မန်စီးတီး နည်းပြ ဂွာဒီယိုလာရဲ့ အဆိုးရွားဆုံးလူခေါ်မှု (၅)ယောက်

ကမ္ဘာ့ အကောင်းဆုံးနည်းပြတွေ အကြောင်းပြောရင် ဂွာဒီယိုလာ ကို ချန်ထားခဲ့လို မရပါဘူး။ ဘာစီလိုနာရဲ့ ရွှေရောင် တစ်ခေတ်ကို ဖန်တီးပေးနိုင်ခဲ့ပြီး ၊ မန်စီးတီး အသင်း ဆုဖလားတွေ ကိုသိမ်းပိုက်နိုင်ပြီး ဥရောပအသင်းကြီး တစ်သင်းဖြစ်အောင် ပြုလုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာက တော့ အောင်မြင်မှုများစွာ သိမ်းပိုက်ထားတဲ့ နည်းပြကြီး ဂွာဒီယိုလာရဲ့ အသင်းနဲ့ အံမဝင်ပဲ ကျရှုးခဲ့ရတဲ့ အဆိုးရွားဆုံး လူခေါ်ယူမှု ၅ ခု အကြောင်းပဲဖြစ်ပါတယ်။
၁ . နိုလီတို
၂၀၁၅ ခုနှစ် မှာ စပိန် လာလီဂါ ရဲ့ အလားအလာ ရှိတဲ့ ကစားသမား ဖြစ်တဲ့ နိုလီတို စပိန် ကလပ် ဆယ်တာဗီကို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် 𝟏𝟑.𝟖 သန်း ဖြင့်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ မန်းစီးတီး အသင်း နဲ့ ကစားသမားဘဝ အစ က ၉ ပွဲ ကစားပြီး ၇ ဂိုးအထိ ဂိုးပါဝင်ပတ်သတ်မှု ရှိခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့ ခြေစွမ်းကောင်းမွန်မှုက ကောက်ရိုးမီးသာ ဖြစ်ခဲ့ပြီးနောက်ပိုင်းပွဲစဥ်တွေမှာပရီးမီးယားလိဂ်ကစားပုံနဲ့အဆင်မပြေခဲ့တာကြောင့် မန်စီးတီး အသင်းမှာ တစ်ရာသီ ကစားပြီး ဆီးဗီလား အသင်းကိုပြောင်းရွှေ့ သွားခဲ့ပါတယ်။
၂ . မားရို မိုရီနို
၂၀၁၆ ခုနှစ်မှာ အက်တလီကိုနေရှင်နယ် အသင်းရဲ့ အနာဂတ်မှာ ထွန်းတောက်လာနိုင်တဲ့ ကိုလံပီယာ ကစားသမား တစ်ဦးဖြစ်တဲ့ မားရို မိုရီနို ကို ပေါင်းရွှေ့ကြေး ပေါင် ၄.၇၅ သန်းဖြစ် ခေါ်ယူခဲ့ပါတယ်။ မန်းစီးတီး အသင်းမှာတော့ထင်ထားသလိုဖြစ်မလာခဲ့ပဲစိတ်ပျက်စရာဖြစ်ရလောက်အောင် မန်စီးတီး အသင်းရဲ့ အသင်းကြီးမှာ တစ်ခါမှ မကန်ခဲ့ရပဲ မန်းစီးတီး အသင်းမှာ ရှိခဲ့တဲ့ ၆ နှစ်သာ ကာလ အတွင်း အငှား ၇ ကြိမ် ထိ ထွက်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ထရွိင် အသင်းကိုပြောင်းရွှေ့ သွားတာပဲဖြစ်ပါတယ်။
၃ . ဘရာဗို
မန်စီးတီး အသင်းရဲ့ ဂိုးပေါက်တနေရာ အတွက် ဂိုးသမား ဂျိုးဟက် ရဲ့နေရာ ကို အစားထိုးရန် ဘရာဗို ကို ဘာစီလိုနာ အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။ မန်စီးတီး အသင်းအတွက် ဂိုးပေါက်ကို လုံခြုံစိတ်ချရတဲ့ ဂိုးသမားတစ်ယောက်တော့ မဖြစ်ခဲ့ပဲ ဝေဖန်မှု များစွာကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ မန်စီးတီး အသင်းအတွက် ပွဲပေါင်း ၆၁ ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး ၆၀ အထိ ခွင့်ပြုခံခဲ့ရတာလည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ စပိန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ် ဘတ်တစ် အသင်းကိုပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။
၄. ဘန်ဂျက်မန် မန်တီ
မန်စီးတီး အသင်း က ၂၀၁၇ ခုနှစ်မှာ မန်တီ ကို ပြောင်းရွှေ့ကြေး ၅၂ သန်းဖြင့် မိုနာကို အသင်းမှခေါ်ယူခဲ့ပြီး ၅၂ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေး က နောက်ခံလူတစ်ယောက်အတွက် အလွန်များပြားခဲ့တာပဲဖြစ်ပါတယ်။ မန်တီ က မန်စီးတီး အသင်းမှာ ပုံမှန်ခြေစွမ်း ကိုမပြသနိုင်ခဲ့ပဲ ဒဏ်ရာပြသာနာတွေနဲ့သာ လုံးပန်းနေခဲ့ရတာပဲဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မှာ တရား ဥပဒေဆိုင်ရာ ပြသနာများကြုံတွေ့ခဲ့ရပြီး မန်စီးတီး အသင်းကလည်း စာချုပ်ဖျက်သိမ်းခဲ့တာပဲဖြစ်ပါတယ်။
၅ . ကယ်ဗင် ဖီးလစ်
လိဂ်ယူနိုက်တက် အသင်းနဲ့ ရော အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ပါ ခြေစွမ်းကောင်းတွေပြသနေတဲ့ ကယ်ဗင်ဖီးလစ် ကို မန်စီးတီး အသင်း ကပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။ ဒီ အပြောင်းအရွှေ့က ထင်ထားသလိုတော့ဖြစ်မလာခဲ့ပဲ ကယ်ဗင် ဖီးလစ်က မန်စီးတီး အသင်းမှာ အရံခုံမှာ သာ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရပါတယ်။ ဖီးလစ်ရဲ့ ဝိတ်တက်လာခြင်းကြောင့်နည်းပြဂွာဒီယိုလာကအလွန်ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းယူနိုက်တက် အသင်း နှင့် 𝐈𝐩𝐬𝐰𝐢𝐜𝐡 𝐓𝐨𝐰𝐧 အသင်းတွေမှာ အငှားထွက်ရောက်ကစားခဲ့ရပြီးအရင်လိုပုံမှန်ခြေစွမ်းရဖိုတော့ရုန်းကန်နေရဆဲပဲဖြစ်ပါတယ်။
အခုတင်ဆက်ပေးသွားတာကတော့ မန်စီးတီး အသင်းရဲ့ နည်းပြဖြစ်တဲ့ ဂွာဒီယိုလာရဲ့ အဆိုးရွားဆုံးလူခေါ်ယူမှု ၅ ခု အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှု ပေးတဲ့ တစ်ဦတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူး အများကြီး တင်ရှိပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#Nolito
#kevinphillips
#MaroMoreno
#Guardiola
LATEST NEWS



Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo
