ကူဒက်စ် အတွက်ချယ်ဆီး အသင်းရဲ့ ကမ်းလှမ်းမှုကိုစောင့်ဆိုင်းနေတဲ့ ဝက်ဟမ်း အသင်း

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းက သူတို့ရဲ့ တိုက်စစ်ကစားသမား ကူဒက်စ် ကို လက်လွှတ်ဆုံးရှုံးသွားနိုင်ပါတယ် ။ ကစားသမားကိုယ်တိုင် က ချန်ပီယံလိဂ် ကစားချင်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ အသင်းတစ်သင်းသင်းကို ပြောင်းရွှေ့ချင်နေတာပဲဖြစ်ပါတယ်။ ကူးဒက်စ် လို ကစားသမားဘဝ အကောင်းဆုံးအသက်အရွယ်တစ်ခုရောက်ရှိနေပြီး ကောင်းမွန်တဲ့ ခြေစွမ်းပြသထားနိုင်တဲ့ သူ့တို့ကစားသမားကို ဝက်ဟမ်းအသင်းအနေနဲ့ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါက ရောင်းချသွားမှာဖြစ်ပြီး ကစားသမားကို အသင်းကထွက်ခွာခွင့်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်း အနေနဲ့ ၂၀၂၃ ခုနှစ်တုန်းက ကူဒက်စ်ကို အေဂျက်စ်မှ ပေါင် ၃၈ သန်းဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်းပေးရမယ်ဆိုတဲ့ အချက် နဲ့ စာချုပ်ချုပ်ဆိုထားခဲ့တာပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာလည်း ကူဒက်စ် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေမှ အများကြီးပါ ။
ပြီးခဲ့တဲ့ရက်သတ္တပတ်လောက်ကမှ ကူဒပ်စ်ကို ခေါ်ယူချင်လို့ ဝက်ဟမ်းအသင်းကို ဆက်သွယ်ခဲ့တဲ့ ဥရောပ ထိပ်တန်းကလပ် ၆ သင်းလောက်ထိရှိတယ်လို့ သတင်းအချို့ကနေသိရှိရပြီး အဲ့ကလပ်တွေထဲမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေလဲဖြစ် ၊ လန်ဒန် ဒါဘီပြိုင်ဘက်တွေလည်းဖြစ်တဲ့ စပါး အသင်း နဲ့ ချယ်ဆီး အသင်း တို့လည်းပါဝင်ခဲ့တယ် ။ ဒါပေမယ့် ကူဒက်စ် တစ်ယောက်ထဲကို အမှန်တကယ် ခေါ်ယူဖို့အတွက် ကြိုးစားနေတာကတော့ စပါးအသင်းပေါ့ ။ ချယ်ဆီး အသင်းကတော့ တဖက်မှာ ဂျေမီဂစ်တန် ၊ ဂျာအို ပက်ဒရို တို့ရဲ့ အပြောင်းအရွှေ့ကို အရင်ပြီးအောင် လုပ်ဆောင်ပြီးမှသာ ကူဒက်စ် ဘက်ကို ပြန်လှည့်လာခဲ့တာပဲဖြစ်ပါတယ်။ စပါး အသင်းအနေနဲ့ မိုဟာမက်ကူဒက်စ် အတွက် ဝက်ဟမ်း အသင်းကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဝက်ဟမ်းအသင်းဘက်က ပယ်ချခဲ့တယ် ။ ချယ်ဆီး အသင်းနဲ့ ဝက်စ်ဟမ်း အသင်းတို့ကြားမှာလည်း အဆင်ပြေချောမွေ့တဲ့ ဆက်ဆံရေးတွေ ရှိထားသလို ချဲလ်ဆီး အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်အားသန် ကစားသမား ကူဒက်စ် ကို အမှန်ကတယ် ခေါ်ယူချင်ပါက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့အတူ ကမ်းလှမ်းဦးမယ်လို့ ယုံကြည်ထားတယ်လို့သိရပါတယ်။
ဝက်ဟမ်း အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားတွေကို စပါး အသင်းထက် ချယ်ဆီး အသင်းကို ပိုပြီးရောင်းချချင်နေတာပဲဖြစ်ပါတယ်။ ဝက်ဟမ်း အသင်းအနေနဲ့ သူတို့ရဲ့ အသက် 24 အရွယ် တိုက်စစ် အားသန် ကစားသမား မိုဟာမက် ကူဒက်စ် အတွက် စာချုပ်ဖျက်သိမ်းကြေး ၅၅ သန်း ၊ သန်း ၆၀ လောက် လိုချင်နေပြီး အပိုဆုကြေးတွေ အပါအဝင် သူတို့အတွက် စိတ်ဝင်စားမှု ဖြစ်စေမယ့် ကမ်းလှမ်းမှုတွေကို ချယ်ဆီး အသင်းအနေနဲ့ ကမ်းလှမ်းသွားမယ်လို့ မျှော်လင့်နေပါတာပဲဖြစ်ပါတယ်။ ဝက်ဟမ်း အသင်းအနေနဲ့ရော သူတို့မျှော်လင့်ထားသလို ချယ်ဆီး အသင်းဆီက သူ့ကိုစိတ်ကျေနပ်စေမယ့် ကမ်းလှမ်းမှုတွေ ရရှိသွားမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#mohammedkudus
#westhamunited
#premierleague
#rightwinger
#chelsea
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
