တစ်ချိန်က နာမည်ကျော် 𝐌𝐒𝐍 တိုက်စစ်တွဲ

ရွန်းနီ ၊ တိဗက်စ် ၊ရော်နယ်ဒို ဆိုတဲ့ သရဲနီတို့ရဲ့ တိုက်စစ်တွဲ၊ ဆာလက်စ် ၊ ဖာမီနို ၊ မာနေး တို့ပါတဲ့ လီဗာပူးလ်တိုက်စစ်တွဲ၊ ဘန်ဇီမား ၊ ဘေးလ် ၊ ရော်နယ်ဒို ပါတဲ့ ရီးရဲလ်၊ နေမာ ၊ ဆွာရက်ဇ် ၊ မက်ဆီ ပါတဲ့ ဘာစီလိုနာတိုက်စစ်တွဲ စတဲ့ ဘောလုံးလောကမှာ တိုက်စစ်အတွဲအဖတ်များစွာထွက်ပေါ်ခဲ့ပါတယ်။ဘာစီလိုနာ ရဲ့ တိုက်စစ် အတွဲ ဖြစ်တဲ့ 𝐌𝐒𝐍 တိုက်စစ် အတွဲ က အဲ့ခေတ်အဲ့အခါက အကောင်းဆုံးတိုက်စစ် အတွဲ ဖြစ်ပါတယ်။
ဥရောပ မှာပါ ပြိုင်ဘက်အသင်းတိုင်းကြောက်ရတဲ့ တိုက်စစ် အတွဲ ဖြစ်ပြီး ဘောလုံးရသ နဲ့ ဘောလုံး ကစားခြင်း အနုပညာကို ဘောလုံးပရိတ်သတ်တွေဆီ အကောင်းဆုံးချပြခဲ့တဲ့ တိုက်စစ် အတွဲလည်း ဖြစ်ပါတယ်။ နေမာ ၊မက်စီ ၊ ဆွာရက်ဇ် တို့ တိုက်စစ် အတွဲက ၂၀၁၄ ခုနှစ် မှ ၂၀၁၇ အထိ ၃ နှစ်တာ အတူတူ ကစားခဲ့ရပြီး ဘောလုံးလောက မှာ𝐌𝐒𝐍 ဆိုတဲ့ နာမည် တစ်ခုရအောင်အထိ ကြမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ လာလီဂါရဲ့ စပိန် ဘီလူးကြီးနှစ်ကောင်ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ပြိုင်ဆိုင်မှုက ၂၀ ရာစု အတွင်းမှာတော့ မက်ဆီနဲ့ ရော်နယ်ဒို ဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးကြောင့် ပိုပြီး ပြင်းထန်လာခဲ့ပါတယ်.ဒါ့အပြင် ဘာစီလိုနာမှာ 𝐌𝐒𝐍 နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ 𝐁𝐁𝐂 တိုက်စစ် နှစ်တွဲ ဖြစ်လာပြီးနောက်မှာတော့ အချင်းချင်းအပြိုင်အဆိုင်ဂိုးသွင်းမှုတွေ နဲ့ သွင်းဂိုးတွေကို ကြည့်ရှုရတာဟာ ဘောလုံးပရိတ်သတ်တွေအတွက်တော့ မဟာအခွင့်အရေးကြီး ဖြစ်ခဲ့တာ ငြင်းလို့မရပါဘူး။နာမည်ကျော် 𝐌𝐒𝐍 တိုက်စစ်အတွဲဟာ ဆိုရင်လဲ စုစုပေါင်းသွင်းဂိုး 𝟑𝟔𝟒 ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း 𝟏𝟕𝟏 ကြိမ်ထိ ရှိခဲ့ပြီး သွင်းဂိုးပေါင်း 𝟓𝟑𝟓 ဂိုးနဲ့ တိုက်ရိုက်ပက်သက်နေခဲ့တာပါ။
