ပရီးမီးယားလိဂ်မှာပဲ ဆက်နေချင်တဲ့ ဂါနာချိုကို ဘယ်အသင်းကခေါ် ယူသွားမလဲ?

Ma Nyein
2d ago
Sport Articles
ပရီးမီးယားလိဂ်မှာပဲ ဆက်နေချင်တဲ့ ဂါနာချိုကို ဘယ်အသင်းကခေါ် ယူသွားမလဲ?

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဒီရာသီမှာ အသင်းကနေ ထုတ်ရောင်းရမယ့် ကစားသမားတွေကတော်တော်လေးကို များပါတယ် ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရောင်းချသင့်တဲ့ ကစားသမားတွေကို ထိုက်သင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ရောင်းချမှု မပြုလုပ်နိုင်သေးပါဘူး ။ တစ်ဖက်မှာ အီလန်ဂါ လိုကစားသမားမျိုးကိုတောင် 55 သန်းရအောင် ရောင်းချနေတဲ့ အချိန် ဂါနာချို လို ကစားသမားမျိုးကို ပေါင်သန်း 40 ၊ 45 သန်းလောက်နဲ့ပဲ ရောင်းချရမယ်ဆိုတာ မဖြစ်သင့်ပါဘူး ။ အီလန်ဂါ ရဲ့ စွမ်းဆောင်ရည် နဲ့ ဂါနာချို ရဲ့ စွမ်းဆောင်ရည်က အရမ်းကြီး ကွာနေတဲ့ အနေအထားတော့ မဟုတ်ပါဘူး ။ ဂါနာချို က ဒီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ကို ထွက်မယ့်ကစားသမားတစ်ဦးဖြစ်ပြီး ဂါနာချို အနေနဲ့ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်နေတာပဲဖြစ်ပါတယ် ။ ဂါနာချို ကို ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ် အသင်းတွေကလည်း အဆင့်သင့်ရှိပြီးသားပါ ။ ဂါနာချိုကို အက်စတွန်ဗီလာ အသင်းအပြင် ချယ်ဆီး အသင်းကလည်း ခေါ်ယူချင်နေတာပဲဖြစ်ပါတယ် ။


ချယ်ဆီး အသင်း က ဂါနာချို ကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအ‌ရွှေ့ကာလထဲက ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက ‌မရောင်းချခဲ့တာပဲဖြစ်ပါတယ် ။ချယ်ဆီး အသင်းအနေနဲ့ အစောပိုင်းကာလတွေတုန်းကလည်း ဂါနာချိုကို စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ဂျေမီ ဂစ်တန် နဲ့ အက်စတာဗို ဝီလီယံ တို့ အသင်းကို ရောက်ရှိလာခဲ့တာကြောင့် တောင်ပံနေရာအတွက် ကစားသမားခေါ်ယူမှုကို ခနရပ်တန့်လိုက်ပြီ တိုက်စစ်မှူး နေရာအတွက်သာ ဦးစားပေးခေါ်ယူလိုက်တာပဲဖြစ်ပါတယ် ။ အက်စတွန်ဗီလာ အသင်း နဲ့ ချယ်ဆီး အသင်းတို့က ပြောင်းရွှေ့ကြေး ပေါင် 40 ၊ 45 သန်းလောက်ထဲနဲ့ ဂါနာချိုလို မျှော်လင့်ချင်စရာ အများကြီး ရှိတဲ့ ကစားသမားကို ရရှိမှာကြောင့် ခေါ် ယူချင်နေတာပဲဖြစ်ပါတယ် ။ ဒီအပြောင်းအရွှေ့ က ကစားသမား အလဲအထပ် ပုံစံမျိုးလည်းဖြစ်သွားနိုင်ပါတယ် ။


မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အက်စတွန်ဗီလာ အသင်းရဲ့ ဂိုးသမား မားတီးနက် ကိုလိုချင်နေတဲ့ အပြင် ချယ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမားတွေဖြစ်ကြတဲ့ နီကိုလပ် ဂျက်ဆင် နဲ့ အန်ကူကူ ကို လိုချင်နေတာကြောင့် ဂါနာချို အပြောင်းအ‌ရွှေ့မှာ ဒီကစားသမားတွေနဲ့ အလဲအထပ် ပြုလုပ်သွားတာမျိုးလဲဖြစ်နိုင်ပါတယ် ။ ဂါနာချို က အဆုံးသတ်ပိုင်း မှာ လိုအပ်ချက်ရှိပေမယ့်အသက်အရွယ်ပိုင်း အရည်အသွေးပိုင်း တွေမှာ ဘားမှ သံသယ ရှိစရာမလိုပါဘူး ။ ဂါနာချို အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ပရိတ်တွေ‌ရော ဘယ်လိုထင်လဲ ။ ဂါနာချို အနေနဲ့ ဘယ် အသင်းကို ပြောင်ရွှေ့သွားမလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#premierleague

#alejandrogarnacho

#manchesterunited

#transferplayer

Leave a reply