အကောင်းဆုံး အသင်းတစ်သင်း အဖြစ် ဆက်လက်ရှိနေဆဲပါ။
ဖာဂူဆန် ရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြနောက်ဆုံးမျိုးဆက်တွေထဲမှာမှ ဘောလုံးဇာတ်ခုံပေါ်မှာ အကောင်းဆုံး ဆက်လက်တောက်ပနေမယ့် ကစားသမားတစ်ဦးရှိခဲ့ပါတယ်။ အဲ့ဒီ ကစားသမားကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် ကစားသမား နာနီပဲဖြစ်ပါတယ်။ နာနီ က ရော်နယ်ဒို တို့လို ရွန်းနီ တို့လို ပွဲတိုင်းဂိုးတွေ အမြောက်အများသွင်းပေးနိုင်တဲ့ ကစားသမား တစ်ဦးမဟုတ်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်း ကျဥ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန် ပြန်လည်ရုန်းထဖို့ လိုအပ်နေတဲ့ အချိန်တိုင်း အသင်းကို ကယ်တင်ပေးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ တစ်ဦးချင်းကျော်ဖြတ်ပုံကို အလွန်ကောင်းမွန်တဲ့ နာနီက မန်ချက်စတာယူနိုက်တက် အသင်းအတွက်ဆိုရင် ပေးဆပ်ချင်စိတ် ၊ နိုင်ပွဲ ဆာလောင်စိတ် ၊ တိုက်ပွဲဝင်လိုစိတ်တွေ ပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ စပို့တင်း အသင်းမှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့တဲ့ နာနီကို မန်ချက်စတာယူနိုက်တက် ရဲ့ နည်းပြကြီး ဖာဂူဆန်က 2007 ခုနှစ်က အသင်းကို ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ နာနီ က တစ်ဦးချင်းကျော်ဖြတ်ပုံတွေ အလွန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ပြိုင်ဘက် အသင်းသားတွေက နာနီ ခြေထောက်ထဲ ဘောလုံးရောက်သွားမှာကို ကြောက်ရတဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ နာနီ က မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရောက်ချင်းရာသီမှာပဲ အသင်းဖော်တွေနဲ့ အကောင်းဆုံး ချိတ်ဆက် ကစားနိုင်ပြီး သူရဲ့ လှပသေသက်တဲ့ အဝေးကန်ချက်တွေ ၊ တိကျသေချာတဲ့ ဖြတ်တင်ဘောတွေကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတစ်နေရာမှာ နေရာစတင်ရလာခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ဖလား 2 လုံးကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
နာနီက သူ့ရဲ့ အသင်းပေါ် ချစ်စိတ် ၊ ပေးဆပ်ကစားချင်စိတ် ၊ အနစ်နာခံမှု တွေကြောင့် မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေ အတွက် အချစ်တ်ော ကစားသမား တစ်ဦးဖြစ်လာခဲ့တယ်။ ရော်နယ်ဒို မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာသွားတဲ့ အချိန်မှာတော့ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်က နာနီ ပေါ်ကိုရောက်ရှိလာခဲ့တယ်။ နာနီ က ဧရိယာ အပြင်ကနေ လှပသေသပ်တဲ့ ဂိုးတွေကို အမြဲလိုလို သွင်းယူနိုင်တဲ့ အပြင် တောင်ပံ နှစ်ဖက်လုံးမှာပါ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ နည်းပြကြီး ဖာဂူဆန် အသင်းက ထွက်ခွာသွားတဲ့ အချိန်မှာတော့ နာနီ ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့ပြီး အသင်းဟောင်း စပို့တင်း အသင်းကို အငှားထွက်ရောက် ကစားခဲ့ရတဲ့ အပြင် နောက်ဆုံးမှာတော့ ဖီနာဘာဂျီ အသင်းကို အပြီးပြောင်းရွှေ့ခဲ့ရပါတယ်။ နာနီ က မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဖာဂူဆန် ခေါ် ယူခဲ့တဲ့ ကစားသမားတွေထဲက အကောင်းဆုံးခေါ် ယူမှု တစ်ခုဖြစ်ခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ဖာဂူဆန်ရဲ့ နောက်ဆုံးမျိုးဆက်တွေထဲက အတောက်ပဆုံး ကစားသမား ဖြစ်ခဲ့တဲ့ နာနီ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#alexferguson
#nani
#winger
#premierleague
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
