အမ်ဗူမို နဲ့ မန်ချက်စတာယူနိုက်တက် ပေါင်းစပ်နိုင်တော့မလား ?

မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဘရန်ဖို့စ် အသင်းရဲ့ ကစားသမား အမ်ဗူမို တို့ရဲ့ သတင်းက တော်တော်လေးကို ကြာလှပါပြီ ။ မန်ချက်စတာယူနိုက်တက် အသင်းက ပြောင်းလဲပြင်ဆင်ဖို့ အတွက် အခြားနေရာတွေအများကြီး ရှိသေးပေမယ့် အမ်ဗူမို တစ်ယောက်ထဲ အတွက် ရက် ၄၀ လောက်အချိန်ပေးနေရတာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက အရှေ့မှာ အမ်ဗူမို အတွက် ဘရန်ဖို့စ် အသင်းကို နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဘရန်ဖို့စ် အသင်းရဲ့ ပယ်ချခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကစားသမား နဲ့ သဘောတူညီမှူ ရရှိပြီးသားဖြစ်ပေမယ့် ကလပ် အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးကိစ္စ အဆင်မပြေတာကြောင့် ဒီအပြောင်းအရွှေ့က အချိန်အတော်လေးကို ကြာမြင့်နေတာပဲဖြစ်ပါတယ် ။ ဒီအပြောင်းအရွှေ့ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းပရိတ်သတ်တော်တော်များများကလည်း ဝေဖန်နေကြတာပဲဖြစ်ပါတယ်။ အမှန်တကယ် လဲ ဝေဖန်သင့်ပါတယ် ။
အသင်းက ပြီးခဲ့တဲ့ ရာသီက အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လာမယ့် ရာသီမှာ အကောင်းဆုံးပုံစံတွေ နဲ့ ပြန်လာနိုင်ဖို့အတွက် လူခေါ်ယူမှုတွေ ၊ အသင်းကမလိုတော့တဲ့ ကစားသမားတွေကို ရောင်းချတာတွေကို ပြုလုပ်ဖို့ လိုအပ်နေတဲ့ အချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက အမ်ဗူမို အပြောင်းအရွှေ့အတွက်သာ အချိန်ဖြုန်းနေပြီး ထိရောက်တဲ့ ပြောင်းရွှေ့မှုတွေကို ဘားမှ မပြုလုပ်နိုင်သေးတာပဲဖြစ်ပါတယ်။ ဒါက မန်ချက်စတာယူနိုက်တက် အသင်းဘုတ်အဖွဲ့ရဲ့ ညံ့ဖျင်းတာကြောင့်လဲပါဝင်သလို ဘရန်ဖို့စ် အသင်းရဲ့ ဈေးကိုင်နိုင်တာတွေကြောင့်လည်းပါဝင်ပါတယ်။ ဘရန်ဖို့စ် အသင်းက သူတို့ကစားသမားအတွက် မန်ချက်စတာယူနိုက်တက် အသင်းကို တော်တော်လေးဈေးကိုင်နေပြီး သန်း ၇၀ တန် package တစ်ခုနဲ့ ကမ်းလှမ်းတာကိုလိုချင်နေတာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ကလည်း အမ်ဗူမို ကို အမှန်တကယ် စိတ်ဝင်စားနေတာကြောင့် နောက်ဆုံးမှာတော့ ဘရန်ဖို့စ် အသင်းလိုချင်နေတဲ့ သန်း ၇၀ တန် package ရှိတဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းလိုက်ပြီပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အမ်ဗူမို အတွက် ဘရန်ဖို့စ် အသင်းထံကို ပြောင်ရွှေ့ကြေး ပေါင် ၆၅ သန်း + အပိုဆုကြေး ၅ သန်း နဲ့ တတိယ တစ်ကြိမ် ကမ်းလှမ်းလိုက်ပြီပဲဖြစ်ပါတယ်။ ဘရန်ဖို့စ် အသင်းရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရအုံးမှာဖြစ်ပေမယ့် ဒီကမ်းလှမ်းချက်ကလည်း ဘရန်ဖို့စ် အသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပဲဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့က အဆုံးသတ်သွားနိုင်ပါတယ် ။ နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက် အသင်း ကာလရှည်ကြာလိုက်နေတဲ့ အမ်ဗူမို ကို အရခေါ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#bryanmbeumo
#manchesterunited
#brentford
#transferplayer
LATEST NEWS

Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo



What I'm going to tell you today is about Cole Palmer, who has transformed from a cool kid to a grown man.