ဘာကြောင့် အပြောင်းအရွှေ့ဈေးကွက် မှာ မန်ချက်စတာယူနိုက်တက် ရဲ့ ခြေလှမ်းတွေက တုန့်ဆိုင်းသွားတာလဲ

မနှစ်ကဘောလုံးရာသီ ပြီးဆုံးသွားတဲ့ အချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများ က သူတို့အသင်းရဲ့ ပြောင်းလဲပြင်ဆင်မှုပြုလုပ်ရမယ့်နေရာအတွက် ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ လျှင်လျှင်မြန်မြန်လှုပ်ရှားခဲ့ကြတယ်။ မန်စီတီး ၊ အာဆင်နယ် ၊ချယ်ဆီး စတဲ့ အသင်းကြီးတွေကလည်း သူတို့ရဲ့ အသင်း ကစားသမားအင်အားတောင့်တင်းစေဖို့နဲ့ လာမယ့် ရာသီခက်ခဲကြမ်းတမ်းတဲ့ ပွဲစဥ်တွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ပြီး ဆုဖလားတွေစိန်ခေါ်နိုင်ဖို့အတွက် ကစားသမား အသစ်ခေါ်ယူမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေကြတယ်။ လီပါပူး အသင်းက လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ အသင်းတစ်သင်းဖြစ်တာတောင် နောက်ရာသီ ချန်ပီယံ ဂုဏ်ပုဒ်ကို ကာကွယ်ဖို့နဲ့ ဥရောပဖလားတွေကို သိမ်းပိုက်ဖို့ ငွေကြေးအမြောက်အများသုံးစွဲပြီး အရည်အသွေးမြင့် ကစားသမားအသစ်တွေကို ခေါ်ယူနေတဲ့ အချိန်မှာ ပြောင်းလဲပြင်ဆင်မှုတွေများစွာပြုလုပ်ဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အစောပိုင်းအချိန်တုန်းက ခူညာလို ကစားသမားမျိုးကို စာချုပ်ဖြတ်သိမ်းကြေး သန်း ၆၀ ကျော်ပေးပြီး အရခေါ်ယူနိုင်ခဲ့ပြီး အချိန်ကတည်းက နောက်ထပ်ကစားသမား အသစ်တွေကို ဆက်လက်ခေါ်ယူဖို့အတွက် ငြိမ်သက်သွားခဲ့တယ် ။
တကယ်ဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ကစားသမားသစ်တွေခေါ်ယူပြီး အသင်းကို ပြောင်းလဲပြင်ဆင်ဖို့လိုအပ်နေတာပါ ။ မန်ချက်စတာယူနိုက်တက် အသင်း ခေါ်ယူအားဖြည့်ရမယ့် နေရာတွေကလည်း အများကြီးပါ ။ ဘရန်ဖို့စ် ကစားသမား အမ်ဗူမို ကို ဒုတိအကြိမ် ကမ်းလှမ်းချက် ပယ်ချခံရပြီးထဲက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လှုပ်ရှားမှုတွေကိုမမြင်တွေ့ရတော့ပါဘူး ။ ဘာကြောင့်လဲဆိုရင် ရှင်းပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ကစားသမား အသစ်တွေကို ခေါ်ယူချင်တိုင်းခေါ်ယူလို့မရပါဘူး ။ ဘာလို့လဲဆိုရင် FFP Rule ကြောင့်ပါ ။ အသင်းတစ်သင်းက ဝင်ငွေ နဲ့ ထွက်ငွေ က မျှတနေဖို့လိုအပ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ မနှစ်ကဘောလုံးရာသီမှာ ဘာအောင်မြင်မှု တစ်ခုမှ မရရှိတာကြောင့် သူတို့ရဲ့ ဝင်ငွေက လျော့နည်းပါတယ် ။ အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ သူတို့ အသင်းမှာရှိပြီးသား အသုံးမတည့်တော့တဲ့ ကစားသမားတွေကိုရောင်းချပြီးမှသာ ရရှိလာတဲ့ ပိုက်ဆံကို သုံးပြီး ကစားသမား အသစ်တွေကို ခေါ်ယူလို့ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အဓိက ပြဿနာ က အသင်းမှာ အနာဂတ်မရှိတော့တဲ့ ဆန်ချို ၊ အန်တိုနီ ၊ ရက်ဖို့စ် တို့လို လစာမြင့်ကစားသမားတွေကို ထုတ်ရောင်းဖို့ ခက်ခဲနေခဲ့တာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ နည်းပြသစ် အာမိုရင် ရဲ့ ပထမ ဆုံး အပြောင်းအရွှေ့ရာသီမှာ သူလိုအပ်နေတဲ့ သူလိုချင်တဲ့ ကစားသမားအသစ်တွေကို ခေါ်ယူပေးရမှာ ဖြစ်ပေမယ့် စည်းမျဥ်း ၊ စည်းကမ်း ဘောင်တွေကြားမှာ တော်တော်လေးကို လုပ်ရကိုင်ရခက်ခဲနေတာပဲဖြစ်ပါတယ်။ ဒီပြဿနာတွေကို မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကတော့စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#premierleague
#rubenamorim
#coach
#bryanmbeumo
#matheuscunha
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
