မန်ချက်စတာ ယူနိုက်တက် – သမိုင်းဝင် ၁၉၉၈-၉၉ ဖလား ၃လုံး အောင်မြင်မှု

ဘောလုံးရဲ့ပရိတ်သတ်တို့ရေ... ၁၉၉၈-၉၉ ရာသီဆိုတာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် မေ့လို့မရတဲ့ အောင်မြင်မှု အချိန်ကာလတစ်ခုပါပဲ။ ပရီးမီးယားလိဂ်၊ အက်အေဖလား၊ ချန်ပီယံလိဂ် တို့ကို တစ်ရာသီတည်း လက်လွှတ်မခံပဲ အရယူနိုင်ခဲ့တဲ့ အသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက် သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ် ။ ဒီလိုအောင်မြင်နိုင်ခဲ့တဲ့အကြောင်းရင်းတွေကို တစ်ချက်တည်း ပြန်လည်သုံးသပ်ကြရအောင်။ ၁၉၉၈-၉၉ ရာသီမှာ ယူနိုက်တက်ကို ဦးဆောင်ခဲ့သူကတော့ အားလုံးသိကြတဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ပါပဲ။ ဖာဂူဆန်ဟာ သူ့ရဲ့ 𝐌𝐢𝐧𝐝 𝐆𝐚𝐦𝐞 နဲ့ 𝐓𝐞𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တွေကြောင့် အသင်းကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းတွင်း အဝတ်လဲခန်းကစလို့ ကွင်းတွင်း ၊ ကွင်းပြင် တွေအထိ မှာပါ ဖာဂူဆန် ဟာ သူ့ရဲ့ ကစားသမားတွေ အပေါ် မှာ သြဇာ လွှမ်းမိုးနိုင်ခဲ့ပါတယ် ။ သူ့နည်းပြဘဝ အောင်မြင်မှုမှာ အရေးကြီးတဲ့ အတွေးအခေါ် တစ်ခု နာမည် ကြီးခဲ့ပါသေးတယ် ။ အဲတာကတော့"𝐀𝐭𝐭𝐚𝐜𝐤 𝐰𝐢𝐧𝐬 𝐲𝐨𝐮 𝐠𝐚𝐦𝐞𝐬, 𝐛𝐮𝐭 𝐝𝐞𝐟𝐞𝐧𝐬𝐞 𝐰𝐢𝐧𝐬 𝐲𝐨𝐮 𝐭𝐢𝐭𝐥𝐞𝐬."တိုက်စစ်ဆင်နိုင်ရင် ပွဲကို အနိုင်ရမယ် ။ ဒါပေမဲ့ ခံစစ်ကောင်းမွန်အောင် ကစားနိုင်ရင်တော့ ဆုဖလားတွေ ရလိမ့်မယ် “ ဆိုပြီး သတင်းစာ ရဲ့ ခေါင်းကြီးပိုင်းတွေမှာပါ နာမည်ကျော်ခဲ့ပါတယ် ။ ဖာဂူဆန် ရဲ့ အရှိန်အဝါ နဲ့ အောင်မြင်မှုတွေ ဟာ ဒီ ၁၉၉၈-၉၉ ရာသီ က ဖလား ၃ လုံး အောင်မြင်မှုတွေက စတင်ခဲ့တယ်လို့ ပြောလို့ ရပါတယ် ။
၁၉၉၈-၉၉ ရာသီ က ဖလား ၃ လုံး အောင်မြင်မှု ရဲ့ အဓိက အရင်းအမြစ် ကတော့ နာမည်ကျော်ရွှေရောင်မျိုးဆက် လို့ခေါ်တဲ့ 𝐂𝐥𝐚𝐬𝐬 𝐨𝐟 ’𝟗𝟐 ကစားသမားတွေကြောင့် ဆိုတာ လုံးဝ အသေချာပါပဲ ။ ၁၉၉၂ အကယ်ဒမီ ထွက် လူငယ် အများစု နဲ့ ဖာဂူဆန် ဟာ ဖလား ၃ လုံး အောင်မြင်မှု ကို သိမ်းပိုက် နိုင်ခဲ့တာပါ ။ ရိုင်ယန် ရိုင်းဂစ်စ် ၊ပေါလ် စခိုးလ် ၊ ဒေဗစ် ဘက်ခမ်း ၊ နီကီ ဘတ်တ် ၊ ဂယ်ရီ နီဗီးလ် နဲ့ ဖီးလ် နီဗီးလ် ( နီဗီးလ် ညီနောင် ) စတဲ့ ကစားသမားတွေဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီ ကနေ ပေါ် ထွက်လာခဲ့ပြီး ဖလား ၃ လုံး အောင်မြင်မှု ရဲ့ အဓိက ကျောရိုးတွေ အဖြစ် အသုံးတော် ခံသွားခဲ့ပါတယ် ။ ဒီလူငယ်တွေဟာ လူငယ် ကစားသမားဘဝ ကတည်းက ဖာဂူဆန် ရဲ့ လက်အောက်မှာ တိုးတက်မှုရခဲ့ပြီး အသင်းကြီးအဆင့်ထိ ရောက်လာခဲ့ကြာတာပဲ ဖြစ်ပါတယ် ။ 𝐂𝐥𝐚𝐬𝐬 𝐨𝐟 ’𝟗𝟐 ဟာ မန်ယူရဲ့ အောင်မြင်မှုတွေအတွက် အခန်းကဏ္ဍ တစ်ခုလုံးကို ယူဆောင်ပေးခဲ့ပါ တယ်။၁၉၉၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ ဘာစီလိုနာရဲ့ အိမ်ကွင်းဖြစ်တဲ့ နူးကမ့်ကွင်းကြီး မှာ မန်ချက်စတာ ယူနိုက်တက် တို့ အတွက် သမိုင်း တစ်ခု ဖြစ်လာစေမယ့် ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ် တို့ နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကြီးကို ကျင်းပခဲ့ပါတယ်။ ပြိုင်ဘက် ဘိုင်ယန်မြူးနစ် ဟာ ပွဲအစ ၆ မိနစ်အတွင်းပဲ ဘတ်ဆာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကြောင့် ပွဲချိန်တစ်လျှောက်လုံး မန်ချက်စတာယူနိုက် အသင်း ဟာ ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ် ။ ၉၀ မိနစ်အထိ မန်ယူဟာ ရှုံးတော့မှာနီးပါး ဖြစ်နေခဲ့ပေမယ့် အချိန်ပို ၃ မိနစ် အတွင်း ပွဲစဉ်ကို တစ်ခြားတစ်ခုလို ပြောင်းလဲသွားစေခဲ့တယ်။ အဲဒီအဖြစ်အပျက်ကိုအစွဲပြုပြီး နောက်ပိုင်း မန်ချက်စတာယူနိုက်ကို ဖာဂီ ရဲ့ ၃ မိနစ် မန်ယူ လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ အထိ ခမ်းနားခဲ့ပါတယ် ။ပွဲကစားချိန် ၉၁မိနစ် မှာ တယ်ဒီ ရှရင်ဂမ် ရဲ့ ခေါင်းတိုက် သွင်းဂိုး နဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ် ။ အဲဒီ ချေပဂိုးကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်တစ်သင်းလုံး ဟာ စိတ်ဓာတ်တက်ကြွခဲ့ပြီး တဖက် ဘိုင်ယန်မြူးနစ် အသင်းကတော့ လုံးဝကို ပြိုဆင်းသွားခဲ့ပါတယ် ။ အဲဒီနောက် တရစပ် တိုက်စစ်ဆင်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကပဲ အနိုင်ဂိုးရရှိသွားပြီး မန်ယူအသင်းရဲ့ ကလေးမျက်နှာ လူသတ်သမား လို့ ချစ်စနိုး နဲ့ ခေါ် တဲ့ အိုလီဂန်နာ ဆိုးလ်ရှာ က ၉၃ မိနစ် မှာ အနိုင်ဂိုး ကို ပိတ်သိမ်းနိုင်ခဲ့ပါတယ် ။ ဒီပွဲစဉ်ကိုတော့ နာမည်ကျော် ဒိုင်လူကြီးဖြစ်တဲ့ ကော်လီနာ က ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ် ။
အချိန်ပို ၃ မိနစ် အတွင်း ဘိုင်ယန်မြူးနစ် ကစားသမားတွေရဲ့ ပျက်စီးမှုတွေနဲ့ အတူ မန်ချက်စတာ သားတို့ရဲ့အောင်မြင်မှု က မျက်စိတမှိတ်အတွင်း ပြောင်းလဲခဲ့ပါတယ် ။ ဒီနိုင်ပွဲ ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ဒုတိယ အကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကြီးကို ရယူနိုင်ခဲ့သလို ဆာအဲလက်စ် ဖာဂူဆန် အတွက်တော့ ပထမဆုံး ချန်ပီယံလိဂ် ဆုဖလား လည်း ဖြစ်ခဲ့ပါတယ် ။
၁၉၉၈-၉၉ ရာသီ ဟာ ဘောလုံးသမိုင်းတစ်ခုလုံးမှာ ရင်ခုန်စရာအချိန်ကာလ ဖြစ်ခဲ့ပြီး ဖာဂူဆန်ရဲ့ ဦးဆောင်မှု၊ 𝐂𝐥𝐚𝐬𝐬 𝐨𝐟 ’𝟗𝟐 ရဲ့ လက်ခုပ်သံရဲ့ကြားက အောင်မြင်မှုနဲ့ အရေးကြီးတဲ့ 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐋𝐞𝐚𝐠𝐮𝐞 ပွဲစဉ်ဟာ 𝐓𝐫𝐞𝐛𝐥𝐞 𝐖𝐢𝐧𝐧𝐞𝐫𝐬 ဆိုတဲ့ သမိုင်းဝင်အဖြစ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ခိုင်မာစွာ လွှမ်းမိုးခဲ့ပါတယ် ။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
#MMMedia
#manchesterunited
#football
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
