မြက်ခင်းစိမ်းတွေပေါ် နောက်တစ်ကြိမ်ခြေချနိုင်တော့မယ့် ပေါ့ဘာ

Admin
1mo ago
Sport Articles
မြက်ခင်းစိမ်းတွေပေါ် နောက်တစ်ကြိမ်ခြေချနိုင်တော့မယ့် ပေါ့ဘာ

ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမား တစ်ယောက်အဖြစ် ဘောလုံးပရိတ်သတ်တော်တော်များများ ရဲ့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ကစားသမား ၊ ကွင်းထဲမှာလွှမ်းမိုးမှုအပြည့်ရှိတဲ့ ကစားသမားတစ်ယောက် ၊ ဖြတ်တင်ဘောတွေသေသပ်လွန်းတဲ့ ကစားသမားကိုပြပါဆိုရင် ပေါ့ဘာ လို့ပဲပြောရပါမယ်။ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်မှာပိုင်ဆိုင်ထားရမယ့် အရည်အချင်းတွေအားလုံးရှိပြီး မျှော်လင့်သလောက် မဖြစ်ထွန်းခဲ့တဲ့ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး။ ကွင်းထဲမှာထက် ကွင်းပြင်ပမှာပိုပြီးအာရုံစိုက်တာ၊ ဖက်ရှင်တွေအပေါ်ရူးသွပ်တာ၊ စည်းကမ်းလိုက်နာမှုတွေအားနည်းလွန်းတာက ပေါ့ဘာ ရဲ့ ကစားသမားဘဝကို ဒီထက်ပိုပြီးမအောင်မြင်စေခဲ့တာဖြစ်ပါတယ်။ဂျူဗင်တပ်ကို ပထမဦးဆုံးအကြိမ်ရောက်ရှိတုန်းကနဲ့ ပြင်သစ်အတွက်ကစားပေး‌နေတုန်းကဆို ပေါ့ဘာကတကယ့်ထိပ်တန်းကစားသမား တစ်ယောက်ပါပဲ။ ပြင်သစ်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တာကလည်း ပေါ့ဘာ ကြောင့် အများကြီးသတ်ဆိုင်ပါတယ်။


သူ့ကိုယူနိုက်တက်ကပဲ ဖျက်ဆီးလိုက်တာလား ၊ ကိုယ်တိုင်ပဲမကြိုးစားချင်လို့လားတော့မသိ နောက်ဆုံးယူနိုက်တက်မှာ ပြဿနာတွေတက်ပြီး ဂျူဗင်တပ်ဆီကိုပဲပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ဂျူဗင်တပ်ကိုပြန်လာခြင်းက ပေါ့ဘာထင်သလို ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာတွေခဏခဏရပြီး ပွဲကစားခွင့်တွေနည်းပါး ၊ နည်းပြနဲ့ လည်းပြဿနာတွေတက် နောက်ဆုံးဆေးကျပြီး 4 နှစ်ကစားခွင့် ပိတ်ပင်ခံရတဲ့ထိကို ဘဝကလုံးဝကို ဇောက်ထိုးဖြစ်သွားခဲ့ပါတယ်။ ပေါ့ဘာ ပွဲပိတ်ပင်ခံထိတုန်းကဆို အသက်အရွယ်က 30 ကျော်ဆိုတော့ ကစားသမားဘဝကိုပါအနားယူရ တော့မယ့်အခြေအနေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဂျူဗင်တပ်ကလည်း စာချုပ်ဖျက်သိမ်းမယ်၊ စပွန်ဆာ ကုမဏီတွေဘက်ကလည်း စာချုပ်တွေဖျက်သိမ်းမယ် စတဲ့ပြဿနာပေါင်းစုံနဲ့ကြုံပြီး ပေါ့ဘာက အားလုံးရှေ့ကနေ ပျောက်ကွယ်လုနီးပါး ပါဖြစ်သွားခဲ့ပါတယ်။ပေါ့ဘာက ၂၀၂၃ စက်တင်ဘာတုန်းက ဘောလုံးရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ အူဒီးနီးစ်ပွဲမှာ Testosterone ပမာဏ များနေလို့ဆိုပြီး ကစားခွင့် လေးနှစ်ပိတ်ပင်ခံခဲ့ရတာပဲဖြစ်ပါတယ်။ တားမြစ်ဆေးသုံးစွဲမှုအတွက် ပေါ့ဘာကို ကစားခွင့် လေးနှစ်ပိတ်ပင်ခဲ့ပေမဲ့ အယူခံဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြစ်ဒဏ်18လကို လျှော့ချပေးခဲ့ပါတယ်။ပွဲပယ်ပြစ်ဒဏ်ကတော့ပြီးခဲ့တဲ့မတ်လကတည်းက ရက်စေ့နေခဲ့တာဖြစ်ပါတယ်။အဲ့တာကြောင့် တစ်ချိန်က ဥရောပ ရပ်ဝန်းတွေမှာ အကောင်းဆုံးတောက်ပ ပြခဲ့တဲ့ ပေါ့ဘာကို ဘောလုံးပရိတ်သတ်တွေက မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်မြင်တွေ့ချင်နေကြတာပဲဖြစ်ပါတယ်။


နှစ်နှစ်နီးပါး ဘောလုံးကစားတာ ရပ်နားခံထားရတဲ့ ပြင်သစ်ကွင်းလယ်ကြယ်ပွင့် ပေါ့ဘာ က အခုတော့ မိုနာကိုအသင်း နဲ့စတင်ဆွေးနွေးနေပါတယ်။ပေါ့ဘာကို ဆော်ဒီပရိုလိဂ် အသင်းတွေနဲ့ FIFA Club World Cup မှာ ကစားမယ့်အသင်းတွေကလည်း စိတ်ဝင်စားနေကြသေးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုနာကိုနဲ့ ဆွေးနွေးမှုတွေက အဆင်ပြေနေတာမို့ ပေါ့ဘာဟာ ပြင်သစ်မြေကို ပြန်လာပြီး ၂၀၀၉ ခုနှစ်က Le Havre ကနေ Manchester United ကို ပြောင်းခဲ့တဲ့နောက်ပိုင်းမှာတော့ ပထမဆုံးအကြိမ် ပြင်သစ်လိဂ်မှာ ပြန်ကစားဖို့ သေချာသလောက်ရှိနေပါပြီ။ဟုတ်ကဲ့ပါ တစ်ချိန်က ဥရောပ ရပ်ဝန်းတွေမှာ တောက်ပပြခဲ့တဲ့ ကမ္ဘာ့ဖလား ချန်ပီယံကြီးက နောက်ဆုံးမှာတော့ မြက်ခင်းစိမ်းတွေပေါ် နောက်တစ်ကြိမ် ခြေချနိုင်တော့မှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#paulpogba

#saudiproleague

#midfielder

#europe

Leave a reply