မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒုတိယအကြိမ် မြောက် ယူရိုပါလိဂ်ဖလားကိုကိုင်မြှောက်နိုင်ပါ့မလား

၂၀၁၆-၁၇ ဘောလုံးရာသီမှာ အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက သူတို့အသင်း သမိုင်းတစ်လျောက် ပထမဆုံးသော ယူရိုပါလိဂ်ဖလားကြီးကို နည်းပြကြီး မော်ရင်ဟို ရဲ့ လမ်းပြပေးမှုနဲ့ အတူ အရယူနိုင်ခဲ့တယ်။ အဲ့ချိန်တုန်းကဆို မော်ရင်ဟို လုပ်ပြခဲ့တာတွေက တကယ့်ကို မယုံနိုင်စရာပါပဲ ။ မန်ချက်စတာယူနိုက်တက် က ယူရိုပါလိဂ် အုပ်စုပွဲစဥ်မှာ နယ်သာလန် ကလပ် Feyenoord ၊ ယူကရိန်း ကလပ် Zorya Luhansk ၊ တူရကီ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Fenerbahçe အသင်းတွေနဲ့ တစ်အုပ်စုထဲ ကျရောက်ခဲ့ပြီး လေးပွဲ အထိ အနိုင်ယူနိုင်ခဲ့ပြီး ၂ပွဲ ရှုံးနိမ့်ကာ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက ၃၂ သင်းရှုံးထွက်ပွဲစဥ်မှာ ပြင်သစ် ကလပ် Saint-Étienne ကို နှစ်ကြော့ပေါင်းရလဒ် ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို ဆက်လက်ချီတက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
၁၆ သင်းရှုံးထွက်ပွဲစဥ်မှာတော့ ရုရှားကလပ် Rostov ကို နှစ်ကြော့ပေါင်း ရလဒ် ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ကွာတာဖိုင်နယ် အဆင့်မှာတော့ ဘယ်ဂျီယံကလပ် Anderlecht ကို နှစ်ကြော့ပေါင်းရလဒ် ၃-၂ ဖြင့်ခက်ခက်ခဲခဲ အနိုင်ယူကာ ဆီးမီးဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ဆီးမီးဖိုင်နယ် အဆင့်မှာတော့ စပိန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ Celta Vigo ကို အနိုင်ယူအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် နဲ့ ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ် ဖိုင်နယ် မှာတော့ အေဂျက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂-၀ မရှိနဲ့ အနိုင်ယူကာ သမိုင်းတစ်လျောက် ပထမဆုံး ယူရိုပါလိဂ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဆုဖလားမှာ ကစားသမားတွေက အရေးပါသလို နည်းပြ မော်ရင်ဟိုရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ Zlatan Ibrahimović ၊ Marcos Rojo ၊Luke Shaw ၊ Ashley Young တို့က ဒဏ်ရာပြသနာနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် ဖိုင်နယ်ပွဲကို လွဲချော်ခဲ့တဲ့ အပြင် ခံစစ်မှာ အဓိက အရေးပါတဲ့ Eric Bailly ကလည်း ဆီးမီးဖိုင်နယ် အဆင့်မှာ အနီကဒ်ပြသခံခဲ့ရတာကြောင့် ဖိုင်နယ်ပွဲကို လွဲချော်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို အသင်းရဲ့ အဓိက ကစားသမားတွေ မပါဝင်တာတောင် မန်ချက်စတာယူနိုက်တက်အသင်းက ယူရိုပါလိဂ်ဖလားကို အရယူနိုင်ခဲ့တယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီမှာလည်း မန်ချက်စတာယူနိုက်တက် အသင်းက ယူရိုပါလိဂ် ပြိုင်ပွဲကို နောက်တစ်ကြိမ် သိမ်းပိုက်နိုင်ဖို့ အတွက် အကောင်းဆုံးအခြေအနေမှာရောက်ရှိနေပြီပဲဖြစ်ပါတယ်။
ဒီနှစ် ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက် အသင်းက FC Twente ၊ FC Porto ၊ Fenerbahçe ၊PAOK ၊ Bodø/Glimt ၊ Viktoria Plzeň ၊ Rangers ၊ FCSB စတဲ့ မာကြောခက်ထန်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၅ပွဲ နိုင် ၃ ပွဲသရေ ရှုံးပွဲ တစ်ပွဲမှ မရှိပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၁၆ သင်းရှုံးထွက်ပွဲစဥ်မှာ Real Sociedad အသင်းကို ပြတ်ပြတ်သားသား အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပါတယ် ။ ကွာတားဖိုင်နယ် အဆင့်မှာတော့ လိုင်ယွန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပင်ပင်ပန်းပန်းနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ကာ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ် ။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ နောက်ထပ် စပိန် အသင်းတစ်သင်းဖြစ်တဲ့ ဘီဘာအို အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်ကြော့စလုံးကို ပြတ်ပြတ်သားသား အနိုင်ယူကာ ယူရိုပါလိဂ် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဖိုင်နယ် ပွဲစဥ်အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ စပါး အသင်းက ဒီနှစ်ဘောလုံးရာသီ နှစ်ကြိမ်ထိပ်တိုက်တွေ့ဆုံထားပြီး စပါးက နှစ်ကြိမ်လုံးကို အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဖလားလက်မဲ့ ရာသီတစ်ခုကို မဖြတ်သန်းချင်လို့ ဒီယူရိုပါလိဂ်ဖလားတစ်ခုတည်း အတွက်သာဦးတည်လာတဲ့ အင်္ဂလန်နှစ်သင်း ၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအခြေအနေမှာ အခြေအနေဆိုးဝါးနေတဲ့ သူတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲက အတော်ကို ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာပါ ။မန်ချက်စတာယူနိုက်တက်အသင်းက ရှုံးပွဲမရှိစံချိန်နဲ့ အသင်းသမိုင်းတစ်လျောက် ဒုတိယမြောက် ယူရိုပါလိဂ်ဖလားကြီးကို နောက်တစ်ကြိမ် ကိုင်မြှောက်နိုင်မလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#europaleague
#josemourinho
#premierleague
#semifinal
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