𝐌𝐒𝐍 အနေနဲ့ လာလီဂါ မှာ ပွဲပေါင်း ၂၉၉ ပွဲ ကစားပြီး ဂိုးပေါင်း ၂၅၀ သွင်းကာ ဂိုးဖန်တီးမှုပေါင်း ၁၁၅ ကြိမ် အထိ ရှိခဲ့ပြီးချန်ပီယံလိဂ် မှာတော့ 𝐌𝐒𝐍 တိုက်စစ်တွဲ အနေဖြင့် ပွဲပေါင်း ၈၇ ပွဲကစား ၆၂ ဂိုးသွင်းကာ ၂၈ ကြိမ် ဂိုးဖန်တီးမှု ရှိခဲ့တာပဲဖြစ်ပါတယ်။အခြားပြိုင်ပွဲတွေမှာလည်း 𝐌𝐒𝐍 တိုက်စစ်အတွဲ က ၆၃ ပွဲကစား ၅၂ ဂိုးသွင်းကာ ၂၈ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ 𝐌𝐒𝐍 တိုက်စစ် အတွဲ ရဲ့ လှုပ်ရှားမှု ၊ တွဲဖက်ကစားမှု နဲ့ တစ်ဦးချင်း အားသာချက်တို့ကို အသုံးချ ပြီး နားလည်မှုရှိရှိ နဲ့ ကစားတာကြောင့် အသင်းရဲ့ တိုက်စစ် ကိုပိုမို ကောင်းမွန် လာစေခဲ့ပါတယ်။ 𝐌𝐒𝐍 တိုက်စစ် မှာ မက်ဆီက 𝐏𝐥𝐚𝐲𝐦𝐚𝐤𝐞𝐫 အဖြစ် ကစားပြီး ၊ ဆွာရက်စ် က 𝐍𝐎 𝟗 ကစားသမား ပီပီ တဖတ်အသင်း ခံစစ် ကစားများကို သူ့ရဲ့ တို့အား ရုန်းအား တွေနဲ့ ကောင်းကောင်းထိုးဖောက်ပြီး နေမာ၊ မက်စီ တို့ကိုလည်း ကောင်းကောင်း 𝐁𝐮𝐢𝐥𝐝 𝐔𝐩 လုပ်ပြီး တိုက်စစ် ကို ပိုမို မြိုင်စေပါတယ်။ နေမာ ကတော့ 𝐃𝐫𝐢𝐛𝐛𝐥𝐢𝐧𝐠 တွေတောက်လျောက် လုပ်ပြီး တဖက်အသင်း ခံစစ် ကို ကောင်းကောင်းကြီး ဒုက္ခပေးပြီး မက်ဆီ ၊ဆွာရက်စ် တို့ကို 𝐬𝐩𝐚𝐜𝐞 တွေ အများကြီး ရှာပေးနိုင်ပါတယ်။ ၂၀၁၄ - ၂၀၁၅ ရာသီ မှာ ဘာစီလိုနာ အသင်း က 𝐔𝐄𝐅𝐀 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐋𝐞𝐚𝐠𝐮𝐞 ၊ 𝐋𝐚 𝐋𝐢𝐠𝐚 နဲ့ 𝐂𝐨𝐩𝐚 𝐝𝐞𝐥 𝐑𝐞𝐲 ဖလား စတဲ့ ဖလား( ၃ )လုံးကို တစ်ရာသီထဲမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဖလား ၃ လုံးအောင်မြင် မှုမှာ 𝐌𝐒𝐍 တိုက်စစ် က အဓိက အရေးပါတဲ့ အခန်းကဏ္ဌ ကပါဝင်ခဲ့ပြီး ၂၀၁၄ -၂၀၁၅ ရာသီမှာပဲ ( ၁၂၂ ) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
𝐌𝐒𝐍 တိုက်စစ် အတွဲ ဘယ်လောက် မြိုင်ဆိုင်ပြီး အရှုံးမပေးတက်ပဲ ဘယ်လောက်နိုင်လိုစိတ် ပြင်းပြလဲဆိုတာ 𝟐𝟎𝟏𝟕 ခုနှစ် မတ် လ ၈ ရက် နေ့ ဘာစီလိုနာအိမ်ကွင်းဖြစ်တဲ့ 𝐂𝐚𝐦𝐩 𝐍𝐨𝐮 မှာ ချန်ပီယံလိဂ် ဒုတိယကျော့အဖြစ်ကစားတဲ့ 𝐩𝐬𝐠အသင်းနဲ့ ပွဲစဥ် ကိုကြည့်ရင် သူတို့ရဲ့ အနိုင် မခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကို ကွက်ကွက် ကွင်းကွင်း မြင်ရမှာဖြစ်ပါတယ်။ ၂၀၁၆ - ၂၀၁၇ ရာသီမှာ ဘာစီလိုနာအသင်းက 𝐩𝐬𝐠 အသင်းနဲ့ ၁၆ သင်းရှုံးထွက်ပွဲတွင် ရင်ဆိုင်ခဲ့ရပြီး ပထမ အကျော့ 𝐏𝐒𝐆 