ချယ်ဆီး နဲ့ နီကိုလပ် ဂျက်ဆင် တစ်ခန်းရပ်တော့မှာလား

Ma Nyein
3d ago
Sport Articles
ချယ်ဆီး နဲ့ နီကိုလပ် ဂျက်ဆင် တစ်ခန်းရပ်တော့မှာလား

ချယ်ဆီး နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ ဒီကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ကွာတားဖိုင်နယ်လောက်က စပြီး နီကိုလပ် ဂျက်ဆင် ကို ပွဲကစားချိန် မပေးတော့ပဲ အရန်ခုံ ထိုင်ခိုင်းတဲ့ အချိန်တွေက ပိုများလာခဲ့တယ် ။ မနှစ် က ဘောလုံးရာသီကဆိုရင် ချယ်ဆီး အသင်းမှာ နီကိုလပ်ဂျက်ဆင် နဲ့ ကောင်းကောင်းယှဥ်ပြိုင်ကစားနိုင်မယ့် အထောင်တိုက်စစ်မှူးက တစ်ယောက်မှမရှိခဲ့ဘူး ။ အဲ့တာတွေကြောင့်ပဲ ဂျက်ဆင် က တလွဲတွေ ဘယ်လောက်လုပ်လုပ် ချယ်ဆီး အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်တစ်နေရာကို အပိုင်စားရရှိခဲ့တယ် ။ ဒီနှစ်ဘောလုံးရာသီမှာတော့ အဲ့လိုမဟုတ်တော့ဘူး ။ ဂျက်ဆင် ကို ကောင်းကောင်းယှဥ်ပြိုင်နိုင်မယ့် အထောင်တိုက်စစ်မှူး အသစ် ၂ ယောက်တောင် အသင်းကို ရောက်ရှိလာခဲ့တယ် ။ ရောက်ရှိလာခဲ့တဲ့ ဒီလပ် နဲ့ ဂျာအို ပက်ဒရို နှစ်ယောက်လုံးက ဂျက်ဆင် ကို ကောင်းကောင်းယှဥ်ပြိုင်နိုင်တဲ့ ကစားသမားတွေကြီးပဲ ။ ပြီးတော့ ဒီနှစ်ယောက်က ချယ်ဆီး အသင်းမှာ အချိန်တိုလေးအတွင်းလျင်လျင်မြန်မြန် နဲ့ အသားကျခဲ့တယ် ။


နီကိုလပ်ဂျက်ဆင် ဦးဆောင်တဲ့ တိုက်စစ် ထက် ဒီလပ် နဲ့ ဂျာအို ပက်ဒရို ဦးဆောင်တဲ့ တိုက်စစ် က ပိုပြီးတော့ လျင်မြန်တယ် ။ ပိုပြီးတော့ ထိရောက်မှုရှိတယ် ။ တဖက် အသင်းကို ပိုပြီး ဒုက္ခပေးနိုင်တယ် ။ အဲ့တာအပြင် ချယ်ဆီး အသင်းရဲ့ တာဝန် ရှိသူတွေက နယူးကာဆယ် နဲ့ ပွဲတုန်းကလို ၊ ဖလာမင်ဂို နဲ့ ပွဲစဥ်တုန်းကလို နီကိုလပ်ဂျက်ဆင် ရဲ့ မလိုလားအပ်တဲ့ အမှားတွေကြောင့် အသင်းနစ်နာခဲ့ရတာတွေကို တော်တော်လေးသဘောမကျဖြစ်နေတယ် ။ ပြီးတော့ ဂျာအို ပက်ဒရို နဲ့ ဒီလပ် ရဲ့ ခြေစွမ်းပြသမှုတွေကြောင့်လည်း ချယ်ဆီး နဲ့ ဂျက်ဆင် တို့ရဲ့ ဇာတ်လမ်းက တစ်ခန်းရပ်သွားနိုင်တယ် ။ ဘားမှ အများကြီး ပြေးမကြည့် ကလပ်ကမ္ဘာ့ဖလား နောက်ပိုင်းပွဲစဥ်တွေမှာ ဂျက်ဆင် ကို အသုံးမပြုတာကို ကြည့်ရင် ချယ်ဆီး အသင်းမှာ ဂျက်ဆင် ရဲ့ အနာဂတ် က တစ်ဖြည်းဖြည်း နဲ့ မှေးမှိန်လာပြီဆိုတာကို သတိထားမိလိမ့်မယ် ။ အစောပိုင်း အချိန်တွေတုန်းက ဂျက်ဆင် က အသင်းအတွက်အရေးပါတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် အခြား အရည်အသွေးမြင့် တိုက်စစ်မှူးတွေ ရောက်လာပြီးကတည်း ချယ်ဆီး အသင်းက ဂျက်ဆင် ကို သင့်တော်တဲ့ ဈေးနှုန်းတစ်ခုရရင် ရောင်းချသွားမယ့်လို့ ဆုံးဖြတ်လိုက်တာက ဂျင်ဆင် က အသင်းရဲ့ မရှိမဖြစ်ကစားသမားမဟုတ်တော့ဘူးဆိုတာ သိသာစေတယ်။


ဂျက်ဆင် ကို ခေါ်ယူချင်နေတဲ့ အသင်းတွေကလည်း အသင့်ရှိပြီးသားပါ ။ ချယ်ဆီး အသင်းက ဂျက်ဆင် ကို သန်း ၆၀ သတ်မှတ်ထားပြီး ဘယ်အသင်းက အမှန်တကယ် ခေါ်ယူသွားမလဲဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ နီကိုလပ် ဂျက်ဆင် က မနှစ်ကဘောလုံးရာသီ ကနေ ကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်လောက်ထိ အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် သူ့ရဲ့ မလိုလားအပ်တဲ့ အမှားတွေကို ထပ်ခါတလဲလဲ ကျူးလွန်တာတွေက သူနဲ့ ချယ်ဆီး အသင်းကို တစ်ခန်းရပ်တန့်သွားအောင် ပြုလုပ်သွားတယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#premierleague

#chelsea

#nicolasjackson

#striker

#enzomaresca

Leave a reply