ဆန်ချို က ဒီလို အဆင့်မှာ ရှိနေရမယ့် ကစားသမားလား

Admin
1mo ago
Sport Articles
ဆန်ချို က ဒီလို အဆင့်မှာ ရှိနေရမယ့် ကစားသမားလား

လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်လောက်က ဘောလုံးပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာ အမြဲလိုလို ကြားနေရတဲ့ စကားတစ်ခွန်းရှိတယ် ။ အဲ့တာကတော့ ဂျေဒန် ဆန်ချို က အရည်အသွေး ၊ ပါရမီ နဲ့ အလားအလာကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့်ကစားသမားဆိုတဲ့ ချီးကျူးတဲ့ စကားပဲ ။ ဟုတ်ပါတယ် ဂျေဒန် ဆန်ချိုကလည်း အဲ့ချိန်တွေတုန်းက အရမ်းကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ ကမ္ဘာ့အဆင့် ခြေစွမ်းတွေနဲ့ အတူ ဂျေဒန်ဆန်ချို တစ်ယောက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်ဦးချင်းကျော်ဖြတ်ပုံတွေကောင်းတယ် ၊ လှပတဲ့ ကစားပုံ ကစားကွက် ရှိတယ် ။ ပါရမီ နဲ့ အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားတယ်။ အရည်အသွေး ပိုင်းကောင်းတာလည်း မပြောနဲ့လေ ဖိုဒန် တို့နဲ့အတူ မန်စီးတီး အကယ်ဒမီကနေ အတူတူထွက်ပေါ်ခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်တာကို ။မန်ချက်စတာယူနိုက်တက် လို အသင်းမျိုးကတောင် ဂျေဒန်ဆန်ချို ကို ခေါ်ယူချင်လို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီး ပြောင်းရွှေ့ကြေးလည်း အမြောက်အများ အသုံးပြုခဲ့ရတယ်။


ဒေါ့မွန် အသင်းနဲ့ အတူ ထွန်းတောက်လာခဲ့တဲ့ ဂျေဒန် ဆန်ချိုက ဘယ်လို ကစားသမား ဖြစ်လည်းဆိုတာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ဥရောပ ပြိုင်ပွဲကြီးတွေမှာတောင် အကြိမ်ကြိမ် သက်သေပြပြီးပြီပဲဖြစ်ပါတယ်။ အခုလက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေပါဆိုတဲ့ ဟာလန်း တို့ ဘယ်လင်ဟမ် တို့ဆိုတာ တစ်ချိန်ကဒေါ့မွန် အသင်းမှာ ဆန်ချိုနဲ့ အတူတူ တွဲကစားခဲ့ကြတဲ့ ကစားသမားတွေပေါ့ ။ အဲ့ဒီ အချိန်တုန်းက ဆန်ချိုက စီနီယာတစ်ယောက်ဖြစ်ပြီး တော်တော်လေးကို တောက်ပခဲ့တဲ့ လူငယ်ကြယ်ပွင့် တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဂျေဒန် ဆန်ချို ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ခဲ့ကြတဲ့ ဟာလန်း တို့ ဘယ်လင်ဟမ်တို့က ကစားသမား ဘဝ ကအဆင့်အတန်း တစ်ခုကို ရောက်ရှိနေကြပေမယ့် သူတို့ကို ဦးဆောင်ခဲ့တဲ့ ဂျေဒန် ဆန်ချိုကတော့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကရဲ့ အတောက်ပဆုံးလူငယ်ကစားသမားဖြစ်ခဲ့တဲ့ ဆန်ချိုက အခုချိန်မှာဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းကနေ ချယ်ဆီး အသင်းကို တစ်ရာသီ အငှားထွက်ကစားခဲ့ပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေကိုတော့ မပြသနိုင်ခဲ့ပါဘူး ။ အဲ့တာကြောင့်ပဲ ချယ်ဆီး အသင်းက ဂျေဒန်ဆန်ချိုလို ကစားသမားမျိုးကို ပေါင် ၂၅ သန်းထဲနဲ့ ရရှိမှာကို မဝယ်ယူပဲ မန်ချက်စတာယူနိုက်တက် အသင်းကို စာချုပ်ပါလျော်ကြေး ၅ သန်းပေးပြီး ဆန်ချိုကို အပြီးသတ် ဝယ်ယူဖို့ ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကလည်း အသင်းရဲ့ အနာဂတ်အစီစဥ် တွေမှာ ဆန်ချို မပါဝင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီး အသင်းကနေ ရောင်းချဖို့ စီစဥ် နေတာပဲဖြစ်ပါတယ်။


ဆန်ချို အနေနဲ့ အခုချိန်မှာ အသင်းအသစ်ရှာဖွေဖို့အတွက်တောင်တော်တော်လေးကိုခက်ခဲနေပြီး ဂျေဒန် ဆန်ချိုရဲ့ ခြေစွမ်းကို အားလုံးက သံသယ ရှိနေခဲ့ကြတာပဲဖြစ်ပါတယ်။ ဆန်ချို ရဲ့ ပါရမီ ၊ ဆန်ချို ရဲ့ အရည်အသွေးတွေနဲ့ဆိုရင် ဆန်ချိုက ဒီလိုအဆင့်အတန်းမှာ ရှိနေရမယ့် ကစားသမားတစ်ယောက်မဟုတ်ပါဘူး ။ သူက ဘယ်လို ကစားသမားလဲ ၊ ဘယ်လို ခြေစွမ်းမျိူးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားလဲဆိုတာ ကမ္ဘာ့ဘောလုံးလောက ကို အကြိမ်ကြိမ် သက်သေပြပြီးသားကစားသမားဖြစ်ပါတယ်။ ဂျေဒန်ဆန်ချို ဘာတွေမှားနေခဲ့တာလည်း ။ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန်တွေမှာ မတည်မငြိမ်ဖြစ်နေပြီး ပြန်လည်တည်ဆောက်နေဆဲ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့ရလို့လား ။ ဒါမှမဟုတ် တောင်းဆိုမှုများတဲ့ သူ့ရဲ့ ကစာပုံကြောင့်လား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#manchesterunited

#jadonsancho

#chelsea

#leftwinger

#transferplayer

Leave a reply