အသင်းရဲ့ အိမ်ကွင်း တွင် ယှဥ်ပြိုင်ကစားခဲ့ရပြီး 𝟒 ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်နေရာကနေ ဒုတိယ အကျော့ ကို ဘာစီလိုနာ အိမ်ကွင်း မှာ ကစားခဲ့ရပြီး ပထမ ပိုင်းမှာ ၃ဂိုး ဂိုးမရှိ နဲ့ အနိုင် ရရှိနေပြီး မျှော်လင့်ချက် ရှိလာခဲ့တယ်။ ပွဲချိန် ၅၁ မိနစ်မှာ 𝐩𝐬𝐠 အသင်းကခြေပဂိုးတစ်ဂိုး ပြန်သွင်းလိုက်ပြီး ချန်ပီယံလိဂ် အိမ်ကွင်း အဝေးကွင်းစည်းမျဥ်းကြောင့် ဘာစီလိုနာအသင်း မျှော်လင့်ချက် တွေ လျော့နည်းသွားခဲ့ပါရတယ်။ ပွဲချိန် ၉၅ မီးနစ်မှာ ဘာစီလိုနာတို့က ၂ကျော့ပေါင်း ၆ဂိုး ၅ဂိုးဖြစ်စေမယ့် အနိုင်ဂိုးကို သွင်းယူခဲ့ပြီး 𝐏𝐒𝐆အသင်းကို ချန်ပီယံလိဂ် မှ မထင်မှတ်ထားတဲ့ အနေအထားကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။ အဲပွဲစဥ်မှာ 𝐌𝐒𝐍 တိုက်စစ် က သီဟာကို ဆေးဗား ဦးဆောင်တဲ့ ခံစစ် ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ်။𝐌𝐒𝐍 တိုက်စစ်အတွဲ က အမှတ်တရ တွေအများကြီးနဲ့ ဘောလုံးရသ အများကြီးကို ပရိတ်သတ်တွေရဲ့ ရင်ဘက်ထဲကိုထည့်ပေးခဲ့ပြီး ၃ရာသီ အကြာမှာပဲ 𝐌𝐒𝐍 တိုက်စစ် အတွဲက ကွဲသွားခဲ့ရတယ်။
အခုတော့ မက်ဆီ နဲ့ ဆွာရက်စ် တို့က အင်တာ မိုင်ရာမီ မှာတူတူတွဲကစားနေပြီး နေမာကတော့ ဆော်ဒီ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်ဟီလာမှာ ကစားနေတာဖြစ်ပါတယ်။ နေမာက သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ကို အင်တာမိုင်ယာမီ မှာ မက်ဆီ၊ ဆွာရက်စ် တို့နဲ့ တူတူကစားပြီး အနားယူချင်တယ်လို့ သတင်းများထွက်ပေါ်လာပါတယ်လို့ပြောရင်း ဒီဆောင်းပါးလေးကို ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်၊ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ အပြောင်းအရွှေ့စျေးကွက်မှာ နေမာ က အင်တာမိုင်ယာမီ ကိုပြောင်းရွှေ့ သွားပြီး 𝐌𝐒𝐍တိုက်စစ် ကို ပြန် မြင်တွေ့ရနိုင်လား ၊ ပရိတ်သတ်တွေရော,ဘယ်လိုမြင်လဲ ဆိုတာ 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#MSN
#Messi
#Neymar
#LuisSuárez
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
