ကစားသမား ဘဝ ပထမဆုံး အကြိမ်အဖြစ် ပြင်သစ်လိဂ်ဂူးဝမ်းမှာ ခြေချတော့မယ့် ပေါလ်ပေါ့ဘာ

Ma Nyein
3w ago
Sport Articles
ကစားသမား ဘဝ ပထမဆုံး အကြိမ်အဖြစ်   ပြင်သစ်လိဂ်ဂူးဝမ်းမှာ ခြေချတော့မယ့် ပေါလ်ပေါ့ဘာ

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေအကြောင်းပြောရင် ပေါလ်ပေါ့ဘာကလည်း ပါကိုပါဝင်ရမယ့် ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်းအနေနဲ့လည်း ကမ္ဘာ့ဖလားရတာက ကွင်းလယ် ကစားသမားတွေဖြစ်ကြတဲ့ ပေါလ်ပေါ့ဘာ ၊ အန်ဂိုလို ကန်တီ တို့နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဖြတ်တင်ဘောတွေသေသပ်လွန်းတဲ့ ကစားသမားကိုပြပါဆိုရင် ပေါလ်ပေါ့ဘာကို လုံးဝ ချန်ထားခဲ့လို့မရပါဘူး ။ ပေါ့ဘာ က ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်မှာပိုင်ဆိုင်ထားရမယ့်အရည်အချင်းတွေအားလုံး ပိုင်ဆိုင်ထားပြီး မျှော်လင့်သလောက် မဖြစ်ထွန်းခဲ့တဲ့ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး။ ကွင်းထဲမှာထက် ကွင်းပြင်ပမှာပိုပြီးအာရုံစိုက်တာ၊ ဖက်ရှင်တွေအပေါ်ရူးသွပ်တာ၊စည်းကမ်းလိုက်နာမှုတွေအားနည်းလွန်းတာက ပေါ့ဘာ ရဲ့ ကစားသမားဘဝကို ဒီထက်ပိုပြီးမအောင်မြင်စေခဲ့တာဖြစ်ပါတယ်။ဂျူဗင်တပ်ကို ပထမဦးဆုံးအကြိမ်ရောက်ရှိတုန်းကနဲ့ပြင်သစ်အတွက်ကစားပေး‌နေတုန်းကဆို ပေါ့ဘာကတကယ့်ထိပ်တန်းကစားသမား တစ်ယောက်ပါပဲ။


ပေါ့ဘာ ကိုယူနိုက်တက်ကပဲ ဖျက်ဆီးလိုက်တာလား ၊ ကိုယ်တိုင်ပဲမကြိုးစားချင်လို့လားတော့မသိ နောက်ဆုံးယူနိုက်တက်မှာ ပြဿနာတွေတက်ပြီး ဂျူဗင်တပ်ဆီကိုပဲပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ဂျူဗင်တပ်ကိုပြန်လာခြင်းက ပေါ့ဘာထင်သလို ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာတွေခဏခဏရပြီး ပွဲကစားခွင့်တွေနည်းပါး ၊ နည်းပြနဲ့ လည်းပြဿနာတွေတက် နောက်ဆုံးဆေးကျပြီး 4 နှစ်ကစားခွင့် ပိတ်ပင်ခံရတဲ့ထိကို ဘဝကလုံးဝကို ဇောက်ထိုးဖြစ်သွားခဲ့ပါတယ်။ ပေါ့ဘာ ပွဲပိတ်ပင်ခံထိတုန်းကဆို အသက်အရွယ်က 30 ကျော်ဆိုတော့ ကစားသမားဘဝကိုပါအနားယူရ တော့မယ့်အခြေအနေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဂျူဗင်တပ်ကလည်း စာချုပ်ဖျက်သိမ်းမယ်၊ စပွန်ဆာ ကုမ္ပဏီတွေဘက်ကလည်း စာချုပ်တွေဖျက်သိမ်းမယ် စတဲ့ပြဿနာပေါင်းစုံနဲ့ကြုံပြီး ပေါ့ဘာက အားလုံးရှေ့ကနေ ပျောက်ကွယ်လုနီးပါး ပါဖြစ်သွားခဲ့ပါတယ် ။ တားမြစ်ဆေးသုံးစွဲမှုအတွက် ပေါ့ဘာကို ကစားခွင့် လေးနှစ်ပိတ်ပင်ခဲ့ပေမဲ့ အယူခံဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြစ်ဒဏ် 18 လကို လျှော့ချပေးခဲ့ပါတယ်။ပွဲပယ်ပြစ်ဒဏ်ကတော့ပြီးခဲ့တဲ့မတ်လကတည်းက ရက်စေ့နေခဲ့တာဖြစ်ပါတယ်။အဲ့တာကြောင့် တစ်ချိန်က ဥရောပ ရပ်ဝန်းတွေမှာ အကောင်းဆုံးတောက်ပပြခဲ့တဲ့ ပေါ့ဘာကို ဘောလုံးပရိတ်သတ်တွေက မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်မြင်တွေ့ချင်နေကြတာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အားလုံးမြင်တွေ့ချင်နေတဲ့ အတိုင်း ပေါလ်ပေါ့ဘာကို မြက်ခင်းစိမ်းတွေပေါ်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။


ဒီတစ်ခေါက် ပေါ့ဘာကို အရင်ကမြင်တွေ့နေကျ အင်္ဂလန် နဲ့ အီတလီ ရပ်ဝန်းမှာ မြင်တွေ့ရတော့မဟုတ်ပါဘူး ။ ပေါ့ဘာက သူ့ရဲ့ ကစားသမား ဘဝ ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်မြေမှာ ခြေချတော့မှာပဲဖြစ်ပါတယ်။ ပြင်သစ် လိဂ်ဂူးဝမ်း အသင်းတစ်သင်းဖြစ်တဲ့ မိုနာကို အသင်းက အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။ ပေါ့ဘာ အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝ ပထမဆုံးအကြိမ်အဖြစ် ခြေချတဲ့ ပြင်သစ်လိဂ်ဂူးဝမ်းမှာလည်း အင်္ဂလန် ပရီးမီးယားလိဂ် နဲ့ အီတလီ စီးရီးအေ တို့မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေ ပြန်လည်ရရှိပြီး အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#paulpogba

#midfielder

#france

#ligue1

#asmonaco

Leave a reply