အက်သလက်တစ် ဘီဘာအို အသင်းနဲ့ ၁၀ နှစ်သက်တမ်းတိုးလိုက်တဲ့ နီကိုဝီလျံ

Ma Nyein
2w ago
Sport Articles
အက်သလက်တစ် ဘီဘာအို အသင်းနဲ့ ၁၀ နှစ်သက်တမ်းတိုးလိုက်တဲ့ နီကိုဝီလျံ

လက်ရှိဘောလုံးလောကမှာ တောင်ပံ ကစားသမားတွေက တောင်လိုပုံအောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့်မှီ တောင်ပံကစားသမား အရေအတွက်ကတော်တော်လေးနည်းပါးပါတယ်။ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့ ကစားသမားတွေက အလွန်များတယ်။ ဒါကတောင်ပံ ကစားသမားတွေအကြောင်းပြောတာ ။ လက်ရှိ ဘယ်တောင်ပံ အကောင်းဆုံး ကစားသမားတွေကဘယ်သူလဲမေးရင် ဗီးနက်ရှက်စ် ၊ ရာဖင်ညာ ၊ ကဗာရာစခယ်လီယာ ဒီကစားသမားတွေလို့ပဲပြောရမယ် ။ ဒါပေမယ့် ဒီကစားသမားတွေကို ပိုင်ဆိုင်တဲ့ သက်ဆိုင်ရာအသင်းတွေက ဒီကစားသမားတွေကို အထိမခံဘူး ။ ရောင်းချမှာလဲ မဟုတ်ဘူး ။ အဲ့တာကြောင့် ဒီကစားသမားတွေက ဈေးကွက်ထဲကို ဘယ်တော့မှရောက်မလာဘူး ။ တစ်ဖက်မှာတော့ ဈေးကွက်ထဲမှာလဲ ရှိတယ် ။ အသက်အရွယ် ပိုင်းမှာလဲ ငယ်ရွယ်ပြီး ဘားမှ ပြောစရာမလိုဘူး ။ ခြေစွမ်းကလည်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြထားတယ် အဲ့ဒီကစားသမားက နီကိုဝီလျံ ပဲ ။


ဒီအချက်တွေကြောင့်လည်း ဘာစီလိုနာ တို့ ဘာယန်မြူးနစ်တို့လို ဥရောပအသင်းကြီးတွေက မရမကခေါ်ယူဖို့ကြိုးစားခဲ့တယ် ။ ဘာစီလိုနာ အသင်းဆိုအဆိုးဆုံးပေါ့ ။ နီကို ဝီလျံ ကလည်း မနှစ်က အပြောင်းအရွှေ့ဈေးကွက်ထဲက ဘာစီကို ရောက်မလိုလို ရောက်မလိုလို နဲ့ ဖြစ်ခဲ့တဲ့ ကစားသမား တစ်ယောက် ၊ ဒီရာသီမှာလည်းအပြောင်းအရွှေ့ဈေးကွတ်မှာလည်း သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတော့ တကယ်ပဲ နီကို ဝီလျံ တစ်ယောက် ဘာစီလိုနာ ကစားသမားဖြစ်လာပြီး ဘာစီလိုနာ အသင်းမှာ ကမ္ဘာ့အဆင့်မှီ စပိန် တောင်ပံ နှစ်ဖက်ကိုတွေ့မြင်ရတော့မလားလို့စိတ်ကူးတောင်ယဥ်မိသေးတယ်။ ဒါပေမယ့် ဒါတွေက လက်တွေ့မှာတော့ အမှန်တကယ်ဖြစ်မလာခဲ့ပါဘူး ။ မနေ့ကပဲ အက်တလတ်တစ် ဘီဘာအို အသင်းက သူတို့ရဲ့ လူငယ်တောင်ပံကစားသမား နီကိုဝီလျံ ကို ၂၀၃၅ ခုနှစ်အထိ သက်တမ်းရှိတဲ့ ၁၀ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်းတရားဝင် ကြော်ငြာခဲ့တယ် ။ ၁၀ နှစ်သက်တမ်းတိုးထားတယ် ဆိုပေမယ့် နီကို ဝီလျံ ရဲ့ စာချုပ်ဖြတ်သိမ်းကြေး က အရင် လို သန်း ၆၀ နီးပါးပဲဖြစ်ပြီး နောက်ပိုင်းမှာမှ ၅၀ ခိုင်နှုန်း ဒါမှမဟုတ် ၇၅ ရာခိုင်နှုန်းလောက်အထိ တက်သွားနိုင်တဲ့ သဘောတူညီမှုတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ် ။


နီကို ဝီလျံ က ၂ နှစ်ဆက် ဘာစီလိုနာ အသင်းကို ကောင်းကောင်းကြီး အသုံးချပြီး ဘီဘာအို အသင်းထံ က သိပ်ကိုကောင်းမွန်တဲ့ စာချုပ်ချုပ်ဆိုမှု နှစ်ကြိမ်ကို ရယူခဲ့တယ်လို့ဆိုနိုင်တယ် ။ ဘာစီလိုနာ အသင်း မက်ခဲ့တဲ့ စပိန်‌ ရဲ့ အရည်အသွေးမြင့် တောင်ပံ နှစ်ဖက် ဆိုတဲ့ အိမ်မက်ကြီးက ဒီမှာတင် ပျက်စီးသွားခဲ့ပြီလို့ ပြောရမယ်။ ဒီလို ဘာစီလိုနာ အသင်း အနေနဲ့ နီကို ဝီလျံ ကို အရမခေါ်ယူနိုင်ခဲ့တာကြောင့် လီပါပူး အသင်းရဲ့ တောင်ပံကစားသမား လူးဝစ် ဒီးယက် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာ အနာဂတ် လုံးဝ မရှိတော့တဲ့ မားကတ် ရက်ဖို့စ် တို့ဘက်ကို လှည့်နိုင်တယ် ။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဘီဘာအို အသင်းနဲ့ ၁၀ နှစ်သက်တမ်းတိုးလိုက်တဲ့ နီကိုဝီလျံ အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#nicowilliams

#athleticbilbao

#leftwinger

#barcelona

#laliga

Leave a reply